ဒဂုံစီးတီး အပါအ၀င် ရပ်ဆိုင်းထားသော စီမံကိန်းငါးခုကို ပြန်ပေးရန် မြေနေရာ မသတ်မှတ်ရသေး

ဒဂုံစီးတီး အပါအ၀င် ရပ်ဆိုင်းထားသော စီမံကိန်းငါးခုကို ပြန်ပေးရန် မြေနေရာ မသတ်မှတ်ရသေး - Property News in Myanmar from iMyanmarHouse.com
8 Oct 2015 9:45 am တွင် တင်ခဲ့သည်
1501 ကြိမ် ကြည့်ရှု့ပြီး
ဒဂုံစီးတီးအပါအ၀င် ရွှေတိဂုံဘုရားအနီးမှ ရပ်ဆိုင်းထားသော ဆောက်လုပ်ရေးစီမံကိန်း ငါးခုကို ပြန်လည်အစားထိုးပေးမည့် မြေနေရာ မသတ်မှတ်ရသေးကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီရန်ကုန်အနောက်
ပိုင်းခရိုင်ကိုယ်စားလှယ်နှင့် ကော်မတီအဖွဲ့ဝင်ဦးခင်လှိုင်က မြန်မာတိုင်း(မ်)ကို ပြောကြားသည်။

ဆောက်လုပ်ရေးရပ်ဆိုင်းရန် နိုင်ငံတော်သမ္မတရုံးက
ညွှန်ကြားထားခဲ့ပြီး ယင်းစီမံကိန်း လုပ်ကိုင်သည့် ကုမ္ပဏီများအတွက် မြေနေရာ ပြန်လည် အစားထိုးပေးအပ်မည်ဟူသော သတင်းများ ပြင်ပတွင် ထွက်ပေါ်လာနေသော်လည်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီနှင့် သက်ဆိုင်ရာ ကုမ္ပဏီ များသို့ မြန်မာတိုင်း(မ်)က ဆက်သွယ်မေးမြန်း ကြည့်ရာ ဆွေးနွေးညှိနှိုင်းဆဲအဆင့်သာ ရှိနေသေးသည်။

ဒဂုံစီးတီး (၁) စီမံကိန်း ပြန်ကြားရေး တာဝန်ခံ ကိုစိုးသူရက "ကျွန်တော်တို့ နောက်ဆုံးထုတ်ပြန်ထားတဲ့ အတိုင်းပါပဲ၊ နှစ်ဖက်ပြန်လည်ဆွေးနွေးဆဲ အဆင့်မှာပဲ ရှိပါသေးတယ်"ဟု ပြောသည်။

အများပြည်သူများ၏ ကန့်ကွက်တင်ပြ လာမှုနှင့် အမျိုးသားအမွေအနှစ်များ ထိခိုက် နိုင်သည့်အတွက် ဇူလိုင် ၇ ရက်မှ စတင်ကာ ရပ်ဆိုင်းခဲ့သည့် ဒဂုံစီးတီးအပါအ၀င် စီမံကိန်းလုပ်ငန်းများအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများက စည်ပင်ပိုင်မြေနေရာများတွင် ချထားပေးမည်ဆိုပါက မြို့တော်စည်ပင်သို့ မဖြစ်မနေ အကြောင်းကြားပြီးမှသာ လုပ်ဆောင်ရန် လိုအပ်ကြောင်း ဦးခင်လှိုင်က ပြောသည်။

"ဒဂုံစီးတီးအပါအ၀င်စီမံကိန်းငါးခုလို့ ပြောမှပိုပြည့်စုံမယ်။ နေရာချထားပေးတာနဲ့ ပတ်သက်လို့ ပထမဆုံး စာချုပ်ချုပ်ခဲ့တဲ့ တပ်မတော် စစ်ထောက်ချုပ်ရုံးက ကိုင်တွယ်ရမှာဖြစ်တယ်။
သူတို့ကိုင်တွယ်တဲ့ကိစ္စကိုကျွန်တော်တို့ကသွားပြီး ပြောလို့မရဘူး။ တစ်ခုရှိတာက သူတို့ဘာသာပဲ လုပ်လုပ်၊ ဘယ်နေရာမှာပဲ ပြန်ပေးပေးစည်ပင်ဧရိယာထဲမှာ ပြန်ပေး
မယ်ဆိုရင်တော့စည်ပင်ကိုအရင်အကြောင်းကြားသင့်တယ်" ဟု ဦးခင်လှိုင်က ပြောသည်။

ရွှေတိဂုံစေတီတော်ဝန်းကျင်ရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေနေရာများပေါ်တွင် ဘီအိုတီစနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ရန် စီမံကိန်းငါးခုအတွက် လုပ်ပိုင်ခွင့် ချထားပေးသည့် ရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီလီမိ တက်၊ သုခရတနာ ကုမ္ပဏီလီမိတက်၊ Adventure Myanmar Tour and Incentive ကုမ္ပဏီ နှင့် Marga Landmark Development ကုမ္ပဏီလေးခုတို့၏ စီမံကိန်း လုပ်ငန်းများကိုအပြီးသတ်ရပ်ဆိုင်းရန် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ်ဖြင့် ညွှန်ကြားခဲ့သည်။

အထက်ပါ မြေနေရာများပေါ်တွင် လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားခဲ့သော ကုမ္ပဏီ များ၏ ကုမ္ပဏီအလိုက် အိမ်ရာစီမံကိန်းများ၊ ဈေးဝယ်စင်တာများ၊ နိုင်ငံတကာ အဆင့်မီ ဟိုတယ်များ၊ စီးပွားရေးဆိုင်ရာ အဆောက်အအုံများအပါအ၀င် ရုံးအဆောက်အအုံများ ကို အဆိုပြုလွှာများအဖြစ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံသို့တင်ပြခဲ့ရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေများနှင့် အညီ စိစစ်ကာ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ် အတွင်း ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ယင်းစီမံကိန်းလုပ်ငန်းများ နှင့် ပတ်သက်ပြီး အနီးအနားရှိ ရွှေတိဂုံ စေတီတော်ကြီး၏ ရေရှည်ကြံ့ခိုင်နိုင်မှုနှင့် အနီးအနားပတ်ဝန်းကျင်ရှိ သာသနိက အဆောက်အအုံများ၊ ယဉ်ကျေးမှု အမွေအနှစ် များနှင့်ပတ်သက်ပြီး ရဟန်းရှင်လူပြည်သူ လူထုများအကြားတွင် စိုးရိမ်ပူပန်မှုများရှိလာခြင်း၊ ပညာရှင်အချို့ကလည်း ပညာရပ် ဆိုင်ရာ သုံးသပ်မှုများကို နိုင်ငံတော်သမ္မတ ထံသို့ အကြံပြုတင်ပြလာခြင်း၊ ပြည်သူ အချို့ကလည်း ယင်းစီမံကိန်းများရပ်ဆိုင်း ပေးပါရန် မေတ္တာရပ်ခံတင်ပြလာသည့် အပြင် ယင်းကုမ္ပဏီများသို့ မြေငှားရမ်းထားခဲ့သည့်
ကာကွယ်ရေးဝန်ကြီးဌာနက လုပ်ငန်းများ ရပ်ဆိုင်းပေးပါရန် တင်ပြလာသည့်အတွက် ရွှေတိဂုံစေတီတော်အပါအ၀င် သိဂုင်္တ္တရ ကုန်းတော်ပေါ်ရှိ

သာသနိက အဆောက်အအုံများ၊ ရှေးဟောင်းအမွေအနှစ် အဆောက် အအုံများကို မည်သည့် အကြောင်း နှင့်မျှ ထိခိုက်မှုကိုမလိုလားသည့် အတွက် နှစ်ဦးနှစ်ဖက် သဘောတူညီချက်များဖြင့် စီမံကိန်းများကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။

စီမံကိန်းများကို အပြီးတိုင်ရပ်ဆိုင်း လိုက်သည့်အတွက် ယင်းစီမံကိန်းများအတွင်း ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများ ထိခိုက်နစ်နာမှု မရှိစေရန်အတွက် နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် ဆက်လက် ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း သမ္မတရုံးကထုတ်ပြန်ထားခဲ့သည့်အတွက် နေရာအစားထိုးတည်ဆောက်မည် မြေနေရာများ၊ ယင်းရပ်နားထားသည့် စီမံကိန်းများအတွင်း အိမ်ခန်းများဝယ်ယူထားသူများကို မည်သည့်နည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်သွားမည်ကိုလည်း မသိရသေးချေ။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service