တီးတိန် မြို့သစ်အတွက် မြေကွက်များ စတင်ဖော်ဆောင်

တီးတိန် မြို့သစ်အတွက် မြေကွက်များ စတင်ဖော်ဆောင် - Property News in Myanmar from iMyanmarHouse.com
12 Oct 2015 9:42 am တွင် တင်ခဲ့သည်
1616 ကြိမ် ကြည့်ရှု့ပြီး
ချင်းပြည်နယ်၊တီးတိန်မြို့တွင် မြေပြိုမှုများကြောင့်
ပြောင်းရွှေ့ရမည့် မြို့သစ်အတွက် မြေကွက်များ စတင် ဖော်ဆောင်ပေးနေပြီ ဖြစ်ကြောင်း တီးတိန်မြို့နယ် သဘာဝ ဘေးအ္တရာယ် စီမံခန့်ခွဲရေး ကော်မတီမှ သိရသည်။

“တီးတိန်မြို့အပြင်မှာ တစ်နေရာနဲ့ တောင်ပေါ်မြေပြန့် ဖိုင်ဂန်းဆိုတဲ့ ရွာအနီးမှာ မြေကွက်တွေ ချထားပေးနေပါပြီ။ လက်ရှိ သူတို့ကို ကယ်ဆယ်ရေး စခန်းတွေမှာပဲ ထားထားရသေးတယ်။
အိမ်ဆောက်ဖို့ပဲ ကျန်တော့တယ်”ဟု တီးတိန်မြို့ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ကော်မတီဝင် ဦးမိုးကျော်က ပြောသည်။

ချင်းပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး တီးတိန်းမြို့ရှိ တာ့ကင်းကျေးရွာ၊ ၀ုဏ်မော် ကျေးရွာ၊ ထင်မ်သီး ကျေးရွာတို့မှ ရွာလုံးကျွတ် ပြောင်းရွှေ့ရမည်ဖြစ်ပြီး လက်ရှိတွင် ၎င်းတို့အား
ဒုက္ခသည် စခန်းများတွင် ထားရှိပြီး တစ်အိမ်ထောင်လျှင် ရှစ်သောင်းကျပ်စီ ထောက်ပံ့ထားကြောင်း သိရသည်။

“ရွှေ့ြေ့ပာင်းရတဲ့ ကျေးရွာတွေကို ကျွန်တော်တို့က ဘယ်မှာပြန်နေချင်သလဲ မေးတဲ့အခါ သူတို့နေချင်တဲ့နေရာ သူတို့ရွေးထားတဲ့ နေရာတွေပါပဲ။ မြေစာရင်း ဌာနက တိုင်းတာပြီး ချပေးတာပါ”ဟု ချင်းပြည်နယ် အစိုးရအဖွဲ့ဘဏ္ဍာရေးဝန်ကြီး ဦးနန်းဇမုန်က ပြောသည်။

ချင်းပြည်နယ်တွင် ဇူလိုင်လ၊ သြဂုတ်လများက မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဟားခါးမြို့တွင်လည်း မြေပြိုမှုများ ဖြစ်ပေါ်ကာ ဟားခါးမြို့၏ (၅၀) ရာခိုင်နှုန်းခန့်မှာလည်း ရွှေ့ပြောင်းရမည် ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ယခုနှစ်မိုးရာသီ၌ ချင်းပြည်နယ်တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁၁၀၀)ကျော် ပျက်စီးခဲ့ပြီး၊ အန္တရာယ်ရှိ၍ ပြောင်းရွှေ့နေထိုင်ရမည့် အိမ်ရာမှာ (၁၈၀၀)ကျော်ထိ ရှိကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

Credit : Messenger

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service