အများပြည်သူ ၀ယ်ယူနိုင် သည့် အနေအထား ရောက်ရန် ငွေမည်းများကို ပိတ်ဆို့နိုင်ရန် လိုအပ်ဟု ဆို

အများပြည်သူ ၀ယ်ယူနိုင် သည့် အနေအထား ရောက်ရန် ငွေမည်းများကို ပိတ်ဆို့နိုင်ရန် လိုအပ်ဟု ဆို - Property News in Myanmar from iMyanmarHouse.com
13 Oct 2015 10:15 am တွင် တင်ခဲ့သည်
2015 ကြိမ် ကြည့်ရှု့ပြီး
နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံသို့ တရားမ၀င် စီးဝင်ခဲ့သည့် အမေရိကန်ဒေါ်လာ များစွာသည် အိမ်ခြံမြေဈေးကွက်အတွင်းသို့ အဓိကစီးဝင်ခဲ့ပြီး ရွေးကောက်ပွဲအပြီးတွင် အိမ်ခြံမြေဈေးကွက် တည်ငြိမ်၍ အများပြည်သူ ၀ယ်ယူနိုင်စွမ်းရှိသည့် အနေအထားသို့ ရောက်ရှိရန် ထိုသို့တရားမ၀င် စီးဝင်နေသည့် ငွေမည်းများကို ပိတ်ဆို့နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးသန်းဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် အိမ်ခြံမြေဈေးကွက်သည် ကျဆင်းမှုများ ဖြစ်နေပြီး အရောင်းအ၀ယ်များ ရပ်ဆိုင်းလု ဖြစ်နေသော်လည်း ဈေးနှုန်းများ သိသိသာသာ ကျဆင်းမှု မရှိခြင်း၊ စီမံကိန်းကြီးများရှိပါက လှုပ်ခတ်တတ်သည့် အိမ်ခြံမြေဈေးကွက်သည် ယခုလုပ်ဆောင်နေသည့် စီမံကိန်းကြီးများဖြစ်သည့် သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ရန်ကုန်မြို့သစ် စီမံကိန်း၊ ဒလတံတား စီမံကိန်း အစရှိသည့် စီမံကိန်းများ ရှိနေသော်လည်း ထူးခြားသည့် ၀ယ်ယူမှုမရှိခြင်း အစရှိသည့်အခြေအနေများမှာ ရွေးကောက်ပွဲကို စောင့်ဆိုင်းနေသည့် အခြေအနေများသာ ဖြစ်ကြောင်း မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

၁၉၆၀ ပြည့်နှစ်နှင့် ၂၀၁၃ ခုကြား မြန်မာနိုင်ငံမှ တရားမ၀င် ငွေကြေးစီးဝင်မှု ဒေါ်လာဘီလျံ ၉၀ ခန့်နှင့် စီးထွက်ငွေ ဒေါ်လာဘီလျံ ၁၉ ၀န်းကျင်ရှိခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ ၀န်းကျင်ထက်မနည်း စီးဝင်စီးထွက် ဖြစ်ပေါ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် Global Financial Integrity အဖွဲ့က "Flight Capital and Illicit Financial Flows to and from Myanmar: 1960-2013" အမည်ဖြင့် စက်တင်ဘာ ၁၀ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ချက်အရ သိရသည်။

Global Financial Integrity အဖွဲ့သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တရားမ၀င် ငွေကြေးစီးဆင်းမှုကို သုတေသန ပြုလုပ်ဖော်ထုတ်နေသည့်အဖွဲ့ ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်နှစ် ၅၀ ကျော်အတွင်း မြန်မာနိုင်ငံမှ အမေရိကန်ဒေါ်လာ ဘီလျံ ၁၈ ဒသမ ၇ ဘီလျံ တရားမ၀င် စီးထွက်သွားခဲ့ပြီး တိုင်းပြည်ဂျီဒီပီ၏ ၆ ဒသမ ၅ ရာခိုင်နှုန်း ရှိကြောင်း၊ ယင်းကာလအတွင်း တရားမ၀င် စီးဝင်မှုအနေဖြင့် ၇၇ ဒသမ ၇ ဘီလျံ ရှိခဲ့ကြောင်း၊ အဆိုပါ ပမာဏ၏ တစ်ဝက်မှာ ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့သည့် ၂၀၁၀ ခုနှစ် ၂၀၁၃ ခုနှစ် ကြားတွင် ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပျမ်းမျှ ဂျီဒီပီ၏ ၁၄ ဒသမ ၄ ရာခိုင်နှုန်း နှစ်စဉ်ရှိကြောင်း သိရသည်။

တရားမ၀င် ငွေအများစုကို ကုန်သွယ်မှုလုပ်ငန်းတွင် ကုန်ပစ္စည်းအမှာစာများတွင် တန်ဖိုး လိုတိုးပိုလျှော့ ပြခြင်းနည်းလမ်းဖြင့် နည်းပညာသုံးတဲ့ မှောင်ခိုမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တရားမ၀င် ငွေကြေးစီးထွက်မှု၏ ၅၄ ရာခိုင်နှုန်းနှင့် ငွေကြေးစီးဝင်မှု၏ ၈၂ ရာခိုင်နှုန်း ကျော်ရှိခဲ့ကြောင်း သိရသည်။

“၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို စောင့်နေကြတယ်။ လက်ရှိ အိမ်ခြံမြေဈေးကွက် အေးနေတယ်။ ကျွန်တော်တို့အနေနဲ့ ဒီရွေးကောက်ပွဲပြီးရင်တော့အိမ်ခြံမြေဈေးကွက် ကောင်းလာမယ် မျှော်လင့်ပါတယ်။ အခုအချိန်ကတော့ မအီမလည်ကြီးနဲ့ သွားနေတယ်။

နှစ်ဆန်းပိုင်းတုန်းကဆိုရင် အိမ်ခြံမြေဈေးကွက် ပေါက်တော့မယ်ဆိုပြီး ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ကတော့ မပေါက်နိုင်ဘူးလို့ ပြောခဲ့တယ်။ ဒီနှစ်မှာဆိုရင်လည်း အိမ်ခြံမြေဈေးကွက်က ထူးထူးခြားခြား ကျမသွားပါဘူး။ နောက်တစ်ခုက စီမံကိန်းတွေ၊ ဒီစီမံကိန်း တွေရှိရင် အိမ်ခြံမြေဈေးကွက်က အရောင်းအ၀ယ် ဖြစ်တယ်။ ဒါပေမယ့် အခုအချိန်ထိ စီမံကိန်းရှိပေမယ့် လှုပ်ခတ်မှု မရှိဘူးဆိုတော့ အိမ်ခြံမြေသည် ရွေးကောက်ပွဲကို စောင့်နေတယ်လို့ ပြောနိုင်ပါတယ်။

အိမ်ခြံမြေဈေးကွက်က ရွေးကောက်ပွဲ တစ်ခုတည်းအပေါ်မှာ မူတည်နေတာ မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်းကို ၀င်လာနေတဲ့ ငွေတွေအပေါ်မှာလည်း မူတည်နေတယ်။ GFI ပေါ့။ သူတို့ စောင့်ကြည့်ပြီး တွက်ချက်ထားတာ ရှိတယ်။

၁၉၆၀ ပြည့်နှစ်ကနေ ၂၀၁၂ ခုနှစ်အထိ မြန်မာနိုင်ငံတော်ကို အမေရိကန်ဒေါ်လာ ၇၇ ဒသမ ၇ ဘီလျံအထိ တရားမ၀င် စီးဝင်ခဲ့ပြီး မြန်မာနိုင်ငံက စီးထွက်သွားတဲ့ ငွေကြေးက ၁၈ ဒသမ ၇ ဘီလျံလောက်ရှိတယ်။ ဒီအတွက် မြန်မာနိုင်ငံ နစ်နာသွားတဲ့ အခွန်ပမာဏက ဒေါ်လာ ၂၀ ဘီလျံလောက် ရှိတယ်။ ကျွန်တော်တို့နိုင်ငံကို ၀င်လာတဲ့ ဒီဒေါ်လာ ဘီလျံများစွာက ဘယ်ကဏ္ဍထဲကို စီးဝင်သွားလဲဆိုတာ ကျွန်တော်တို့ မှန်းလို့ရပါတယ်။

အားလုံးပြောနေ ကြသလိုပဲ ဒီငွေတွေအများစုက အိမ်ခြံမြေကဏ္ဍဆီကို စီးဝင်သွားပါတယ်။ ဒီရွေးကောက်ပွဲ ပြီးရင်လည်း အဲ့ဒီလို ငွေတွေက တရားမ၀င် ၀င်လာနိုင်တဲ့ အခြေအနေတွေ ရှိနေသလား။ ဒီအခြေအနေကို ထိန်းချုပ်နိုင်ရင်တော့အိမ်ခြံမြေဈေးကွက်က ပြင်းပြင်းထန်ထန်ကြီးနဲ့ ဆက်သွားနေမယ်။ ဒီအနေအထားကို ပိတ်နိုင်ရင်တော့ ကျွန်တော်တို့ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ အများပြည်သူ ၀ယ်ယူနိုင်တဲ့ ပုံမှန်ဈေးကွက် ဖြစ်လာမယ်”ဟု ဦးသန်းဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်သည် ၉၅ ရာခိုင်နှုန်းခန့်အထိ အရောင်းအ၀ယ် ရပ်ဆိုင်းလုဖြစ်နေပြီး လက်ရှိ ၀ယ်ယူနေသူများမှာလည်း အိမ်ခြံမြေဈေးကွက်ကို လက်ဝါးကြီးအုပ်၍ မြေဈေးကစားရန် ၀ယ်ယူသူများသာ ဖြစ်နေကြောင်း တော်ဝင်ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးကိုကိုထွေးက သုံးသပ်သည်။

ယခုကဲ့သို့အရောင်းအ၀ယ်အေးပြီး ဈေးနှုန်းကျဆင်းနေသော်လည်း မြန်မာနိုင်ငံတွင် အများစုက အိမ်၊ ခြံ၊ မြေကို လက်ကိုင်ထားပြီး ကစားနေကြကြောင်း၊ နိုင်ငံခြားမှ အမှန်တကယ် လာရောက်ရင်းနှီး မြှုပ်နှံသူများအတွက် အခက်အခဲဆုံးနှင့်အကုန်အကျဆုံးမှာ မြေနေရာအ
တွက်ဖြစ်ပြီး အခြားနိုင်ငံများတွင် မြေနေရာမှာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ကုန်ကျစရိတ်၏ ရာခိုင်နှုန်း ၂၀ ၀န်းကျင်သာ ရှိချိန်တွင် မြန်မာနိုင်ငံတွင် ရာခိုင်နှုန်း ၃၀ မှ ရာခိုင်နှုန်း ၄၀ အထိ ရှိနေဆဲ ဖြစ်ကြောင်းလည်း ဗြိတိန်အခြေစိုက် Savills မှ အကြီးတန်း မန်နေဂျာ Sushant Bihani ကပြောသည်။

လက်ရှိဖြစ်ပေါ်နေသည့် ဈေးနှုန်းနှင့် အနာဂတ်ဈေးနှုန်း အပြောင်းအလဲမှာလည်း ရွေးကောက်ပွဲနှင့် ကျင့်သုံးလာမည့် မူဝါဒများပေါ်တွင်မူတည်နေပြီးယခုကဲ့သို့ ဆောက်လုပ်ရေးကဏ္ဍ အကျပ်အတည်း ဖြစ်နေမှုမှာ မည်မျှကြာမြင့်မည်ဆိုသည်ကို ခန့်မှန်း၍ မဖြစ်နိုင်ကြောင်းလည်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် အိမ်၊ ခြံ၊ မြေ ပူဖောင်းပေါက်တော့မည်ကို ပြီးခဲ့သည့် ၂ နှစ်ကျော်ကတည်းက ကြိုတင်မြင်နေရကြောင်း၊ သို့သော်လည်း ဈေးကစားလိုသူများက ဆက်လက်ဝယ်ယူခဲ့ကြောင်း၊ တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းနှင့် အိမ်၊ ခြံ၊ မြေ ကဏ္ဍ၏ ဈေးနှုန်းဖြစ်ပေါ်လာမှုမှာ ဆက်စပ်၍ မရခဲ့ကြောင်း၊ တိုင်းပြည်စီးပွားရေး တိုးတက်မှုနှုန်းမှာ ၈ ရာခိုင်နှုန်းဝန်းကျင် ရှိနေချိန်တွင် အိမ်၊ ခြံ မြေဈေးမှာ ရာခိုင်နှုန်း ၁၀၀ ဖြင့် မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း ထိုအချိန်တွင် ပိုမို အရောင်းအ၀ယ် လိုက်လာခဲ့ပြီးနောက် ယခုကဲ့သို့ဖြစ်ရခြင်း ဖြစ်ကြောင်းလည်း
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာက ဆိုသည်။

Credit: Eleven News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service