ရန်ကုန်မြို့၌ အထပ်မြင့်၊ အထပ်နိမ့် အဆောက်အအုံ ၄၈၀၀ ကျော် ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ယခင်နှစ်ထက် ဆောက်လုပ်မှု ကျဆင်းသွားခြင်း မရှိ

ရန်ကုန်မြို့၌ အထပ်မြင့်၊ အထပ်နိမ့် အဆောက်အအုံ ၄၈၀၀ ကျော် ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ယခင်နှစ်ထက် ဆောက်လုပ်မှု ကျဆင်းသွားခြင်း မရှိ - Property News in Myanmar from iMyanmarHouse.com
7 Oct 2015 10:43 am တွင် တင်ခဲ့သည်
941 ကြိမ် ကြည့်ရှု့ပြီး
ဇန်န၀ါရီမှ သြဂုတ်လကုန်အထိ ရန်ကုန်မြို့၌ အထပ်မြင့်၊ အထပ်နိမ့် အဆောက်အအုံ စုစုပေါင်း ၄၈၅၃ လုံး ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ယခင်နှစ်ထက် ဆောက်လုပ်မှု ကျဆင်းသွားခြင်း မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ သြဂုတ်လကုန်အထိ ရန်ကုန်မြို့၌ အထပ်မြင့်၊ အထပ်နိမ့် အဆောက်အအုံ အရေအတွက် ၄၃၂၉ လုံး ဆောက်လုပ်ခွင့် ပြုခဲ့ရာမှ ယခု ၂၁၁၅ ခုနှစ် ဇန်န၀ါရီမှ သြဂုတ်လကုန်အထိ အထပ်မြင့်၊ အထပ်နိမ့် အဆောက်အအုံ စုစုပေါင်း ၄၈၅၃ လုံး ဆောက်လုပ်ခွင့် ပြုခဲ့ခြင်းကြောင့်ယင်းပမာဏ နှစ်ခုကို
နှိုင်းယှဉ်၍ လျော့ကျသွားခြင်း မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သို့သော် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်၏ လတစ်လချင်းစီအလိုက်အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုမှု အရေအတွက်များကို နှိုင်းယှဉ်ပါက ယခုနှစ် ဇန်န၀ါရီ၊ ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလများတွင် အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုမှုမှာ ၂၀၁၄ ခုနှစ် အလားတူ လများထက် မြင့်တက်ခဲ့သော်လည်း ယခုနှစ် မေ၊ ဇွန်၊ ဇူလိုင်နှင့် သြဂုတ်တွင် အဆောက်အအုံ ခွင့်ပြုမိန့် ထုတ်ပေးမှုမှာ ၂၀၁၄ ခုနှစ်၏ အလားတူလများထက် ကျဆင်းခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

ရန်ကုန်မြို့တွင် နှစ်စဉ်ပျမ်းမျှ အဆောက်အအုံ စုစုပေါင်း ၂၀၀၀ မှ ၃၀၀၀ ကြား ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ယခုနှစ်ပိုင်းတွင် အဆောက်အအုံ ဆောက်လုပ်မှု ၄၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး တစ်လလျှင် ပျှမ်းမျှတိုက် အလုံးရေ ၅၀၀ ခန့် ဆောက်လုပ်ခွင့်ပြုနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

လက်ရှိ တိုက်ခန်းဈေးကွက်တွင် အရောင်းအ၀ယ် သိသာစွာ အေးသွားပြီး ဆောက်လုပ်ပြီးစီး တိုက်ခန်းများ၏ အခြေအနေမှာ ၀ယ်ယူမည့်သူ နည်းသွားပြီး အရောင်းထက် အငှားကိုသာ ပိုမိုအလေးထားနေရကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။

သို့သော် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုမှု လျော့ကျသွားခြင်း မရှိဟု ထုတ်ပြန်ထားသဖြင့်ယင်းအခြေအနေ နှစ်ခုကြားတွင် ကွာဟမှုများ ရှိနေသည်။

လက်ရှိ တိုက်ခန်းဆောက်လုပ်မှု ဈေးကွက်အခြေအနေနှင့် ပတ်သက်၍ “တိုက်ခန်းဈေးကွက် တော်တော်ကို ကျလာပါတယ်။ လက်ရှိ ဆောက်လက်စတွေကိုပဲ အပြီးသတ်နေပါတယ်။ထပ်ဆောက်ဖို့ကိုတော့ တော်တော်ကိုချင့်ချိန်နေရတဲ့အနေအထားပါ”ဟုရန်ကုန်မြို့၌ ဆောက်
လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောကြားသည်။

ထို့ပြင် အချို့သော အဆောက်အအုံများသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ ခွင့်ပြုမိန့် တင်ပြီးမှ ဈေးကွက်မရှိတော့ခြင်းကြောင့် အဆောက်အအုံ ခွင့်ပြုမိန့် ကျပြီးမှ လာရောက်ထုတ်ယူ ဆက်သွယ်ခြင်း မရှိတော့သည့် အဆောက်အအုံများလည်း ရှိနေကြောင်း သိရသည်။

Credit: Eleven News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service