တန်ဖိုးသင့်တင့် ဧရာဝဏ်နှင့် ရတနာအိမ်ယာ တိုက်ခန်း ကျပ်သိန်း ၅၀၀ မှ ၆၀၀ ကြားဖြင့် ရောင်းမည်ဟု ဆို

တန်ဖိုးသင့်တင့် ဧရာဝဏ်နှင့် ရတနာအိမ်ယာ တိုက်ခန်း ကျပ်သိန်း ၅၀၀ မှ ၆၀၀ ကြားဖြင့် ရောင်းမည်ဟု ဆို - Property News in Myanmar from iMyanmarHouse.com
12 Oct 2015 10:37 am တွင် တင်ခဲ့သည်
2063 ကြိမ် ကြည့်ရှု့ပြီး
တန်ဖိုးသင့်တင့်ဟု ဆိုသည့် ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းတို့မှ တိုက်ခန်းများကို ကျပ်သိန်း ၅၀၀ မှ ၆၀၀ ကြားဖြင့် ပွင့်လင်းရာသီတွင် စတင်ရောင်းချမည်ဟု မြို့ပြအိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန၊ အိမ်ရာဖွံ့ဖြိုးရေးဌာန ညွှန်ကြားရေးမှုး ဒေါ်မီမီတင်က အောက်တိုဘာ ၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

"၄ နှစ်ကနေ ၈ နှစ်အထိ အရစ်ကျလို့ လျာထားပေမယ့် ဘဏ်တွေက လက်ခံပေးနိုင်တဲ့အချိန်ပေါ်မူတည်ပြီး ၁၀ နှစ်နဲ့ ပေးချေဖို့လည်း ညှိနေတယ်။ နောက်ဆုံးတော့ အစိုးရအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ဖြစ်မှာ။ သမ္မတနဲ့၊ အစိုးရအဖွဲ့ကော နှစ်ခုလုံးတင်ဖို့ ပြင်နေပါပြီ။ သီးတင်းကျွတ်ပွင့်လင်းရာသီမှာ စရောင်းနိုင်မယ်။" ဟု ၄င်းက ပြောသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ ရတနာလမ်းနှင့် ပဲခူးမြစ်အကြားတွင်ရတနာအထပ်မြင့်အိမ်ရာစီမံကိန်းကို
လည်းကောင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၆၇ ရပ်ကွက် အနီးတစ်ဝိုက်တွင် ဧရာဝဏ်အိမ်ရာ စီမံကိန်းကိုလည်းကောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနစီမံခန့်ခွဲခွင့်ရ မြေများတွင် အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ် အောက်တိုဘာနှင့် ဒီဇင်ဘာလအတွင်းတွင် အိမ်ခန်းပေါင်း ၂၀၀ မှ ၄၀၀ အထိ ဆောက်လုပ်မှုအကြမ်း ပြီးစီးမည်ဖြစ်ကာ ပွင့်လင်းရာသီမှ စတင်ပြီး ပုဂ္ဂလိကလုပ်ငန်းဝန်ထမ်းနှင့် အစိုးရ၀န်ထမ်း တို့ကို အရစ်ကျစနစ်ဖြင့် ရောင်းချမည်ဟုလည်း ဒေါ်မီမီတင်က ပြောသည်။

ဧရာဝဏ်နှင့် ရတနာအထပ်မြင့် အိမ်ရာစီမံကိန်းများကို ၂၀၁၃ ခုနှစ် နှစ်ဦးတွင် စတင်အကောင်အထည်ဖော်ပြီး ၂၀၁၆၊ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်များတွင် အသီးသီးခွဲ၍ အပြီးဆောင်ရွက်ရေး စီမံကိန်းများ ချမှတ်ထားသည်ဟု ရန်ကုန်တိုင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရန်ကုန်တိုင်းညွှန်ကြားရေးမှုး ဦးယုခိုင်က ပြောကြားသည်။

သမ္မတဦးသိန်းစိန်ကလည်း ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းများကို အောက်တိုဘာ ၉ ရက်တွင် ဆောက်လုပ်နေမှု အခြေအနေများကို လာရောက်ကြည့်ရှုခဲ့သည်ဟု ၄င်းကဆိုသည်။

ဧရာဝဏ်နှင့် ရတနာအထပ်မြင့်အိမ်ရာစီမံကိန်းမှ တိုက်များအား မြေစိုက်အောက်ခံရိုက်သွင်းခြင်း (Pile System) ဖြင့် ဆောက်လုပ်ထားသဖြင့် တန်ဖိုးသင့်တင့်ဟု သတ်မှတ်ရခြင်းဖြစ်သည်ဟု ဒေါ်မီမီတင်က ရှင်းပြသည်။

"တန်ဖိုးနည်းအိမ်ယာဆိုတာ ရွှေလင်ပန်းတို့၊ ယုဇနတို့၊ မြရည်နန္ဒာတို့ ပါပဲ။ အခုဟာက အထပ်မြင့်အိမ်ရာ Pile System စနစ်နဲ့ လုပ်ထားတာဖြစ်တဲ့အတွက် တန်ဖိုးနည်းအိမ်ယာတွေ မဟုတ်ပါဘူး။" ဟု ဒေါ်မီမီတင်က ပြောသည်။

ဧရာဝဏ်နှင့် ရတနာ အထပ်မြင့်အိမ်ရာစီမံကိန်း ၂ ခုလုံးရှိ အိမ်ခန်းများသည် ၆၀၀ စတုန်ရန်းပေနှင့် ၁၂၀၀ စတုရန်းပေ နှစ်မျိုးရှိပြီး မြေစိုက်အောက်ခံရိုက်သွင်းခြင်း (Pile System)ကို အနက် ၃၇ မီတာနှင့် ၁၁၂ မီတာနှစ်မျိုး ရိုက်သွင်း ဆောက်လုပ်ထားသည်ဟု သိရသည်။

ယုဇနဥယျာဉ်မြို့တော်နေ အသက် ၅၀ အရွယ်ရှိ ဦးသန့်ဇင်ကမူ တစ်နေ့ ၁ သောင်းခွဲဝင်ငွေရှိသည့် အိမ်ထောင်စုပင်လျင် ယခုဈေးနှုန်းအား ၀ယ်ယူနိုင်ရန် မဖြစ်နိုင်ဟု မှတ်ချက်ပြု ပြောဆိုသည်။

Credit : Mizzima News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service