ဆောက်လုပ်ရေးလုပ်ငန်းများ ရွေးကောက်ပွဲ စောင့်ကြည့် နေသဖြင့် လုပ်သားခေါ်ယူမှု အနည်းငယ်လျော့

ဆောက်လုပ်ရေးလုပ်ငန်းများ ရွေးကောက်ပွဲ စောင့်ကြည့် နေသဖြင့် လုပ်သားခေါ်ယူမှု အနည်းငယ်လျော့ - Property News in Myanmar from iMyanmarHouse.com
5 Oct 2015 11:17 am တွင် တင်ခဲ့သည်
1043 ကြိမ် ကြည့်ရှု့ပြီး
ရွေးကောက်ပွဲ ကာလကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ တိုးချဲ့ခြင်း ဆိုင်းငံ့လာသဖြင့် လုပ်သားခေါ်ယူမှုများ အနည်းငယ်လျော့ကျလာကြောင်း သတင်းရရှိသည်။

ယခုနှစ်လယ်ပိုင်းမှစတင်၍ ဆောက်လုပ်ရေးလုပ်ငန်းအချို့သည် ရွေးကောက်ပွဲကို စောင့်ကြည့်လိုကြသဖြင့် ဆောက်လုပ်ရေးလုပ်သား ခေါ်ယူမှုတွင် လျော့နည်းခြင်းဖြစ်သည်ဟု သက်ဆိုင်ရာ အလုပ်အကိုင်ရှာဖွေရေး ၀န်ဆောင်မှုလုပ်ငန်းများက ဆိုသည်။ ‘‘သိပ်အများကြီး လျော့သွားတာမျိုးတော့ မဟုတ်ဘူး။ အခါတိုင်းနှစ်တွေထက်တော့ လျော့သွားတယ်။
လုပ်ငန်းလည်နေဆဲ ဆောက်လုပ်ရေးလုပ်ငန်းတွေကတော့ ခေါ်နေတုန်းပဲ’’ဟု ကောင်းထက် ၀န်ဆောင်မှုလုပ်ငန်း ဈေးကွက်တာဝန်ခံတစ်ဦးက ဆိုသည်။ ဆောက်လုပ်ရေးလုပ်သား ခေါ်ယူမှုတွင် အချို့အလုပ်အကိုင်ရှာဖွေရေး ၀န်ဆောင်မှုလုပ်ငန်းများ၌ ယခုကာလအတွင်း ၂၀၁၅ နှစ်ဆန်းကထက် ၂၀ ရာခိုင်နှုန်း ခေါ်ယူမှု လျော့ကျနေခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုလပိုင်းအတွင်း ထိုသို့ ဆောက်လုပ်ရေးနှင့် သက်ဆိုင်သည့် လုပ်သားခေါ်ယူမှု လျော့နည်းလာခြင်းသည် ရွေးကောက်ပွဲကာလနှင့် တိုက်ဆိုင်နေခြင်း တစ်ခုတည်းကြောင့် မဟုတ်ဘဲ ပြင်ပ အိမ်ခြံမြေအရောင်းအ၀ယ် အေးနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု J- Sat General ၀န်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

ဆောက်လုပ်ရေး လုပ်ငန်းများအနေဖြင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် အခြေခံလုပ်သားများ ခေါ်ယူမှုများကို ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး ၀န်ဆောင်မှုလုပ်ငန်းများဖြင့် ချိတ်ဆက်ခေါ်ယူမှု ပြုလုပ်လာခဲ့ကြခြင်းဖြစ်ပြီး အင်ဂျင်နီယာအဆင့် လုပ်သားခေါ်ယူမှုမှာ ထူးထူးခြား ခြားလျော့ပါးမှု ရှိမနေခဲ့ကြောင်း သိရသည်။

‘‘ကျွန်မတို့ဆီက တစ်ဆင့်တော့ အင်ဂျင်နီယာတွေ ခေါ်ယူမှု ပုံမှန်အနေအထားရှိတယ်။ ထူးထူးခြားခြား အပြောင်းအလဲ မရှိဘူး’’ဟု ပြည့်ကိုကို ၀န်ဆောင်မှုလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်ခင်လပြည့်ဝန်းက ပြောသည်။

ရန်ကုန်မြို့တွင် ဆောက်လုပ်ရေးလုပ်ငန်းများအနေဖြင့် ရွေးကောက်ပွဲရှိနေခြင်းနှင့် မိုးတွင်းကာလ ဖြစ်နေခြင်းကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ အဆောက်အအုံဆောက်လုပ်ခွင့် လျှောက်ထားမှုများ နှစ်ဆန်းပိုင်းကာလကထက် ထက်ဝက်ခန့် လျော့နည်းနေသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးခင်လှိုင်က ပြောကြားထားသည်။

Credit: 7Day News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service