ဟားခါးမြို့ရှိ အိမ်ခြေရှစ်ရာကျော် ပြောင်းရွှေ့နေရာချမည့် လုံဖွန်တောင်တွင် မြေကွက်များ စတင်ဖော်ဆောင်

ဟားခါးမြို့ရှိ အိမ်ခြေရှစ်ရာကျော် ပြောင်းရွှေ့နေရာချမည့် လုံဖွန်တောင်တွင် မြေကွက်များ စတင်ဖော်ဆောင် - Property News in Myanmar from iMyanmarHouse.com
19 Oct 2015 11:02 am တွင် တင်ခဲ့သည်
964 ကြိမ် ကြည့်ရှု့ပြီး
မြေပြိုမှုဒဏ်ခံရသော ဟားခါးမြို့ရှိ နေအိမ် ၈၀၀ ကျော် ပြောင်းရွှေ့နေရာချမည့် လုံဖွန် တောင်တွင် မြေကွက်များစတင် ဖော်ဆောင်နေကြောင်း သတင်း ရရှိသည်။

ဟားခါးမြို့တွင် မြေပြိုမှု ကြောင့် ပျက်စီးသွားသည့် နေ အိမ်များနှင့် နေထိုင်ရန်မသင့် လျော်တော့သည့် နေအိမ်များအတွက်လုံဖွန်တောင်၌ ပေ၆၀×၈၀ပတ်လည်အကွက်များရိုက်၍ မြေကွက်များ စတင်ဖော်ဆောင် ပေးနေပြီး ဒီဇင်ဘာအတွင်း အပြီး ပြောင်းရွှေ့ပေးမည်ဟု ဟားခါး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးသိန်းဇော်ဦးက
ပြောသည်။

‘‘မြေကွက်တွေရိုက်ပြီး မြေ ညှိပေးနေတာ အိမ်ခြေတစ်ရာ ကျော်လောက်ရောက်သွားပြီ။ ဒီဇင်ဘာလမကုန်ခင် အပြီး ပြောင်းရွှေ့ပေးနိုင်အောင် လုပ် နေတာပါ’’ဟု ဦးသိန်းဇော်ဦးက ပြောသည်။

ဟားခါးတွင် အိမ်ထောင်စု ၄,၉၅၇ စု၊ နေအိမ်ပေါင်း ၄,၂၅၉ လုံးရှိပြီး လူဦးရေနှစ်သောင်းကျော် နေထိုင်သည်။ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုကြောင့်ပျက်စီး သွားသောအိမ်ခြေ၃၇၅လုံးနှင့် နေရန်မသင့်လျော်တော့သည့် လူ နေအိမ် ၄၇၈ လုံးကို ဒေသခံများ ဆန္ဒအရ လုံဖွန်တောင်သို့ ပြောင်း ရွှေ့ပေးရန် သမ္မတက ညွှန်ကြား ထားခြင်းဖြစ်သည်။

ယင်းသို့ ပြောင်းရွှေ့ရာ တွင် မိသားစုဝင်များသည် အိမ် ထောင်စုများအတွက် ကျပ် ၄၄ သိန်းတန်အိမ်နှင့် မိသားစုဝင်နည်း သည့် အိမ်ထောင်စုများအတွက် ကျပ် ၃၇ သိန်းနေအိမ်များကိုပုံစံတူ ဆောက်လုပ်ပေးမည်ဖြစ် ကြောင်း ချင်းပြည်နယ်စိုက်ပျိုးရေး နှင့် မွေးမြူရေးဝန်ကြီး ဦးဗန် ထောင်းက ပြောကြားထားသည်။

နေရာပြောင်းရွှေ့ပေးရန် ဟားခါးပြည်သူများတောင်းဆို ထားသည့် လုံဖွန်တောင်မှာ ဟား ခါးမြို့၏ အနောက်ဘက်ကပ် လျက်၌တည်ရှိပြီး ဟားခါးမှဖလမ်း သွားသောလမ်းဘေးတွင် တည်ရှိ သည်။ ပြောင်းရွှေ့အိမ်ထောင်စု များအတွက် အစိုးရက ပုံစံတူ တည်ဆောက်ပေးမည့် အိမ်များ ကို ပြည်သူများသဘောမကျပါက မိမိအစီအစဉ်ဖြင့် စိတ်ကြိုက် တည်ဆောက်နိုင်ကြောင်း ၀န်ကြီး ဦးဗန်ထောင်းက ပြောသည်။

‘‘ဒါကတော့ ၀န်ကြီးချုပ်က လည်း ပြောပါတယ်။ တချို့တွေ သူတို့ကြီးကြီးမားမားဆောက်ချင် တယ်ဆိုရင် သူတို့စိတ်ကြိုက် ဆောက်ပေါ့။ ကျွန်တော်တို့က တော့ ဒီနှုန်းအတိုင်းပဲ ပိုက်ဆံပေး လိုက်မှာပဲ။ ကြီးကြီးဆောက်ချင် တယ်ဆိုရင် သူ့ပိုက်ဆံနဲ့သူ ဆောက်ပေါ့’’ ဟု ၀န်ကြီးဦးဗန် ထောင်းက ပြောသည်။

ဇူလိုင်လကုန်က မြေပြိုမှု ဒဏ်ခံရသော ဟားခါးမြို့အိမ် ထောင်စုများသည် လက်ရှိတွင် ကယ်ဆယ်ရေးစခန်းခုနစ်ခု၌ ခို လှုံနေရဆဲဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service