လယ်မြေတွေအပေါ် တိုးချဲ့ထားတဲ့ ရွာမြေတွေကိုတော့ မပေးပါဘူး

လယ်မြေတွေအပေါ် တိုးချဲ့ထားတဲ့ ရွာမြေတွေကိုတော့ မပေးပါဘူး - Property News in Myanmar from iMyanmarHouse.com
15 Oct 2015 11:50 am တွင် တင်ခဲ့သည်
923 ကြိမ် ကြည့်ရှု့ပြီး
သမ္မတ ဦးသိန်းစိန်၏ တစ်နိုင်ငံလုံးရှိ ကျေးရွာများကို မြေငှားဂရန် လုပ်ဆောင်ပေးရမည် ဆိုသည့် လမ်းညွှန်ချက်အရ တိုင်းနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ်များတွင် တစ်မြို့နယ်လျှင် ရွာတစ်ရွာနှုန်း ရွေးချယ်ကာ ပိုင်ဆိုင်မှု အထောက်အထား ခိုင်မာသည့် မြေငှားဂရန်များ ပေးအပ်လျက် ရှိကြောင်း သတင်းရရှိသည်။

ကျေးရွာနေ ပြည်သူများ ပိုင်ဆိုင်မှု အထောက်အထား ရရှိနိုင်ရန်အတွက် မန္တလေးတိုင်းအတွင်းရှိ ကျေးရွာများတွင် အောက်တိုဘာလအတွင်း၌ မြေငှားဂရမ်များ ပေးအပ်လျက်ရှိသကဲ့သို့ အခြားတိုင်းနှင့် ပြည်နယ် အသီးသီးတွင်လည်း လုပ်ဆောင်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ပြောသည်။

အိမ်ဝင်းအတွင်း ဆောက်လုပ်ထားသည့် အဆောက်အဦ ခိုင်မာမှုအပေါ် မူတည်၍ ၁၀ နှစ်ဂရန်နှင့် နှစ် ၃၀ ဂရန်ဟူ၍ မြေငှားဂရန် အမျိုးအစား ၂ မျိုး ခွဲခြား သတ်မှတ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျောက်ဆည်ခရိုင် အုပ်ချုပ်ရေးမှုး ဦးမြင့်နိုင်က ဧရာဝတီသို့ ပြောသည်။
ဦးမြင့်နိုင်က "အခုပေးတဲ့ မြေငှားဂရန်က မူလရွာမြေကိုပဲ ပေးတာ ဖြစ်ပါတယ်။"
"လယ်မြေတွေအပေါ် တိုးချဲ့ထားတဲ့ ရွာမြေတွေကိုတော့ မပေးပါဘူး။"
"မြေငှားဂရန် သက်တမ်းကုန်ဖို့ ၃ လလိုရင် သက်တမ်းတိုး ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။"ဟု ဆိုသည်။

၁၀ နှစ် ဂရန်အား နှစ် ၃၀ ဂရန်အဖြစ် ပြောင်းလဲလိုပါက အဆောက်အဦ ခိုင်မာအောင် ဆောက်လုပ်ပြီး နောက်တစ်ကြိမ် သက်တမ်းတိုးချိန်တွင် ပြောင်းလဲလျှောက်ထားနိုင်ကြောင်း ကျောက်ဆည်ခရိုင် အုပ်ချုပ်ရေးမှူးက ဖြည့်စွက်ပြောကြားသည်။
ကျေးရွာများအား မြေငှားဂရန် ပေးအပ်ရာတွင် တစ်ဧကလျှင် တစ်သိန်းနှုန်း တန်ဖိုးသက်မှတ်ကာ တစ်နှစ်လျှင် ၆ ရာခိုင်နှုန်း အခွန်ဆောင်ရမည် ဖြစ်သောကြောင့် အိမ်ဝင်းမှာ တစ်ဧကကျယ်လျှင် ၆၀၀၀ ကျပ်၊ ဧကတစ်ဝက် ကျယ်လျှင် ၃၀၀၀ ကျပ် စသည်ဖြင့် မြေအကျယ်အဝန်းကို လိုက်၍ အခွန်ဆောင်ရမည် ဖြစ်သည်ဟု သိရသည်။

အနိမ့်ဆုံး အိမ်ခြေ ၁၀၀ ရှိခြင်း၊ မြေပိုင်ဆိုင်မှု အရှုပ်အရှင်း ကင်းခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းခြင်း၊ ရွာ၏ တည်ဆောက်ပုံ နေရာအနေအထား ကောင်းခြင်း စသည့် စံနှုန်းများအပေါ် မူတည်၍ တစ်မြို့နယ်လျှင် တစ်ရွာနှုန်း စံပြကျေးရွာအဖြစ် ရွေးချယ်ကာ မြေငှားဂရန်များ စတင်လုပ်ဆောင်ပေးခြင်းဖြစ်ပြီး ကျန်ရှိသောရွာများအတွက် မြေငှားဂရန်များ ဆက်လက် လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရွာတစ်ရွာအတွက် ဂရန်ပြုလုပ်ပေးရာတွင် အချိန် ၃ လ ခန့်ကြာမည်ဟု ခန့်မှန်းထားသော်လည်း ၃ လခွဲခန့် အထိ ကြာမြင့်လျက် ရှိကြောင်း၊ အခြားသော ကျေးရွာများတွင် ဆက်လက် လုပ်ဆောင်ပေးနိုင်ရန်အတွက် ဝန်ထမ်း အင်အားများစွာ သုံးစွဲရမည် ဖြစ်သောကြောင့် မန္တလေးတိုင်းအတွင်း စံပြသတ်မှတ်ထားသော ကျေးရွာများအားလုံးကို မြေငှားဂရန် ပေးနိုင်မည့် အချိန်ကိုမူ အတိအကျ မပြောနိုင်သေးကြောင်း ကြေးတိုင်နှင့် မြေစာရင်းဌာနမှ ဝန်ထမ်းတစ်ဦးက ဧရာဝတီသို့ ပြောသည်။

ယင်းဝန်ထမ်းက “အခြားကျေးရွာတွေကိုလည်း ဆက်လုပ်ပေးမှာပါ။ လုပ်ငန်းစဉ် များပြားတဲ့အတွက် အချိန်ကာလကတော့ နှစ်နဲ့ချီ ကြာနိုင်ပါတယ်။ မြေပိုင်ဆိုင်မှု အရှုပ်အရှင်းကင်းရင်တော့ မြန်ပါတယ်”ဟု ဆိုသည်။

လူနေထိုင်ခွင့်အတွက် မြေငှားဂရန်၊ စက်မှုလုပ်ငန်းသုံး မြေငှားဂရန်၊ သာသနာ့လုပ်ငန်းသုံး မြေငှားဂရန် စသည်ဖြင့် မြေငှားဂရန် ၇ မျိုး ရှိသည့်အနက် ယခုပေးသည့် မြေငှားဂရန် အမျိုးအစားမှာ လူနေထိုင်ခွင့်ပေးသည့် မြေငှားဂရန် ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းအတွင်းရှိ ကျောက်ဆည်၊ မြစ်သား၊ စဥ့်ကူး၊ တံတားဦး၊ အမရပူရနှင့် ပုသိမ်ကြီးစသည့် မြို့များမှ စံပြကျေးရွာများအား မြေငှားဂရန် ပေးအပ်သည့် အခမ်းအနားများကို အောက်တိုဘာလအတွင်း အဆိုပါ ကျေးရွာများ၌ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆ သောင်းကျော် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရသည်။

Credit: Irrawaddy News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service