မြန်မာနိုင်ငံတစ်ဝန်းရှိ ကျေးလက်နေပြည်သူများ ပိုင်ဆိုင်နေထိုင်သည့် အိမ်ခြံမြေကွက်များအား ပိုင်ဆိုင်မှု အထောက်အထား ကင်းမဲ့စွာ နေထိုင်ရခြင်းအစား ခိုင်မာသည့် တရားဝင်အထောက်အထား (Legal Document)၊ မြေငှားဂရန်(Lease) ရရှိခြင်း အားဖြင့် ကျေးရွာနေ ပြည်သူလူထုများ၏ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုများ ပိုမိုရရှိလာစေရန် ရည်ရွယ်
ပြီး ကျေးလက်နေပြည်သူများ နေထိုင်ပိုင်ဆိုင်သည့် အိမ်ခြံမြေကွက်များကို ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် မြဝတီခရိုင်
မြဝတီမြို့ မဲကနယ်ကျေးရွာအုပ်စု မဲကနယ်လမ်းကျေး ရွာ မြေငှားဂရန်ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာ ၁ဝ ရက် နံနက် ၉ နာရီက အဆိုပါကျေးရွာ ရွာဦးဘုန်းကြီးကျောင်း အတွင်း ကျင်းပခဲ့ကြောင်း သိ ရသည်။
ရှေးဦးစွာ မြဝတီခရိုင် မြေငှားဂရန်ချထားပေးရေး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး က မြေငှားဂရန်ထုတ်ပေးမှုနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ (မြို့ ပြ) ဦးခွန်ထွန်းသက်အောင်က ကျေးရွာမြေငှားဂရန် ထုတ်ပေးရာတွင် လမ်းနယ်နိမိတ်နှင့် မလွတ်ကင်းသည့် အခြေအနေများအား ရှင်းလင်းပြောကြားကာ ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် တာဝန်ရှိသူများက အိမ်ခြံမြေပိုင်ရှင် ၁၅ဝ တို့အား မြေငှားဂရန်များ ပေး အပ်ခဲ့ကြောင်း သိရသည်။
''အခုလို ကျေးရွာအရောက် လာရောက်ဆောင်ရွက်ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ဝမ်း လည်းဝမ်းသာပါတယ်။ ကျွန်မတို့ဘာသာ လုပ်မယ် ဆို ဘယ်သွားလို့ ဘယ်လာရမှန်းမသိဘူးလေ။ ကျေးဇူး အရမ်းတင်ပါတယ်'' ဟု မဲကနယ်လမ်းကျေးရွာမှ ဒေါ်ထွေးရင်က ပြောသည်။
''အရင်တုန်းကလည်း မြေဂရန်လုပ်ဖို့ ကြိုးစားခဲ့ ပေမယ့် မသိတာနဲ့ ကုန်ကျစရိတ်တွေရှိတာနဲ့ မလုပ် ဖြစ်ခဲ့ပါဘူး။ အခုလို ရွာအရောက် လာလုပ်ပေးတော့ နောင်ရေးစိတ်အေးရတာပေါ့'' ဟု မဲကနယ်လမ်းကျေး ရွာမှ ဦးဇော်ဇော်လင်းက ပြောသည်။
Credit: MOI Webportal Myanmar