ရန်ကုန် လူစီးကြောင်း စနစ်သစ်နဲ့ မေးခွန်းထုတ်စရာ ဖြစ်လာတဲ့ နယ်မြို့များရဲ့ ဖွံ့ဖြိုးတိုးတက်မှု ကာရံညီပါ့မလား။

ရန်ကုန် လူစီးကြောင်း စနစ်သစ်နဲ့ မေးခွန်းထုတ်စရာ ဖြစ်လာတဲ့ နယ်မြို့များရဲ့ ဖွံ့ဖြိုးတိုးတက်မှု ကာရံညီပါ့မလား။ - Property News in Myanmar from iMyanmarHouse.com
19 Oct 2015 11:53 am တွင် တင်ခဲ့သည်
1372 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်လို့ ဆိုလိုက်တာနဲ့ နယ်မြို့တွေ၊ ကျေးလက်တောရွာက လူငယ်တွေ အတွက် အိမ်မက်တွေကိုအကောင်အထည်ဖော် နိုင်တဲ့ စိတ်ကူးယဉ်လို့ကောင်းတယ့် နေရာတစ်ခု ဖြစ်နေပါတယ်။

စီးပွားရေးမြို့တော်ကြီးဖြစ်တာကြောင့်လည်းဘ၀တိုးတက်ရာကို ရှာဖွေနေတဲ့ လူငယ်တွေ အတွက် အခွင့်အလမ်းကောင်းများစွာကို ဖန်တီးနိုင်တဲ့ သင်တန်းတွေ၊ အလုပ်အကိုင်တွေ ၊ပေါပေါများများရှိတယ့်အတွက်နယ်မြို့တွေက ခေတ်ပညာတက် လူငယ်လေးတွေ ၊လယ်တောထဲမှာ ရွံ့တွေဗွက်တွေနဲ့ မရုန်းချင်ကြတယ့် တောင်သူလယ်သမား သားသမီးတွေက အစ ရန်ကုန်မှာ အလုပ်လုပ်ဖို့စိုင်းပြင်းလာကြပါတယ်။

ခေတ်ပညာတက် လူငယ်တွေ အတွက် သတ်မှတ်ပညာအရည်အချင်းအလိုက် ကုမ္မဏီတွေ၊ ဘဏ်လုပ်ငန်းတွေ၊ စက်မှုဇုန်တွေက အုပ်ချုပ်မှု့ အဆင့်ထိ မိမိရွေးချယ်မှုအရ အလုပ်အကိုင်တွေအများအပြားကို လုပ်ကိုင်နိုင်တဲ့အခွင့် အလမ်းတွေရှိနေသလို ပညာအရည်အချင်းနိမ်ပါးတဲ့ သူတွေ အတွက်လည်း အထည်ချုပ်စက်ရုံတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကလည်း အဆင်သင့်ရှိလို့နေပါတယ်၊ နယ်မြို့တွေမှာတော့ ဒီလိုအခွင့်အရေးက အိမ်မက်တောင်မက်ဖို့ မလွယ်ဘူးဆိုတာ မြန်မာပြည်တွင်းမှာနေတဲ့၇ ရက်သားသမီးတိုင်း သိနေတယ့် မေးခွန်းနဲ့ အဖြေတွဲလျက် ပါတယ့် ပုစ္ဆာတစ်ပုဒ်လိုပါဘဲ။

ပြသနာရဲ့အရင်းအမြစ်ကို ပြန်ဆန်းစစ်ကြည့်လိုက်မယ်ဆိုရင်တော့ နယ်မြို့တွေမှာ အလုပ်အကိုင်တွေဖော်ဆောင်နိုင်တဲ့ အခြေံအဆောက်အအုံတွေ အားနည်းတယ့် အပြင် ၊ လုံခြုံရေး ၊တရားဥပဒေစိုးမိုးမှု့ ၊ နဲ့ တစ်နေ့ရတယ့် လုပ်ခလစာ ၀င်ငွေက မဟာရန်ကုန်မှာ ရတယ့်လုပ်ခလစာ ကိုမမှီဘူးဖြစ်နေပါတယ်။ နယ်မြို့တွေရဲ့အဒိက အလုပ်အကိုင်က တော့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ နဲ့ စိုက်ပျိုးရေးထွတ်ကုန်တွေကိုသာ ရောင်းချတဲ့ လုပ်ငန်းဖြစ်တာကြောင့်လည်း တိုးတက်လာတဲ့ လူဦးေ၇ ၊ မြင့်မားလာတဲ့ ပညာအရည်အချင်းအရ မွေထုတ်ပေးလိုက်တဲ့ ကျေးလက်က ပညာတက်လူတန်းစာ တွေအတွက်လုံလောက်တဲ့ အလုပ်အကိုင် ကို ဖြည်ဆည်းဖော်ဆောင်နိုင်တာ မရှိတဲ့အတွက် အားလုံးရဲ့ဦးတည်ရာက မဟာရန်ကုန်ဆီသို့ပါဘဲ။

ဒါ့အပြင် ပညာအရည်အချင်းအားနည်းတဲ့ နယ်မြို့တွေ ၊ကျေးလက်တွေက လူငယ်လူရွယ်တွေအတွက်ကျတော့လည်းး ဗွက်တောထဲမှာ ကောက်စိုက်ပျိုးနုတ် နိုင်မှနေ့စဉ် လုပ်အားခ ၂၀၀၀ လောက်ရတယ့် အချိန်မှာ မဟာရန်ကုန်က အထည်ချုပ်စက်ရုံတစ်ခုမှာ ၀င်လုပ်မယ်ဆိုရင်တောင်အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ချက်အရ ကျပ် ၃၆၀၀ လောက်ရတယ့်အပြင် အော်ဒါများရင်များသလို အချိန်ပိုကြေး ၊ ရက်မှန်ကြေးပေါင်းရင် တစ်လရတယ့် ၀င်ငွေက ကျေးလက်မှာကေက်စိုက်ပျိုးနှုတ် လို့ရတယ့် ၀င်ငွေထက် အများကြီးသာလို့ သူတို့ရဲ့ ဦးတည်ရာကလည်း မဟာရန်ကုန်ဆီသို့ပါဘဲ ။

နယ်မှာ အလုပ်ရှိသလားဆိုတော့ မြေပဲ၊ စပါးပေါ်ချိန်တစ်ချိန်ဘဲအလုပ်ရှိတယ် ကျန်တဲ့အချိန် အလုပ်ကရှားတယ်၊ ဒါကြောင့်ရန်ကုန်မှာ အဆောင်ဌားပြီး လာအလုပ်လုပ်တာပါ ၊ တစ်နှစ်တစ်ခေါက်တော့ပြန်ပါတယ်၊ မိဘတွေကိုလည်းငွေပုံမှန်ပို့ပေးပါတယ် “” ဟု စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ၊ ကျောက်ကာကျေးရွာအုပ်စုတွင်နေထိုင်ပြီး ရန်ကုန်မြို့ရှိ ဆောက်လုပ်ေ၇းလုပ်ငန်းခွင် တစ်ခုတွင် လာရောက်အလုပ်လုပ်ကိုင်နေသည့် ကိုတင့်ဇော်ထွန်းကပြောသည်။

မြန်မာနိုင်ငံဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ တွက်ချက်ထားသည့် ကိန်းဂဏာန်းများအရ နှစ်စဉ် ရန်ကုန်မြို့သို့ အနယ်နယ်အ ရပ်ရပ်မှ ပြောင်းရွေ့အခြေချ အလုပ်လုပ်ကိုင်သူ ၃၃၀၀၀၀ ကျော်ရှိပြီး ရန်ကုန်မြို့မှ နယ်မြို့များသို့ ပြောင်းရွေ့ထွတ်ခွာသွားသည့် ဦးရေမှာ တစ်နှစ်လျှင် ၄၂၀၀၀ ကျော်သာရှိသဖြင့် လူရှစ်ယောက်ရန်ကုန်မြို့သို့ပြောင်းရွေ့လာလျှင် လူတစ်ယောက်သာပြန်လည်စီးထွတ်သွားသည့် အချိုးအဆဖြစ်နေသဖြင့် တိုးပွားလာသည့် လူဦးရေ အနေအထားအရ နှစ်စဉ်ရန်ကုန်မြို့တွင် အိမ်ရာလိုအပ်ချက် ၇၅၀၀၀ ကျော်လိုအပ်ကြောင်းခန့်မှန်းတွက်ဆထားသည်။

အထူးသဖြင့် ဧရိယာစတုရန်းမိုင်ပေါင်း ၁၃၆ မိုင်ကျယ်ဝန်းပြီး မြို့နယ်ပေါင်း ၃၃ မြို့နယ် ကိုစီမံအုပ်ချုပ်ကွက်ကဲလျက်ရှိသည့် ရန်ကုန်စည်ပင်ဧရိယာ အတွင်း ရှိ စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံအများအပြားတည်ရှိရာ မြို့နယ်တွေကို အဓိကထားတိုးဝင်လာတဲ့ အတွက်ကြောင့်လည်း စက်မှုဇုန်အများအပြားရှိတယ့် လှိုင်သာယာမြို့နယ်မှာ နေထိုင်သူ ၇၀၀၀၀၀ နီးပါးအထိတိုးတက်များပြားလာခဲ့သလို နောက်ဆက်တွဲပြသနာအဖြစ် ရှင်းလေရှုပ်လေဖြစ်တဲ့ ကျုးကျော်ဇတ်လမ်းတွေကလည်းအများအပြား ပေါ်ထွတ်လို့နေပါတယ်၊ ဒီပြသနာကို အစိုးရရအဆက်ဆက်ဖြေရှင်းဖို့ဆိုတာကလည်း လက်တွေ့ထက်စာရွက်ပေါ်ကဖြေရှင်းမှု့တွေကိုဘဲ တွေ့နေရပါသေးတယ်။

ဒါဆိုရင် ဒီပြသနာတွေကို ဘယ်လိုဖြေရှင်းရမလဲ ၊ ဘယ်သူတွေဖြေရှင်းဖို့ကြိုးစားနေသလဲ ဆိုတာကိုပြန်ကြည့်လိုက်ကြရအောင်

နယ်မြို့တွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပြီး ရန်ကုန်ကို လူစီးဝင်နှုန်းရပ်တန့်သွားအောင်လို့ကြိုးစားလုပ်ဆောာင်နေတာ ကတော့ လက်ရှိဆောက်လုပ်ရေးဝန်ကြီးဌာနဖြစ်ပြီး တကယ်အကောင်အထည်ဖော်ပေးရမှာကတော့ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရတွေရဲ့တာဝန်သာ ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်ကတည်းက အချက်အခြာကျပြီး စီးပွားရေးကောင်းမွန်ဖို့ အလာအလာရှိတဲ့ မြို့ပေါင်းများစွာကို ဂျာမန် တက္ကသိုလ် နဲ့  ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ စတင်ပူးပေါင်းပြီး လူဦးရေ အချက်အလက် ၊ စီးပွားရေးဖွ့ဖြိုးနိုင်တယ့် အလားအလားတွေ အတွက်ဖြည့်ဆည်းတည်ဆောက်ရမယ့် အခြေခံအဆောက်အအုံတွေကို တွက်ချက်မှတ်တမ်းတင်ထားပြီးဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ တရားဝင်သဘောာတူ စာချုပ် mou လက်မှတ်ရေးထိုးပြီး မြန်မာပြည်မှာ ရှိတယ့် မြို့ပေါင်း ၃၃၀ အနက်က စီးပွားရေးအရ အလားအလာကောင်းတဲ မြို့ ၅၆ မြို့အတွက် town plan တွေ အပြင် urban network system ( မြို့ပြကွန်ယက်စနစ် )ကိုပါတစ်ပါတည်းေ ရေးဆွဲခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေ လက်ထဲကို ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်၊ ၁ စတုရန်းကီလိုမီတာမှာ ရန်ကုန်က ၇၂၃ ယောက် ရှိနေတယ့် အချိန်မှာ အထက်မြန်မာပြည်ရဲ့စီးပွားရေးလမ်းဆုံမြို့ဖြစ်တဲ မန္တလေးက တော့ ၁ စတုရန်းကီလိုမီတာမှာ နေထိုင်သူ ၂၀၆ ယောက်နဲ့ မြန်မာပြည်ရဲ့ စပါးကျီလို့တင်စားခေါ်ဝေါ်ခဲတဲ့ ဧရာဝတီတိုင်းမှာကျတော့ ၁ စတုရန်းကီလိုမီတာမှာနေထိုင်သူ ၁၇၆ ယောက်ဘဲရှိလို့ လူဦးရေ သိပ်သည်းဆကို နှိုင်းယှဉ်လို့ရတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက တွက်ဆပြထားပါတယ်။

နယ်မြို့တွေမှာစီးပွားရေးဆိုင်ရာ အဆောက်အအုံတွေဖြစ်တဲ့ တကယ်အလုပ်ဖြစ်တဲ့ စက်မှုဇုန်တွေ၊ ကုန်ထုတ်လုပ်ငန်းတွေ၊ ၀န်ဆောင်မှုလုပ်ငန်းတွ ကိုသာ တိုင်းဒေသကြီးနဲပြည်နယ်အစိုးရတွေက စနစ်တကျ အကောင်အထည်ဖော်ပေးနိုင်ရင် ရန်ကုန်ရဲ့မြို့ပြပြသနာတွေကို ကူညီဖြေရှင်းပေးရာရောက်တယ့် အပြင် အဒိလုပ်ငန်းတွေကနေအခွန်ဘဏ္ဍာရနိုင်တယ့် အတွက် ပြည်နယ် နှင့်တိုင်းဒေသကြီး အစိုးရတွေ အတွက်လည်းအကျိုးကျေးဇူးတွေ ဖြစ်ထွန်းနိုင်ပါတယ်။
နယ်မြို့တွေမှာသာ စီးပွားရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်ပေးနိုင်ခဲ့ရင် ဘယ်သူမှလည်း မဟာရန်ကုန်မှာ ဒုက္ဖသုက္ခခံပြီး အနေဆင်းရဲ ၊အသွားဆင်းရဲ ၊ သားတကွဲ မယားတကွဲနဲ့ လာပြီးအလုပ်လုပ်တဲ့ ဦးရေက ကျဆင်းသွားမှာဖြစ်ပါတယ်၊ လက်တွေ့အကောင်အထည်ဖော်ကြဖို့တော့ လိုပါတယ်။

မြန်မာလူမျိုးတွေရဲ့သဘောသဘောဝက မိမိရဲ့ဇာတိချက်ကြွေကိုစွန့်ခွာဖို့ အင်မတန်ခက်တယ် ဆို တာအားလုံးလည်းသိနေကြပါတယ်။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service