မန္တလေးမြို့ ဧရာဝတီ မြစ်ဘေး ကမ်းနားလမ်းတွင် ကျူး ကျော်များအတွက် တည်ဆောက် နေသော အငှားအိမ်ရာများ နိုဝင် ဘာလကုန်တွင် ပြီးစီးမည်ဖြစ် ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီဝင်ဦးခင် မောင်တင့်ကပြောသည်။
‘‘နိုဝင်ဘာလကုန်ကို ပြီးစီး မယ်လို့ မှန်းထားပါတယ်။ အလွန် ဆုံးဒီဇင်ဘာလဆန်းပါပဲ’’ဟုမန္တလေမြို့တော်စည်ပင်သာယာ ရေးကော်မတီမှ ကော်မတီဝင်(၁) ဦးခင်မောင်တင့်ကပြောသည်။
အငှားအိမ်ရာများ တည် ဆောက်ပြီးစီးပါက ဧရာဝတီမြစ် ဘေးရှိကျူးကျော်နေထိုင်သူများ နှင့် ရွှေ့ပြောင်းလုပ်သားများကို ဦးစားပေးငှားရမ်းသွားမည်ဖြစ်ပြီး ငှားရမ်းမည့်လုပ်ငန်းများဆောင် ရွက်ရန် စီမံချက်များစတင်ရေးဆွဲ နေပြီဟု ၎င်းကပြောသည်။
မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီတွဲဖက်အ တွင်းရေးမှူးဦးသက်နိုင်ထွန်းကကျူးကျော်နေထိုင်သူများ
အတွက်တိုက်ခန်းများကိုတစ်လလျှင်ကျပ် နှစ်သောင်းခန့်ဖြင့် ငှားရမ်းပေးမည်ဟု စီမံကိန်းစတင်ချိန်ကပြော ကြားထားသည်။
အငှားအိမ်ရာစီမံကိန်းကို ပြီးခဲ့သည့် မတ်လလယ်က စတင် ခဲ့ခြင်းဖြစ်ပြီးမန္တလေးမြို့ဧရာဝတီမြစ်ဘေးမြို့ပတ်ကမ်းနား
လမ်း အောင်မြေသာစံမြို့နယ်ညောင် ကွဲရပ်ကွက် ၁၀လမ်းနှင့် ၁၂လမ်း ကြားတွင် တည်ဆောက်ခဲ့ခြင်းဖြစ် သည်။
တိုက်ခန်းများမှာ ပေ၁၀x၂၀ တိုက်ခန်းများဖြစ်ပြီး ၁၂ခန်းတွဲ ခြောက်ထပ်ပါ တိုက်အလုံးပေါင်း ၂၂လုံးတည်ဆောက်ထားသည်။ တိုက်ခန်းစုစုပေါင်း ၁,၅၈၄ခန်းရှိ ပြီးရေချိုးခန်း၊ ရေလောင်းအိမ် သာနှင့် အမှိုက်စွန့်ပစ်မှုစနစ်များ လည်းပါဝင်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီအဆောက်အအုံ နှင့် ကုန်ရုံဌာနလက်ထောက်ညွှန် ကြားရေးမှူးဒေါ်နွယ်နွယ်ထွန်းက ပြောသည်။
၂၀၁၄ ဒီဇင်ဘာ ၅ရက်က ဧရာဝတီမြစ်ကြောင်းမှတစ်ဆင့် နော်ဝေးဘုရင်လာရောက်စဉ်ဂေါ ၀ိန်ဆိပ်ကမ်းမှ ကျူးကျော်နေထိုင် သူများကို မန္တလေးမြို့တော်စည် ပင်က ဖယ်ရှားထားခဲ့ခြင်းကြောင့် ဝေဖန်မှုများကြုံတွေ့ခဲ့ရပြီး မကြာ မီက အငှားအိမ်ရာစီမံကိန်းစတင်ခဲ့ခြင်းဖြစ်သည်။
မန္တလေးမြို့တွင် ၂၀၁၅အတွင်း တန်ဖိုးနည်း အိမ်ရာနှင့် တန်ဖိုးမျှတအိမ်ရာအခန်းငါးထောင်ခန့်တည်ဆောက်သွားမည်ဟု မန္တလေးစည်ပင်အရာရှိများကပြောသည်။ လက်ရှိ မန္တလေးမြို့တွင် မြရည်နန္ဒာရပ်ကွက်အတွင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် တိုင်းဒေသကြီးမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက တန်ဖိုးနည်းအိမ်ရာများတည်ဆောက်ထားသည်။
Credit: 7Daydaily