မြို့နယ်လေးခုရှိ စည်ပင်မြေပေါ်တွင် ၁၂ နှစ်နှင့်အထက် ကျူးကျော်နေထိုင်သူများကို ဂရန်ထုတ်ပေးမည်ဟုဆို

မြို့နယ်လေးခုရှိ စည်ပင်မြေပေါ်တွင် ၁၂ နှစ်နှင့်အထက် ကျူးကျော်နေထိုင်သူများကို ဂရန်ထုတ်ပေးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
6 Oct 2015 9:42 am တွင် တင်ခဲ့သည်
1457 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ မြို့နယ်လေးခုရှိ စည်ပင်ပိုင်မြေများပေါ်တွင် ၁၂ နှစ်နှင့်အထက် ကျူးကျော်နေထိုင် သူများကို ဂရန်များထုတ်ပေးရန် စိစစ်နေကြောင်း သတင်းရရှိသည်။

သာကေတ၊ ဒေါပုံ၊ တောင် ဥက္ကလာပနှင့် မြောက်ဥက္ကလာပ မြို့နယ်များတွင် နေထိုင်သည့် ကျူးကျော်များကို ဂရန်ထုတ်ပေး မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီက စက်တင်ဘာ ၁၆ ရက်၌ ခေါ်ယူတွေ့ဆုံပြီး ဂရန်ထုတ်ပေး ရန်သတ်မှတ်ချက်နှင့်ညီသည့် ကျူးကျော်များကို စိစစ်ရန် ညွှန် ကြားထားကြောင်း သာကေတ မြို့နယ်စည်ပင်သာယာရေးကော် မတီဥက္ကဋ္ဌ ဦးအောင်အောင်က ပြောသည်။

‘‘စည်ပင်ပိုင်မြေနေရာမှာ ကျူးကျော်ထားတာလည်း ဖြစ်ရ မယ်။ တခြားဌာနမြေတို့၊ ကျောင်း မြေ၊ သာသနာ့မြေတွေမှာ နေတဲ့ သူဆိုရင် ပေးလို့မရဘူး။ ၁၂ နှစ် အထက်နေတဲ့သူ ဟုတ်၊ မဟုတ်ကိုရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက စစ်ဆေးမယ်။
ရေ၊ မီး လျှပ်စစ် စတဲ့ အခွန်တွေ ဆောင်ထားတဲ့ ပြေစာတွေ ကြည့်မယ်။ သန်းခေါင် စာရင်းရှိရင်တော့ ရဖို့ ပိုသေချာ တယ်’’ဟု ၎င်းက ပြောသည်။

တစ်နေရာတည်းတွင် အ နည်းဆုံး ၁၂ နှစ်နေထိုင်ခြင်း၊ ပုဂ္ဂ လိကပိုင်နှင့် စည်ပင်မဟုတ်သည့် အခြားဌာနပိုင်မြေတွင် ကျူးကျော် မှုမဟုတ်ခြင်း၊ လမ်းအကျယ် အ နည်းဆုံး ၈ ပေရှိသည့်နေရာဖြစ် ခြင်း၊ ဌာနတစ်ခုခုကို အခွန်ဆောင် ထားသည့် အထောက်အထားရှိ ခြင်း စသည့်အချက် ၁၉ ချက်နှင့် ကိုက်ညီမှုရှိ၊ မရှိ မြို့နယ်အုပ်ချုပ် ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ်စည်ပင်သာယာဌာန တို့ ပူးပေါင်းစိစစ်နေကြောင်း ဦး အောင်အောင်က ပြောသည်။

အထက်ပါ အချက်များနှင့် ကိုက်ညီသည့် ကျူးကျော်များစာ ရင်းကို မကြာမီ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ တင်ပြရမည်ဖြစ်ပြီး ကော်မတီက လာမည့်နိုဝင်ဘာလလယ်တွင် ဂရန် ထုတ်ပေးရန် စီစဉ်ထားကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် စည်ပင် သာယာရေးရုံးမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။
နောက်ပိုင်းတွင် အခြားမြို့ နယ်များ၌လည်း သတ်မှတ်ချက် နှင့် ညီသည့် ကျူးကျော်များကို ဂရန်ထုတ်ပေးရန် ဆောင်ရွက် မည်ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။

သို့သော် သတ်မှတ်ချက်များ နှင့်ကိုက်ညီသည့်ကျူးကျော်များ နည်းပါးနေပြီး သာကေတမြို့နယ် တစ်ခုလုံးတွင် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကျူးအိမ်ထောင်စု ၁၀၀ ကျော်သာရှိကြောင်း သိရသည်။ ဂရန်ထုတ်ပေးမည့်မြေကွက် အကျယ်အဝန်းမှာ အနည်းဆုံး ပေ ၂၀×၆၀ နှင့် ပေ ၄၀×၆၀ ဖြစ်ကြောင်း၊ အဆိုပါအကျယ်အဝန်း တွင် တစ်ဦးတည်းနေထိုင်နိုင်ခြင်း မရှိလျှင် ဘေးချင်းကပ်နှစ်ဦး၊ သုံး ဦး စုပေါင်း၍လည်း ဂရန်လျှောက်ထားနိုင်ကြောင်း ဦးအောင်အောင်က ပြောသည်။
နောက်ဆုံးခန့်မှန်းကောက် ယူထားသည့်အချက်အလက်အရ ရန်ကုန်မြို့တွင် ကျူးကျော်အိမ် ထောင်စုပေါင်း ငါးသောင်းခန့်ရှိ မည်ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ထုတ်ပြန်သည်။

Credit : 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service