အဆောက်အအုံဆောက်လုပ်ရာ၌ တင်ပြရမည့် မြေသား စမ်းသပ်မှုမှတ်တမ်း (Soil Report) များကို စည်ပင်က ခွင့်ပြုထားသည့်ကုမ္ပဏီများ၏ စမ်းသပ်ချက်များ ကိုသာ အောက်တိုဘာ ၁ ရက်မှစ၍ လက်ခံကြောင်း သတင်းရရှိသည်။
မြေသားစမ်းသပ်မှုလုပ်ငန်း လိုင်စင်အတွက် ကုမ္ပဏီ ၁၁ ခုကို လိုင်စင်ထုတ်ပေးထားပြီးဖြစ်ရာ ယင်းကုမ္ပဏီများ၏ စမ်းသပ်ချက် များကို ကော်မတီက လက်ခံမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အောက်တိုဘာ ၁ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
ယခုကဲ့သို့ လုပ်ဆောင်ရခြင်းမှာ လုပ်ငန်းဆောင်ရွက်ချက်အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေရန် ရည်ရွယ်ထားကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ အဆောက်အအုံအင်ဂျင်နီယာဌာနက ဆိုသည်။
မြေသားစမ်းသပ်မှုလုပ်ငန်း များအတွက် ယခင်က အထပ်မြင့် အဆောက်အအုံတည်ဆောက် ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေး ရေးကော်မတီထောက်ခံချက်ဖြင့် ဆောင်ရွက်နေပြီး ယခုလိုင်စင် တင်ခိုင်းခြင်းဖြစ်ကြောင်း မြေသားစမ်းသပ်မှုလိုင်စင်ရ Geotechnics Myanmar ကုမ္ပဏီ ဒါရိုက်တာ ဦးဇာနည်မောင်က ပြောသည်။
‘‘စည်ပင်က အရည်အသွေး မြှင့်ချင်လို့ထင်ပါတယ်။ အခုလို လုပ်တဲ့အတွက် အပယ်ခံရတဲ့ Report တွေ မဖြစ်တော့ဘူး။ အ ရင်တုန်းက ဆောက်လုပ်ရေးလုပ် ငန်းရှင်တွေက ဘယ်မှာ အပ်ရမှန်း မသိဘူးဖြစ်နေတာတွေ။ စည်ပင် ဘက်က ဘယ်မှာ အပ်လို့လက်မ ခံတော့ဘူးဆိုတာ မရှိတော့ဘူး။ လိုင်စင်ရထားတဲ့ ကုမ္ပဏီလုပ်ရင် လက်ခံရတော့မယ်။
ဒီပြဿနာ ကင်းသွားတယ်’’ဟု ၎င်းက ဆို သည်။ လက်ရှိတွင် အထပ်မြင့်အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးကော်မတီခွင့်ပြုချက်ဖြင့် မြေ သားစမ်းသပ်မှုများလုပ်ကိုင်နေ သည့် ကုမ္ပဏီ ၁၂ ခုရှိပြီး လိုင်စင် လျှောက်ထားလိုသည့် ကုမ္ပဏီ များသည် အထက်ပါကော်မတီ ထောက်ခံချက် တင်ပြလျှောက် ထားရမည်ဖြစ်သည်။
ယင်းလိုင် စင်အတွက် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများသာ ခွင့်ပြုကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကြေညာထားသည်။
Credit : 7Day Daily