ချင်းပြည်နယ်မြောက်ပိုင်း တီး တိန်မြို့တွင် ယခုနှစ်အတွင်း မြေ ဈေးများ မြင့်တက်နေပြီး လူစည် ကားသည့် နေရာများ၌ မြေတစ် ကွက်လျှင် ကျပ်သိန်းထောင်ကျော် သည်အထိ အရောင်းအဝယ်ဖြစ် နေကြောင်း ဒေသခံများထံမှ သိရ သည်။ တီးတိန်မြို့မှ မြေကွက်များ ရောင်းချရာတွင် အိမ်ခြံမြေလုပ်ငန်း များက ရောင်းချခြင်းမျိုး မဟုတ်ဘဲ အိမ်ပိုင်ရှင်များကသာ တိုက်ရိုက် ရောင်းချကြခြင်းဖြစ်သည်။
”ဝယ်တဲ့သူလည်း သိပ်မရှိပါ ဘူး။ ဝယ်မယ်ဆိုရင်လည်း ဘယ် လောက်နဲ့ ဝယ်မလဲ။ များများပေးပြီး ဝယ်ဆိုပြီး ရောင်းကြတယ်။ ဒီနှစ် ထဲမှာ ဘဏ်ဆောက်ဖို့ဆိုပြီး ဝယ် သွားတာ သိန်း ၁,၅ဝဝ နဲ့လေ” ဟု တီးတိန်မြို့နေ ဇိုမီးလူငယ်အသင်း အတွင်းရေးမှူး ဦးထန်ဗျန်လျန်းက ပြောသည်။
တီးတိန်မြို့နယ်အတွင်း အိမ် ဆောက်ရန် မြေကွက်များရောင်းချ ရာတွင် တောင်များကို ချိတ်ကာ ဆောက်လုပ်ကြခြင်းကြောင့် မျက် နှာစာကိုသာ ရောင်းချခြင်းဖြစ်ပြီး လက်ရှိတွင် မျက်နှာစာ ၂၄ ပေရှိ မြေတစ်ကွက်လျှင် ကျပ်သိန်း ၂ဝဝ မှ ကျပ်သိန်း ၅ဝဝ ဖြင့် ရောင်းချကြ ကြောင်း သိရသည်။
”ဒီဘက်မှာက သစ်နဲ့ဆောက် တာက ပိုများတယ်။ တိုက်ခံဆောက် နိုင်တဲ့သူက ရှားတယ်။ ဒီဘက်က သစ်ပေါပေမယ့် သယ်ယူစရိတ်များ လို့ တိုက်ဆောက်မယ်ဆိုရင် သုံးနှစ် လောက်ဆောက်မှ ပြီးတာ။ သယ်ယူ စရိတ်ကြောင့် တိုက်နဲ့အိမ်ဆို သိန်း ထောင်ကျော်အထိ ဈေးများတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
လတ်တလောတွင် တီးတိန်မြို့ ရှိ မြို့မရပ်ကွက်နှင့် လွယ်ဘွားလ် ရပ်ကွက်ရှိ မြေများမှ မြေကွက်များ မှာ ဈေးအမြင့်ဆုံးဖြစ်ကြောင်း၊ အိမ် အပါ မြေတစ်ကွက်လျှင် ပေါက်ဈေး ထက် ကျပ်သိန်း ၁ဝဝ ခန့်အထိ ဈေးပိုများကြောင်း ဒေသခံများထံမှ သိရသည်။
တီးတိန်မြို့အတွင်း မျက်နှာစာ ၂၄ ပေရှိ မြေတစ်ကွက်လျှင် ၂ဝဝ၃ ခုနှစ်က ကျပ်သိန်း ၅ဝ ဖြင့် ရောင်းချ ခဲ့ကြသော်လည်း ၂ဝ၁၅ ခုနှစ် အရောက်တွင် မျက်နှာစာ ၂၄ ပေရှိ မြေတစ်ကွက်လျှင် ကျပ်သိန်း ၂ဝဝ မှ ကျပ်သိန်း ၅ဝဝ အထိ၊ မျက်နှာစာ ပေ ၁၂ဝ ရှိ မြေတစ်ကွက်လျှင် နေရာပေါ်မူတည်ကာ ကျပ်သိန်း ၁,၅ဝဝ အထိ ဈေးပေါက်လျက် ရှိသည်။
ချင်းပြည်နယ်မြောက်ပိုင်း တီး တိန်မြို့နယ်အတွင်း စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နှင့် တီးတိန်မြို့ သို့ ဆက်သွယ်ထားသည့် လမ်းပိုင်း မှာလည်း သဘာဝဘေးအန္တရာယ် ကြောင့် မြေပြိုကျမှုများ ဖြစ်ပေါ်နေ ရပြီး ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ သယ်ယူပို့ဆောင်ရေး ကဏ္ဍ၌ အခက်အခဲရှိကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ဇူလိုင်လကုန်မှ စတင်၍ မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်မြို့နှင့် ကလေးမြို့အကြားရှိ အာလွယ်ရွာနှင့် သိုင်းငင်းရွာအကြား မှ ခြောက်မိုင်ခန့်မှာ သြဂုတ်လ ဒုတိယအပတ်တွင် တောင်ပြိုမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် တီးတိန်မြို့နယ် အတွင်း ကုန်ဈေးနှုန်းများ မြင့်တက် လာခြင်းဖြစ်သည်။
”အခု ဈေးပြန်လျော့မလိုဖြစ် ပြီးမှ အခု လမ်းသစ်ရော လမ်း ဟောင်းပါ သွားမရဘဲ မိုးလည်းရွာ နေလို့ ဈေးပြန်တက်လာတယ်” ဟု တီးတိန်မြို့မှ ဒေသခံကုန်သည် တစ်ဦးက ပြောသည်။
တီးတိန်မြို့နယ်အတွင်း ဆောက် လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေး နှုန်း မြင့်တတ်သလို ဇူလိုင်လကုန် ပိုင်းတွင် ဆန်တစ်အိတ်လျှင် ကျပ် ၂၅,ဝဝဝ ရှိရာမှ လက်ရှိတွင် ကျပ် ၃ဝ,ဝဝဝ နီးပါးအထိ ဈေးပြန်တက် လာကြောင်း၊ ဇူလိုင်လကုန်ပိုင်းတွင် ဓာတ်ဆီ တစ်ဂါလန်လျှင် ကျပ် ၃,၈ဝဝ ဖြင့် အရောင်းအဝယ်ဖြစ်နေ သော်လည်း သြဂုတ်လမှ စတင် ဈေးတက်ခဲ့ရာ လက်ရှိအချိန်အထိ ဓာတ်ဆီ တစ်ဂါလန်လျှင် ကျပ် ၇ဝ,ဝဝ ဝန်းကျင်ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။
”လမ်းတွေက ပျက်နေတယ်။ ဘယ်နှရက်လောက်ကြာပြီးမှ ဟို ဘက်ကို ရောက်မယ်မှန်းမသိတော့ ဒေသတွင်းမှာ စားသောက်ကုန်ဈေး တွေ ပြန်တက်လာတယ်။ အခုဆို လမ်းသစ်ကလည်း သွားမရ၊ လမ်း ဟောင်းကလည်း ပျက်နေတော့ သယ်ဆောင်ရေးစရိတ်တွေ တအား တက်နေတယ်” ဟု တီးတိန်ဒေသခံ တစ်ဦးက ပြောသည်။
ချင်းပြည်နယ်မြောက်ပိုင်းရှိ သဘာဝဘေးအန္တရာယ်ကြောင့် မြေ ပြိုခဲ့ရာ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇန်နှင့် ကျီခါးမြို့များသို့ သွား သည့် လမ်းများအပြင် အဆိုပါ ဒေသများရှိ လူနေအိမ်များပါ ပြိုကျ ပျက်စီးခဲ့ကြောင်းကိုလည်း သိရ သည်။
Credit: thetradetimes