ရန်ကုန်-ဒလ မြစ်ကူးကြိုးတံတားကို နိုဝင်ဘာလလယ်တွင် စတင်တည်ဆောက်မည်

ရန်ကုန်-ဒလ မြစ်ကူးကြိုးတံတားကို နိုဝင်ဘာလလယ်တွင် စတင်တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
2 Oct 2015 9:56 am တွင် တင်ခဲ့သည်
3434 ကြိမ် ကြည့်ရှု့ပြီး
စိတ်ဝင်စားမှုအများဆုံးဖြစ်သည့်အ ကြောင်းအရာများအနက် တစ်ခုအပါအ ဝင်ဖြစ်သော ရန်ကုန်-ဒလ မြစ်ကူးကြိုးတံ တားကို နိုဝင်ဘာလ ၁၄ ရက်တွင် တောင်ကိုရီးယားနှင့် လက်မှတ်ထိုးကာ စတင် တည်ဆောက်ရန် ရည်မှန်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းရ ရှိသည်။

အခုတောင်ကိုရီးယားနဲ့ ချေးငွေ လက်မှတ်ထိုးပြီးရင် ချက်ချင်းစတော့မယ်။ တောင်ကိုရီးယားက ဆောက်မယ့်ကုမ္ပဏီ တွေကို တောင်ကိုရီးယားက စစ်ဆေးရေး အဖွဲ့နဲ့ မြန်မာကအဖွဲ့တို့ပူးပေါင်းပြီး တင် ဒါခေါ်နေတဲ့ အချိန်ရောက်နေပြီ။ တောင်ကိုရီးယားလုပ်ငန်းရှင်တွေက မြန်မာနိုင်ငံ မှာလာပြီး တင်ဒါပြိုင်ရမယ်}}ဟု ဆောက် လုပ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်း ဝန် ဦးကျော်လင်းက ပြည်မြန်မာသို့ ပြော သည်။

အဆိုပါ ရန်ကုန်-ဒလ တံတားစီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် တောင်ကိုရီးယားအစိုးရ၏အစီအစဉ်ဖြင့် တောင်ကိုရီးယားကုမ္ပဏီကတည်ဆောက်ရန် ဆောက်လုပ်ရေး
ဝန်ကြီးဌာနမှဒုတိယဝန်ကြီးအပါအဝင်တာဝန်ရှိပုဂ္ဂိုလ်အများစုကိုတံတားတည်ဆောက်မည့်နေရာတွင် မြေပြင်ကွင်းဆင်းတိုင်းတာမှုများပြုလုပ်ခဲ့ဖူးသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မှတ်တမ်းများက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်ကတည်းက အဆိုပါ တံတားတည်ဆောက်မည်ဆိုသည့် အတွက် ဒလ-တွံတေးတို့တွင် မြေဈေး မြင့်တက်မှု၊ မြေကွက်ဈေးကစားမှုများ ဖြစ်ပေါ်ခဲ့ကာ တံတားတည်ဆောက်မှု ရပ်သွားသည့်အတွက် မြေဈေးကျကာ ဈေးကြီးပေးဝယ်ယူထားသူအချို့ ပိုက်ဘောမိ ခဲ့ရသေးသည်။

အဆိုပါတံတားကို ကန်ဒေါ်လာ ၁၃၈ သန်းအသုံးပြုကာ လာမည့် ၂၀၁၉ ခုနှစ် တွင်ပြီးစီးမည်ဟုမျှော်မှန်းထားပြီး တံတား တည်ဆောက်ရာတွင် သင်္ဘောကြီးများ သွားလာနိုင်ရေးအတွက် ရေလမ်းကင်း လွတ်အမြင့် ပေ ၁၆၀ နှင့် ရေလမ်းကင်း လွတ်အကျယ်မှာ ၈၂၃ ပေ ထားရှိပေးမည် ဖြစ်ကြောင်း၊ဒလမြို့အပါအဝင် ရေရှား
သောပြဿနာများကိုဖြေရှင်းနိုင်ရန်တံတားနှင့်အတူ ပိုက်လိုင်းကိုပါ ပူးတွဲသွယ် တန်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့  တော်စည်ပင်က ထုတ်ပြန်ထားမှုအရ သိရသည်။

ရန်ကုန်ဘက်အခြမ်းမှ လမ်းမတော် မြို့နယ် မော်တင်ဆိပ်ကမ်းဝန်းကျင်နှင့် ဒလဘက်အခြမ်း ကျန်စစ်သားရပ်ကွက် ဝန်းကျင်နေရာများမှာ တံတားစီမံကိန်းအတွင်း ဧရိယာတွင်ပါဝင်နေသည့်အတွက် ယင်းတို့ကို အောက်တိုဘာလမကုန်မီ ဖယ်ရှားပေးရန်နှင့် လျော်ကြေးပေးရန် တို့ကို ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက ညှိနှိုင်းလုပ်ဆောင်နေ ကြောင်း သိရသည်။

အဆိုပါစီမံကိန်းတွင်မူလကရေ အောက်ဥမင်ကားလမ်းများပါ ထည့်သွင်း တည်ဆောက်ရန်စီစဉ်ခဲ့သော်လည်း နည်း ပညာပိုင်းဆိုင်ရာ အခက်အခဲရှိခဲ့သည့်အတွက် မပါဝင် တော့ကြောင်း သိရသည်။

တံတားစီမံကိန်း ပြီးစီးလျှင် ရန်ကုန်မြို့တစ်ဖက်ကမ်းရ
ှိ မြို့ နယ်များ ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်မှု ရှိ လာနိုင်မည့်အပြင် ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ မြို့အချို့ကိုပါသယ်ယူပို့ ဆောင်ရေးကောင်းမွန်
လာနိုင်ကြောင်း ဝါ ရင့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံး သပ်ပြောကြားသည်။

Credit: Pyi Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service