ရွေးကောက်ပွဲကာလအနီး အိမ်ခြံမြေဈေးကွက် ပိုမိုငြိမ်သက်

ရွေးကောက်ပွဲကာလအနီး အိမ်ခြံမြေဈေးကွက် ပိုမိုငြိမ်သက် - Property News in Myanmar from iMyanmarHouse.com
16 Oct 2015 9:55 am တွင် တင်ခဲ့သည်
1113 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်သည် ယခု နှစ်စပိုင်းမှစတင်ကာ အရောင်းအ၀ယ်အေး လာခဲ့ရာမှာ လက်ရှိတွင် ရာနှုန်းပြည့်နီးပါး အရောင်းအ၀ယ်မရှိဖြစ်ကာ ဈေးနှုန်းများလည်း အနည်းငယ် ကျဆင်းနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

"အခု ရန်ကုန်တစ်မြို့လုံးနီးပါး နေရာ တော်တော်များများက အိမ်ခြံမြေဈေးကွက် တွေမှာ အရောင်းအ၀ယ်လုပ်မယ့်သူ မရှိ သလောက်ကို ဖြစ်နေတယ်။ အရောင်းအ၀ယ် အကြီးရော၊ အသေးရော အလုပ်မဖြစ်ဘူး ဖြစ်နေတယ်။ အရင်က အရောင်းအ၀ယ်အေး တယ်ဆိုပေမယ့် ရင်းနှီးမြှုပ်နှံမယ့်သူ ရှိသေး တယ်။ အခုက ၁၀၀ ရာခိုင်နှုန်းလောက်ကို အရောင်းအ၀ယ် အေးသွားတယ်" ဟု ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင် ဦးခင်မောင်အေးက ပြောသည်။

ယခုကဲ့သို့ အိမ်ခြံမြေ ဈေးကွက်အေးသွား ရခြင်းသည် ရွေးကောက်ပွဲ နီးကပ်လာခြင်း ကြောင့် ရင်းနှီးမြှုပ်နှံမည့်သူများက ရင်းနှီး မြှုပ်နှံမှုများ ရပ်တန့်ထားသောကြောင့် အေးစက်
သွားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

"ရွေးကောက်ပွဲကြောင့်လည်း ပိုပြီးငြိမ်သက် သွားတယ်လို့ ပြောလို့ရပါတယ်။ စီမံကိန်း ရှိတဲ့နေရာတောင် ရွေးကောက်ပွဲကြောင့် မြေ၀ယ်ပြီး ရင်းနှီးမြှုပ်နှံမယ့်သူတွေက စောင့်ကြည့်နေကြတယ်။

နောက်ပြီး ရွေးကောက်ပွဲ ကြောင့်လည်း အပြောင်းအလဲတွေ ဖြစ်နိုင် တော့ အဲဒီအပြောင်းအလဲတွေကို စောင့်နေ တာကြောင့်လည်း ဈေးကွက်က ငြိမ်သက်သွား တာပါ" ဟု ၎င်းကပြောသည်။

သို့သော် ရွေးကောက်ပွဲစောင့်ကြည့်မှုများ ကြောင့် အိမ်ခြံမြေဈေးကွက်အတွင်း ရင်းနှီး မြှုပ်နှံမှု နည်းလာသကဲ့သို့အိမ်ခြံမြေအခွန်နှုန်း မြင့်မားမှုကြောင့်လည်း ရင်းနှီးမြှုပ်နှံသူများ နှင့် အိမ်ခြံမြေ ဈေးကစားသူများပင် လုပ်ငန်းလုပ်ကိုင်မှုနည်းလာကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းလှညိုက ပြောသည်။

"ဈေးကွက်အေးတာ ရွေးကောက်ပွဲ စောင့် ကြည့်တာကြောင့်လည်း ပါပါတယ်။ နောက်ပြီး အခွန်တွေကို မြှင့်လိုက်တာကြောင့်လည်း ရင်းနှီးမြှုပ်နှံရမယ့်သူတွေက ဆောင်ရမယ့် အခွန်နဲ့ ရမယ့်အကျိုးအမြတ်က မကိုက်တော့ အိမ်ခြံမြေ၀ယ်ပြီး ရင်းနှီးမြှုပ်နှံဖို့ကို မလုပ်နိုင် ဖြစ်လာကြတယ်။ နောက်ပြီး အခုက မိုးရာသီ လည်းဖြစ်တာကြောင့် အိမ်ခြံမြေကလည်း လုပ်တဲ့သူ နည်းတယ်။ အကုန်လုံးစုပြီး ဈေးကွက်ကြီးတစ်ခုလုံး ငြိမ်သက်သွားတာပါ" ဟု ၎င်းက ပြောသည်။

ထို့ပြင် ရွေးကောက်ပွဲပြီးသွားပါက နောက်တက်လာမည့် အစိုးရသစ်တွင် ပိုမိုကောင်းမွန် သည့် စီးပွားရေးဆိုင်ရာ ဥပဒေများ ပြုပြင် ပြောင်းလဲပါက အိမ်ခြံမြေ ဈေးကွက်သည် ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း အိမ်ခြံ မြေ အကျိုးဆောင်များနှင့် အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။ "ရွေးကောက်ပွဲအပြီးကိုတော့ အပြောင်းအလဲတွေ ဖြစ်လာမလားဆိုပြီး မျှော်လင့်နေပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေးက ဆက်စပ်နေတော့ ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာ ရင် နိုင်ငံရဲ့စီးပွားရေး ကောင်းလာမယ်။ နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးဝင်လာ နိုင်မယ်။ အဲဒီအချိန်ကျရင် အိမ်ခြံမြေဈေးကွက် ကလည်း အလိုလို ပြန်ကောင်းလာမှာပါ" ဟု ဦးခင်မောင်အေးက ပြောသည်။

နိုင်ငံစီးပွားရေးသည် ပြည်တွင်းစီးပွားရေး တစ်ခုတည်းဖြင့် မရပ်တည်နိုင်သည့်အတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ရန် လိုအပ်ပြီး ယင်းအတွက် ခိုင်မာသည့် ဥပဒေ များရှိရန်လိုအပ်ကြောင်း ၎င်းကပြောသည်။

"နောက်လာမယ့်အစိုးရက ခိုင်မာတဲ့ဥပဒေ တွေကို ပြုပြင်ပြောင်းလဲပေးနိုင်ရင်တော့ ဒီဥပဒေတွေကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ မှုတွေ ၀င်လာမှာပဲ။ သူတို့တွေ ၀င်လာရင် အဲဒါတွေနဲ့ ဆက်စပ်နေတဲ့ အိမ်ခြံမြေလုပ်ငန်း ကလည်း အလိုလိုပြန်တက်လာမှာပဲ။ အဲဒါကြောင့် အခုရွေးကောက်ပွဲက အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်တက်လာဖို့ အများကြီး ဆက်စပ်နေပါတယ်" ဟု ၎င်းက ပြောသည်။

သို့သော် အစိုးရသစ်လက်ထပ်တွင် အပြောင်း အလဲများ ဖြစ်ပေါ်မလာပါက အိမ်ခြံမြေ ဈေးကွက် ရပ်တန့်သွားသည်အထိဖြစ်လာနိုင် သော်လည်း အိမ်ခြံမြေဈေးကွက်သည် လက်ရှိ နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများထဲတွင် ခိုင်မာ သည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက်ရင်းနှီး မြှုပ်နှံမှုများ ပြန်လည်အသက်ဝင်လာနိုင်ကြောင်း ဦးသိန်းလှညိုက ပြောသည်။

"အိမ်ခြံမြေဈေးကွက်ကတစ်သက်လုံးတော့ အေးသွားမယ့် ဈေးကွက်တစ်ခုမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ခြံမြေက အရမ်းခိုင်မာတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်။
တခြား စီးပွားရေးတွေနဲ့ယှဉ်ရင် အိမ်ခြံမြေ ဆိုတာ မြေ၀ယ်ထားရင် ရှုံးဖို့ဆိုတာ အရမ်း နည်းတယ်။ မြေဈေးက ဘယ်တော့မှမကျဘူး။ ဒါပေမဲ့ အရင်က အိမ်ခြံမြေဈေးကွက် ခေတ်ကောင်းပြီး ဈေးတွေ အဆမတန်တက်တာက ပြည်တွင်းမှာ တခြားစီးပွားရေးတွေ သိပ်မရှိတော့ ဒီမှာပြုံတိုးပြီး ရင်းနှီးမြှုပ်နှံကြလို့ အဲဒီလို ဖြစ်သွားတာ" ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ အိမ်ခြံမြေဈေးများ အဆ မတန် မြင့်တက်ခဲ့ပြီး အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုတစ်ဟုန်ထိုး မြင့်တက်သွားခြင်းသည် အခြား ရင်းနှီးမြှုပ်နှံနိုင်သည့် စီးပွားရေးလုပ်ကွက် နည်းပါးခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်း အသေးစားနှင့် အလတ်စား လုပ်ငန်းများ ပိုမိုကောင်းမွန်ရန် လိုအပ် ကြောင်း ၎င်းကပြောသည်။

"ဒီနိုင်ငံမှာက စီးပွားရေးလုပ်ငန်းက အရမ်းနည်းတယ်။ ရွေ၊ကား၊ ဒေါ်လာ၊ ဆောက် လုပ်ရေး၊ စက်မှု ဒီလောက်ပဲရှိတယ်။ ဒါပေမဲ့ အခု အဲဒီစီးပွားရေးတွေကလည်း သိပ် မအောင် မြင်ကြတော့ အကုန်လုံးက အိမ်ခြံမြေဘက် ရောက်လာကြတာ" ဟု ၎င်းကပြောသည်။ လက်ရှိတွင် ငွေလိုအပ်သည့်သူများသာ ၎င်းတို့၏ အိမ်၊မြေများကို ပြန်လည်ရောင်းချ ကြပြီး အများစုမှာ အရောင်းအ၀ယ်မလုပ် ဘဲ စောင့်ကြည့်နေကြကာ အရောင်းအ၀ယ် နည်းပါးအေးစက်လျက်ရှိသည်။

Credit: Myanmr Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service