နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဒေါ်လာ ၃၉၈ သန်းကျော် ထပ်မံမြှုပ်နှံပြီး လက်ရှိဘဏ္ဍာနှစ် နှစ်ဝက်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃ ဒသမ ၂ ဘီလျံကျော်ရ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဒေါ်လာ ၃၉၈ သန်းကျော် ထပ်မံမြှုပ်နှံပြီး လက်ရှိဘဏ္ဍာနှစ် နှစ်ဝက်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃ ဒသမ ၂ ဘီလျံကျော်ရ - Property News in Myanmar from iMyanmarHouse.com
20 Oct 2015 10:16 am တွင် တင်ခဲ့သည်
1078 ကြိမ် ကြည့်ရှု့ပြီး
စင်ကာပူနှင့် တရုတ်နိုင်ငံ အပါအ၀င် ပြည် ပနိုင်ငံ ခြောက်နိုင်ငံက ဒေါ်လာ ၃၉၈ သန်းကျော် ထပ်မံ မြှုပ်နှံထားပြီး လက်ရှိ ဘဏ္ဍာနှစ် နှစ်ဝက်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း ဒေါ်လာ ၃ ဒသမ ၂ ဘီလျံကျော်အထိ ရှိလာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

အဆိုပါ ဒေါ်လာ ၃၉၈ သန်းကျော်မှာ စက်တင်ဘာလ တစ်လအတွင်း ၀င်ရောက် မြှုပ်နှံမှုပမာဏဖြစ်ပြီး လက်ရှိ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅ ခုနှစ် သြဂုတ်လကုန်အထိ စာရင်းများအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၂၈၈၁ သန်းကျော်ရှိပြီး စက်တင်ဘာလကုန်အထိ စာရင်းများအရ ဒေါ်လာ သန်း ၃၂၈၀ သို့ တိုးတက်လာခဲ့ပြီး တစ်လအတွင်း ပြည်ပနိုင်ငံများက ဒေါ်လာ ၃၉၈ သန်းကျော် ထပ်မံ မြှုပ်နှံကြခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံအလိုက် မြှုပ်နှံမှုပမာဏမှာ စင်ကာပူနိုင်ငံက ဒေါ်လာ ၂၀၃ သန်းကျော်၊ တရုတ်နိုင်ငံက ဒေါ်လာ ၈၃ သန်းကျော်၊ ဟောင်ကောင်က ဒေါ်လာသန်း ၈၀ ကျော်၊ ဘရူနိုင်းနိုင်ငံက ဒေါ်လာ ၁၃ သန်းကျော်၊ ဂျပန်နိုင်ငံက ဒေါ်လာ ၁၀ သန်းကျော်နှင့် ထိုင်းနိုင်ငံက ဒေါ်လာငါးသန်းကျော် အသီးသီး မြှုပ်နှံထားကြခြင်း ဖြစ်ကြောင်း သိရသည်။

ကဏ္ဍအလိုက် ၀င်ရောက် မြှုပ်နှံမှုများ အနေဖြင့် မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ သတ္တုတူးဖော်ရေး ကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းကဏ္ဍများတွင် ၀င်ရောက် မြှုပ်နှံကြခြင်းဖြစ်ပြီး ကုန်ထုတ်လုပ်မှု ကဏ္ဍနှင့် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတို့တွင် ၀င်ရောက် မြှုပ်နှံသည့် ပမာဏမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်ရာတွင် ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်က ပြည်ပနိုင်ငံပေါင်း ၁၃ နိုင်ငံက ဒေါ်လာ ၁၄၁၉ သန်းကျော်ရှိပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံပေါင်း ၁၆ နိုင်ငံက ဒေါ်လာ ၄၁၀၇ သန်းကျော်နှင့် ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံပေါင်း ၂၈ နိုင်ငံက ဒေါ်လာသန်း ၈၀၁၀ ကျော် အသီးသီး ၀င်ရောက် မြှုပ်နှံထားကြောင်း သိရသည်။

Credit: eleven media group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service