တာမွေ(ယာယီ)ဈေးသစ် မကြာမီဆောက်လုပ်မည်

တာမွေ(ယာယီ)ဈေးသစ် မကြာမီဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
29 Sep 2015 9:46 am တွင် တင်ခဲ့သည်
892 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တွင်းရှိ ဈေးများအား အဆင့်မြှင့် တင်ခြင်း၊ ပြုပြင်မွမ်းမံခြင်းများနှင့် အသစ်ပြန်လည် ဆောက်လုပ်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ တာမွေ(ယာယီ)ဈေးသစ်ကိုလည်း မကြာမီဆောက် လုပ်တော့မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန)မှ တာဝန်ရှိသူတစ်ဦးက ''ဈေးသူ ဈေးသားများကလည်း စက်တင်ဘာ ၁၅ ရက်က ဈေးသစ်ဆောက်လုပ်ဖို့အတွက် ဆန္ဒပြုခဲ့ရာမှာ ရာခိုင်နှုန်းများများ မဲပေးခဲ့ကြလို့ ဈေးသစ်ဆောက် လုပ်ဖို့ လုပ်ငန်းစတော့မှာပါ။ ဘယ်တော့လဲဆိုတာ က မသိရသေးပါဘူး။

ညှိနှိုင်းဆောင်ရွက်ဆဲပါ။ ဈေးသစ်ကိုဆောက်လုပ်မှာကလည်း အထက်ဌာန ကလူကြီးများရဲ့ ညွှန်ကြားချက်နဲ့ ဘဏ္ဍာငွေအပေါ် မူတည်ပြီးတော့ ကုမ္ပဏီတွေနဲ့ ဆောက်လုပ်သွား မှာပါ''ဟု ပြောသည်။

တာမွေ(ယာယီ)ဈေးသစ် ဆောက်လုပ်ရန် အတွက် တာမွေ(ယာယီ)ဈေးမှ ဈေးသူ ဈေးသား များ၏ ဆန္ဒအတိုင်း မဲခွဲဆုံးဖြတ်စေခဲ့ခြင်းဖြစ် ကြောင်း၊ အဆိုပါဈေးတွင် မှတ်ပုံတင်ရောင်းချနေ သော ဆိုင်ခန်းအရေအတွက် ၆ဝ၈ ခန်းအနက် ဆိုင်ခန်း ၅ဝဝ ကျော်က ဈေးသစ်ဆောက်လုပ်ရန် ဆန္ဒပြုခဲ့ကြောင်း သိရသည်။

''ဈေးသစ်ဆောက်လုပ်ပြီးရင်တော့ ယခင်ဈေး ဟောင်းနဲ့ တူမှာမဟုတ်တော့ဘဲ ဈေးသူ ဈေးသား များရဲ့ ဆိုင်ခန်းများဟာ ရေဘေး၊ မီးဘေးကြိုတင် ကာကွယ်ရေးဆိုင်ရာများ၊ လျှပ်စစ်ပိုင်းဆိုင်ရာများ အဆင့်မြင့်သွားမှာဖြစ်ပြီး လေဝင် လေထွက် ကောင်းမွန်သွားမှာပါ။ ဈေးရောင်းသူနဲ့ ဈေးဝယ် သူများအတွက်ပါ အဆင်ပြေကြတော့မှာပါ။ ဈေး သစ်ဆောက်လုပ် ရင်လည်း ဈေးသူ ဈေးသားများက ဘာငွေကြေးမှပေးသွင်းစရာမလိုပါဘူး''ဟု အဆိုပါ ဈေးများဌာနမှ တာဝန်ရှိသူက ဆက်လက်ပြောကြား သည်။

တာမွေ(ယာယီ)ဈေးသစ် ဆောက်လုပ်နေစဉ် အတွင်း ဈေးသူ ဈေးသားများ ရောင်းဝယ်ဖောက် ကားမှု အဆင်ပြေကြစေရေး အတွက် ဈေးသစ် ဆောက်လုပ်နေသည့်အနီးအနားရှိ လွတ်ကင်း သည့် ကျန်ရှိမြေဧရိယာ၌ပင် ယာယီနေရာများ ကို ဈေးများဌာန က ပြန်လည်ချထားပေး သွားမည်ဖြစ် ကြောင်း သိရသည်။

တာမွေ(ယာယီ)ဈေးသည် တာမွေမြို့နယ် ကျိုက္ကဆံလမ်းမပေါ် တွင်တည်ရှိပြီး ဈေး၏မြေ နေရာအနေအထားမှာ တြိဂံနှင့် စတုဂံပုံမကျတကျ ဖြစ်ကာ အကျယ်အဝန်းဧရိယာမှာ စတုရန်း တစ်ဧကခွဲကျော်ရှိသည်။ မှတ်ပုံတင်ဖွင့်လှစ်ရောင်း ချနေသည့် ဆိုင်ခန်းပေါင်း ၆၄ဝ ခန့်ရှိပြီး ဈေးဝင်း အတွင်း တစ်ရက် ငွေကျပ် ၅ဝ ဖြတ်ပိုင်းပေးဆောင် ရောင်းချနေသည့် ပျံကျဈေးသည်များလည်း ရှိ သည်။

တာမွေ(ယာယီ)ဈေးသစ် ဆောက်လုပ်ပြီးစီးပါက မှတ်ပုံတင်ဆိုင်ခန်းများမှ ဈေးသူ၊ဈေးသားများကို မြေညီထပ်တွင် ပြန်လည်နေရာချပေးမည်ဖြစ်ပြီး ဖြတ်ပိုင်းပေးဆောင် ဈေးရောင်းချနေကြသော ကတ်ပြားရှိ ပျံကျဈေးသည်များအတွက်လည်း ဆိုင်ခန်းပေါင်း ၇ဝဝ ကျော်ကို ဈေးများဌာနက ပထမထပ်တွင်စီစဉ်ပေးမည်ဟု သိရသည်။

တာမွေ(ယာယီ)ဈေးကို ၁၉၉၄ ခုနှစ် စက်တင် ဘာလက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဈေး အနီးတွင်ဖွင့်လှစ်ခဲ့သည့် တာမွေပလာဇာမှာ စည်ကားမှု နည်းပါးခဲ့သောကြောင့် ဈေးသူ ဈေး သားများမှာ တာမွေ(ယာယီ)ဈေးသို့ ပြောင်းရွှေ့ ရောင်းချခဲ့ကြခြင်းဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း အခွန်လွတ်ဈေးများအပါအဝင် ဈေးစုစုပေါင်း ၁၇၆ ဈေးရှိပြီး တောင်ပိုင်းခရိုင် တစ်ခုတည်းတွင် အခွန်လွတ်ဈေးများအပါအဝင် ဈေးစုစုပေါင်း ၄၂ ဈေးရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service