ဆောက်လက်စ ဒီအိမ်ကြီးရခိုင်ကို တည်ဆောက်ပြီးစီးသွားပြီဆိုတာနဲ့ သူ့ရဲ့ ပေ ၁၂၀ ရှည်လျားတဲ့ ဧည့်ခန်းဟာ အဆင့်မြင့်စစ်လေယာဉ်ကိုယ်ထည်အပိုင်းနဲ့ သားနားအဆင့်မြင့်စွာ ပုံပေါ်လို့လာမှာပါ။
ဧည့်ခန်းရဲ့မျက်နှာကျက်မှာ အဆင့်မြင့်စစ်လေယာဉ်တစ်စင်းရဲ့ ပင်မကိုယ်ထည်နဲ့အတူ ထွက်ပေါ်လာမယ့် ကယ်လီဖိုးနီးယား၊ မလီဘူမြို့ရှိ အဆိုပါနေအိမ်ကို တည်ဆောက်သူက အမေရိကန်ဒေါ်လာ သန်း ၆၀ နဲ့ ရောင်းချဖို့ ဈေးစာရင်းသွင်းထားပါတယ်။
တည်ဆောက်သူနဲ့ ဗိသုကာပညာရှင် စကော့ဂီလန်က သူဟာ ဒီ စတုရန်းပေ ၁၀၃၀၀ ခန့်ကျယ်ဝန်းတဲ့ အဆိုပါနေအိမ်ရဲ့ ဧည့်ခန်းကို အလှဆင်ဖို့ရာ အကြံထုတ်ခဲ့တဲ့အခါ ဒီလေယာဉ်အိုင်ဒီယာကို မထင်မှတ်ဘဲ သွားစဉ်းစားမိခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အိုင်ဒီယာရပြီး ရက်အနည်းငယ်အကြာမှာပဲ သူက ဒီအဆင့်မြင့်စစ်လေယာဉ်ကို တွေ့ခဲ့ပြီး ပြုပြင်ခဲ့တာပဲ ဖြစ်တယ်လို့ သိရပါတယ်။
အိပ်ခန်းငါးခန်းပါဝင်တဲ့ အဲ့ဒီမလီဘူက နေအိမ်ကို ၂၀၁၆ ခုနှစ်နွေရာသီမှာ တည်ဆောက်ပြီးစီးဖို့ ခန့်မှန်းထားပါတယ်။
သမုဒ္ဒရာမြင်ကွင်းတွေဝန်းရံထားတဲ့ အဲ့ဒီနေအိမ်ကို အတွင်းပိုင်းကအစ မစ္စတာ ဂီလန်ရဲ့ စိတ်ကြိုက်ပစ္စည်းတွေနဲ့ အပြည့်အ၀ပြင်ဆင်ပြီးမှ ရောင်းချမှာ ဖြစ်ပါတယ်။
နေအိမ်တည်ရှိတဲ့ ခြံဝန်းက ၂ ဧကခွဲကျယ်ဝန်းပြီး ယခင်ကတော့ တာဝါတစ်ခုနဲ့ စကော့တလန်ရဲတိုက်တစ်ခု ရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအဆင့်မြင့်နေအိမ်မှာ အားကစားလေ့ကျင့်ခန်းတစ်ခန်း၊ ဂိမ်းခန်းတစ်ခန်း၊ ၀ိုင်ခန်းတစ်ခန်းနဲ့ ဆေးလိပ်သောက်တဲ့သီးသန့်ခန်းတစ်ခန်းအပြင် အိမ်အပြင်ဘက်မှာ ရေကူးကန်နဲ့ ဧည့်သည်တွေအနေနဲ့ သူတို့ကို လာကြိုမယ့်ကားတွေကို စိတ်အေးလက်အေး စောင့်ဆိုင်းနိုင်ဖို့ အနွေးဓာတ်လွှတ်ထားတဲ့ အခန်းတစ်ခန်းတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team ဘာသာပြန်သည်။)