ပြုပြင်ရန် လိုအပ်နေဆဲ ဖြစ်တဲ့ မဟာရန်ကုန်ရဲ့အားနည်ချက်တစ်ခု

ပြုပြင်ရန် လိုအပ်နေဆဲ ဖြစ်တဲ့ မဟာရန်ကုန်ရဲ့အားနည်ချက်တစ်ခု - Property News in Myanmar from iMyanmarHouse.com
8 Oct 2015 10:47 am တွင် တင်ခဲ့သည်
1441 ကြိမ် ကြည့်ရှု့ပြီး
နယ်မြို့ကလေး တစ်မြို့ကနေမဟာ ရန်ကုန်မြို့တော်ကြီးကို အလည်အပတ်လာ မယ့်သူတွေ၊ မြို့ပြင်ကနေ မြို့ထဲကို အလုပ်ကိစ္စနဲ့ လာမယ့်သူတွေ ဆိုရင် တော့ မိမိကိစ္စကို မိမိဘာသာအဆင်ပြေပြေနဲ့ ရောက်နေတဲ့နေရာကနေ ဖြေ ရှင်းပြီးမှ မြို့ထဲကိုလာဖို့လို့ အကြုံပြုချင်ပါတယ်။
အဲ့ဒါကတော့ ရန်ကုန်မြို့လယ်ခေါင်ရောက်လို့ ဈေးဝယ်ထွက်မယ်၊ အလည်အပတ်ထွတ်ကြမယ့်ဆိုရင်လည်း ကိုယ့်ပြသနာကို ကိုယ်ဖြေရှင်းထားဖို့လိုအပ်ပါတယ် ။ ဘတ်စကားလိုင်းပေါင်း ၁၂၃ လိုင်းနဲ့ နိုင်ငံတကာလေကြောင်းလိုင်းပေါင်း ၂၈ လိုင်းနဲ့ ရန်ကုန် မြို့တွင်းခြောက်မြို့နယ် ထဲကို ၀င်ထွတ်သွားလာနေသူ
တွေက နေ့စဉ် နှစ်သန်းထက်မှာ ရှိပါတယ် ။

အထပ်မြင့်အဆောက်အအုံတွေ၊ ကုမ္မဏီရုံးခန်းကြီးတွေ ၊ ကွန်ဒိုတိုက်ခန်းကြီးတွေ များလာပေမယ့် အများသုံးအိမ်သာ ရှားပါးမှုတဲ့ အတွက် မြို့ထဲလာတော့မယ် ဆိုရင်ကိုယ့်ပြသနာကို ကိုယ်အိမ်မှာအရင်ရှင်းပြီးလာမှ အဆင်ပြေမှာ ဖြစ်ပါတယ်။

မြို့နယ်ပေါင်း ၃၃ မြို့နယ်ရှိပြီး ၁၃၆ စတုရန်းမိုင်ကျယ်ဝန်တဲ့ ရန်ကုန်စည်ပင်နယ်နိမိတ်ထဲမှဗာ အများပြည်သူသုံး အိမ်သာ ၂၈ လုံးနဲ့ အပေါ့သွားအိမ်သာ ရှစ်လုံးဘဲ ရှိတဲ့ အတွက် မြို့ထဲရောက်လို့ အပေါ့အပါးစွန့်ချင်တဲ့ခရီးသွားတွေ အတွက် မြို့ထဲမှာ ရှိတဲ့ မိတ်ဆွေသူငယ်ချင်း အိမ်တွေ၊ လက်ဘက်ရည်ဆိုင်တွေ နဲ့ ဈေးဝယ်စင်တာတွေက အိမ်သာတွေကို အားပြုပြီးဖြေရှင်းနေရတဲ့ အပြင် ရှိရင်းစွဲအများသုံး အိမ်သာ အချို့လည်း မြေနေရာဈေးကောင်းလာတဲ့ မြို့ပြ မြေဈေးနှုန်းအရ အများပြည်သူသုံးအိမ်သာမြေ နေရာမှာ အထပ်မြင့်အဆောက်အအုံတွေ ဆောက်ဖို့ အတွက် ခြိမ်းခြောက်မှုတွေရှိလာလို့ အများသုံးအိမ်သာ မြေနေရာတွေ တစ်ဖြည်းဖြည်းပျောက်ကွယ်ဖို့ သေချာသလောက်ရှိလာနေပါပြီ ။

အနော်ရထာလမ်း နဲ့ ဆူးလေဘုရားလမ်းထောင့် ကုန်သည်ကြီးများ ဟိုတယ်နဲ့ ကပ်လျက် လူကူးခုံးကျော်တံတားအဆင်းက က အများသုံးအိမ်သာနေရာဆိုရင် အခုအခါ ကုန်သည်ကြီးများ ဟိုတယ်ရဲ့ထပ်တိုးအဆောက်အအုံတည်ဆောက်တဲ့ စီမံကိန်းကြောင့် ပျောက်ကွယ်သွားပြီဖြစ်သလို ရန်ကုန်မြို့လယ်မှာ ရှိတဲ့ အများသုံးအိမ်သာဆောက်ထားတဲ့ မြေနေရာ တော်တော်များများမှာလည်း ဈေးဆိုင်လေးတွေ၊ကုန်စုံဆိုင်လေးတွေ နဲ့ ပူးတွဲဖွင့်လှစ်လာတဲ့ အတွက် တစ်ခြားသောစီးပွားရေး လုပ်ငန်းတွေအဖြစ် အဒီမြေနေရာလေးတွေ ပြောင်းလဲကုန်တာ ကို မဟာရန်ကုန်မြို့ထဲကို နေ့စဉ်အလုပ်သွားအလုပ်ပြန်လုပ်နေတဲ့ ပြည်သူတွေ သတိထားမိရင် သတိပြုမိမှာ သေချာပါတယ်။
ရန်ကုန်မြို့ဟာအရှေ့တောင်အာရှနိုင်ငံတွေရဲ့လူဦးရေအသိပ်သည်းဆုံးမြို့တွေမှာတတိယအဆင့်မှာရှိနေပြီး နံပါတ်တစ်မှာတော့ အင်ဒိုနီးရှားနိုင်ငံကဂျာကာတာမြို့ဖြစ်ပြီးထိုင်းနိုင်ငံဘန်ကောက်မြို့က ဒုတိယအဆင့်မှာ ရှိပေမယ့် ရန်ကုန်မြို့လိုတော့ အများသုံးအိမ်သာ ရှားပါးမှု မရှိပါဘူးလို့ ဘန်ကောက်နဲ့ ဂျကာတာကို ရောက်ဖူးတဲ့သူတွေရဲ့ပြောပြချက်အရ သိရပါတယ်။
ကမ္ဘာလှည့်ခရီးသည်တွေ တစ်နှစ်ကို သန်း ၁၅ သန်းလောက်ပုံမှန်လည်ပတ်နေတဲ့ အိမ်နီးချင်းနိုင်ငံထဲကတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာတော့ ဈေးဝယ်စင်တာတွေများပြားတဲ့ အတွက် အဒီဈေးဝယ်အိမ်သာတွေထဲက အများသုံး အိမ်သာတွေကိုအဓိကအသုံးပြုကြပါတယ်။
မြို့တော်ဘန်ကောက်မှာဈေးဝယ်စင်တာတွေကများပြားတဲ့တဲ့ အတွက်ဈေးဝယ် စင်တာတစ်ခုနဲ့ တစ်ခုအကွာအဝေးကလည်းလမ်းလျှောက်သွားရင် (၅)မိနစ်ဆိုတဲ့ အချိန်အကွာအဝေး တစ်ခုအတွင်းမှာကို ရှိပါတယ်၊ ဒါကြောင့် ဘန်ကောက်မြို့ဟာလူဦးရေသိပ်သည်းပေမယ် အများသုံးအိမ်သာရှားပါတဲ့ပြဿနာမရှိဘူးလို့ ဘန်ကောက်မြို့သို့ မကြာခဏဈေးဝယ်သွားလေ့ရှိတဲ့ ကုမ္မဏီဒါရိုက်တာတစ်ဦးက ပြောပါတယ်။

“ဘန်ကောက်မှာ ဆန္ဒပြကြသူတွေဆိုရင် သပိတ်စခန်းတွေဖွင့်တဲ့အခါမှာရွှေလျားသယ်လို့ရတဲ့ အိမ်သာကိုပါ တစ်ခါတည်းသယ်လာခဲ့ကြတာတွေကို မြင်ရတဲ့ အပြင် ဈေးဝယ်စင်တာတွေ၊ ၂၄ နာရီဖွင့်တဲ့ ဆိုင်တွေမှာလည်း အိမ်သာတွေအများကြီးရှိတယ်၊ ထူးခြားချက်ကတော့ ဘန်ကောက်က အိမ်သာတော်တော်များများက သန့်ရှင်းသပ်ရပ်တယ်”လို့ သူကပြောပါတယ်။

လူစည်ကားပြီးအချက်အချာကျမြို့တွင်းခြောက်မြိှု့နယ်ထဲက မြိှု့နယ်အချို့ဖြစ်တဲ့လမ်းမတော်မြို့နယ်၊ လသာမြို့နယ်၊ ကျောက်တံတားမြို့နယ်နဲ့ ပုဇွန်တောင်လို မြို့နယ်တွေ စုစုပေါင်းမှ အများသုံးအိမ်သာ (၆)လုံးသာရှိပါတယ်။အိမ်သာတစ်ခုစီမှာလည်းအမျိုးသား(သို့မဟုတ်)အမျိုးသမီး(၃)ယောက်ကနေအများဆုံး(၅)ယောက်အထိသာတစ်ပြိုင်နက် အသုံးပြုနိုင်ပါတယ်။
“တစ်ခါကဘတ်စကားစီးရင်းအိမ်သာအရမ်းတက်ချင်နေလို့ စံပြမှာဆင်းပြီး အိမ်သာလိုက်ရှာရတာ လသာရောက်မှ တွေ့ရတယ်၊ ပြီးတော့ ဆိုးတဲ့အချက်က အိမ်သာဘယ်မှာ ရှိတယ်ဆိုတာ ဘယ်သူမှ သေချာမသိတဲ့ အပြင် သန့်ရှင်းသပ်ရပ်မှုကလည်း တော်တော်ညံ့တယ် ““ ဆိုပြီးကမာရွတ်လှည်းတန်းမှ ရန်ကုန်မြို့တွင်းသို့ နေ့စဉ်ပုံမှန် ဈေးဝယ်ထွတ်လေ့ရှိသည့် မနီလာမြင့်က ပြောသည်။

ရန်ကုန်မြို့မှာအများသုံးအိမ်သာတွေဟာအလုံလောက်မရှိတဲ့အပြင် ဘယ်နေရာတွေမှာအိမ်သာရှိတယ်ဆိုတဲ့ လမ်းညွှန် ဆိုင်းဘုတ်တွေ မရှိတာကြောင့်လည်းအိမ်သာရှာဖွေရအလွန်ခက်ခဲနေတာဖြစ်ပါတယ်။
ရန်ကုန်မှာ အများသုံးအိမ်သာရှားပါးမှုဟာ မြို့နေလူထုတွေအတွက် အခက်အခဲဖြစ်စေရုံသာမက နိုင်ငံခြားသားခရီးသွားတွေအတွက်လည်းအမြဲကြုံနေကြအခက်အခဲတစ်ခုဖြစ်နေတယ်လို့ နိုင်ငံခြားသားဧည့်လမ်းညွှန် လုပ်နေသူများနှင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သည့် ကုမ္မဏီတွေကပြောပါတယ်။

“မြို့ထဲမှာဆိုအိမ်သာမရှာနိုင်ရင် နီးစပ်ရာအိမ်တွေ ဆိုင်တွေမှာအကူအညီတောင်းရတာပဲ ကြုံသလိုလဲရှင်းဘူးတယ် ဆူးလေဘုရားနဲ့ ပန်းခြံတွေက အိမ်သာ တွေဆို သန့်ရှင်းမှု မရှိလို့ နိုင်ငြံ့ခားသားတွေအတွက် အများကြီး အခက်အခဲရှိတယ် ””ဟု
နိုင်ငံခြားခရီးသွားဧည့်လမ်းညွှန် လုပ်သက် (၁၈)နှစ်ရှိတဲ့ ကိုဇောလင်းကပြောပါတယ်။
ရန်ကုန်မြို့ကိုနိုင်ငံခြားသားခရီးသည်တွေ လာရောက်လည်ပတ်မှုကတစ်နှစ်ထက်တစ်နှစ် ပိုများပြားလာပြီး ၂၀၁၃ ခုနှစ်မှာ နှစ်သန်းကျော် လာရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကသိရပါတယ်။

ယခင်ကအများသုံးအိမ်သာတွေကို မြို့တော်စည်ပင်က တာဝန်ယူတည်ဆောက်ခဲ့တာ ဖြစ်ပေမယ့်လည်း ယခုအခါ မှာတော့ အများပြည်သူကိုလုပ်ကိုင်ခွင့်ပြုထားလို့ သိရပါတယ်။
အများသုံးအိမ်သာတွေ ရန်ကုန်မြို့မှာမလုံမလောက်ဖြစ်နေရတဲ့ အကြောင်းရင်းကအိမ်သာတည်ဆောက်ဖို့ မြေနေရာအခက်အခဲဟာအဓိကအချက်ဖြစ်တယ်လို့ ရန်ကုန်မြို့တော် မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပြသလို မြို့ပြစီမံကိန်းရေးဆွဲရေး လုပ်ငန်းတွေမှာလည်း အများသုံးအိမ်သာတွေကို ထည့်သွင်းရေးဆွဲဖို့ လိုပါတယ် လို့ယင်းတာဝန်ရှိသူက ဆိုပါတယ်။

အများသုံးအိမ်သာတွေကိုတည်ဆောက်တဲ့နေရာမှာလူစည်ကားတဲ့နေရာတွေကိုအဓိကရွှေးချယ်ရမယ့်အပြင် ပတ်ဝန်းကျင် အနှောက်အယှက်မဖြစ်စေဖို့နဲ သန့်ရှင်းမှုကိုပါ အလေးထားဆောင်ရွက်ရမှာဖြစ်လို့ ဆောက်မယ့် မြေနေရာတွေကလည်း အရေးကြီးတယ်လို့ဗိသုကာပညာရှင်တစ်ဦးကအကြံပေးပါတယ်။

“လမ်းဆုံလမ်းဂွတွေ ဘတ်စ်ကားဂိတ်တွေ လူစည်ကားတဲ့နေရာအားလုံးမှာလုပ်ထားသင့်တယ် လူတိုင်းသိအောင် မြင်သာတဲ့ လမ်းညွှန်ဆိုင်းဘုတ်တွေ သင်္ကေတတွေ လုပ်ထားရမယ် အပြင်အဆင်ကအစဝင်ချင်စရာကောင်းအောင် လုပ်ရမယ် သန့်ရှင်းနေရမယ် အနံ့အသက်ကောင်းရမယ်။”လို့ နိုင်ငံတကာမှာဗိသုကာပညာကိုလေ့လာခဲ့သူကိုဝေဖြိုးပိုင်က ပြောပြပါတယ်။ ကပြောပါတယ်။

အချို့သောအိမ်နီးနားချင်းနိုင်ငံတွေမှာတော့ အများသုံးအိမ်သာတွေ ဘယ်နေရာမှာရှိတယ် ဆိုတာကိုလမ်းညွှန်ဆိုင်းဘုတ်တွေနဲ့ ညွှန်ပြထားပါတယ်။
လသာမြို့နယ်နဲ့ ကျောက်တံတားမြို့နယ် အတွင်းမှာရှိတဲ့ အများသုံးအိမ်သာတွေကိုနေ့စဉ် အသုံးပြုသူလူဦးရေ(၂၀၀)ကနေအများဆုံ (၅၀၀) ဝန်းကျင်အထိရှိတယ်လို့ အများသုံးအိမ်သာဝန်ထမ်း တစ်ဦးကဆိုပါတယ်။ အချို့သောအများသုံး အိမ်သာတွေမှာ အိမ်သာခန်းနည်းနေတဲ့အတွက် အသုံးပြုမယ့်သူတွေ တန်းစီစောင့်ဆိုင်းနေရ တာတွေကိုလည်း တွေ့နေရပါတယ်။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service