ရန်ကုန်မြို့ရှိ မဲရုံလိုအပ် ချက်ရှိသည့်နေရာများတွင် ယာ ယီမဲရုံများ ဖွင့်လှစ်မည်ဖြစ်ပြီး လူမနေသည့် တိုက်ခန်းများနှင့် ကား အရောင်းပြခန်းများတွင်ပါ မဲရုံများညှိနှိုင်းဖွင့်လှစ်မည်ဟု ရန် ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက နိုင်ငံပိုင်သတင်းဌာနအား ပြောကြား သည်။
‘‘အရှေ့ပိုင်းခရိုင်တစ်ခု တည်းမှာ နေအိမ်တိုက်ခန်းကို မဲ ရုံအနေနဲ့ သုံးတာ တစ်ရာကျော် တယ်။ ဆောက်လုပ်ဆဲလူမနေ သေးတဲ့တိုက်ခန်းတွေပေါ့။ ကန် ထရိုက်တွေနဲ့ညှိနှိုင်းပြီး လုပ်မှာ ပါ။
ကားမထားတဲ့အရောင်းပြခန်း အလွတ်တွေမှာလည်း ပိုင်ရှင်တွေ နဲ့ညှိနှိုင်းပြီး မဲရုံတွေဆောက်ဖို့စီ စဉ်နေပါတယ်’’ဟု ဦးကိုကိုက ပြောသည်။
မဲရုံများကို စာသင်ကျောင်း များတွင် အများဆုံးဖွင့်လှစ်ထား ပြီး ဆွမ်းလောင်းဓမ္မာရုံများ၊ စက်ရုံ၊ အလုပ်ရုံများ၊ အားကစားရုံများ နှင့်အစိုးရပိုင်အဆောက်အအုံအ ချို့၌ ညှိနှိုင်းဆောင်ရွက်မည်ဟု ဆိုသည်။
မဲရုံတည်ဆောက်ရန်လိုအပ် သည့်နေရာများတွင် မဲရုံတည် ဆောက်ပေးမည်ဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီးအတွင်း မဲရုံအရေ အတွက် ၅,၅၁၉ ရုံထားရှိမည် ဖြစ်ကြောင်း သိရသည်။
‘‘တပ်မဲရုံတွေကို နိုင်ငံရေး သမားတွေ၊ ကိုယ်စားလှယ် လောင်းတွေ၊ မီဒီယာသမားတွေ၊ စောင့်ကြည့်လေ့လာသူတွေ ဝင် လို့မရမှာ ပူစရာမလိုပါဘူး။ ဝင် လို့ရပါတယ်။ တပ်ကလည်း လမ်း ကြောင်းတစ်ခုသတ်မှတ်ပေးပါ လိမ့်မယ်။
အဲဒီလမ်းကြောင်းအ တိုင်း စည်းကမ်းတကျဝင်ထွက်ပြီး တော့ မဲပေးလို့ရမယ်။ သတင်းယူ လို့ရမယ်။ Result စောင့်ကြည့်လို့ ရမယ်’’ဟု ဦးကိုကိုက ပြောသည်။
ရွေးကောက်ပွဲတွင် အချို့ရဲ တပ်ရင်းများထဲ၌ မဲရုံထားခွင့် မပြုကြောင်း၊ ထို့ကြောင့် ရဲတပ် ရင်းများတွင်နေထိုင်သော ရဲတပ် ဖွဲ့ဝင်များနှင့် မိသားစုဝင်များသည် ရဲတပ်ရင်းများတည်ရှိသော ရပ်ကွက်အတွင်း မဲရုံတွင် မဲပေးရမည်ဖြစ်ကြောင်း သိရသည်။
Credit : 7Day Daily