ဒလ-ပန်းဆိုးတန်း တံတားစီမံကိန်းအတွက် စတင်

ဒလ-ပန်းဆိုးတန်း တံတားစီမံကိန်းအတွက် စတင် - Property News in Myanmar from iMyanmarHouse.com
29 Sep 2015 9:43 am တွင် တင်ခဲ့သည်
1286 ကြိမ် ကြည့်ရှု့ပြီး
ဒလ-ပန်းဆိုးတန်းတံတားစီမံကိန်းအတွက် မြေနေရာဖယ်ပေးရန် အပြီးသတ်သဘောတူချက် လက်မှတ်ရေးထိုးခြင်းကို ယခုလအတွင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

"အခုလိုရေးထိုးတဲ့အခါမှာ ကျွန်တော်တို့လည်း ပါဝင်မှာပါ။ ဒလမြို့နယ်ထဲက လူကြီးပိုင်းဆိုင်ရာ ဆိုင်ရာ အဖွဲ့အစည်းတွေရှိပါတယ်။ အားလုံး ပါဝင်လက်မှတ်ရေးထိုးဖို့ စီစဉ်ထားပါတယ်။ ရက်ကိုတော့ စိစစ်နေတုန်း ဖြစ်ပါတယ်။
တံတားစီမံကိန်းက အကောင်အထည်ပေါ်လာမှာ အမှန်ပါပဲ" ဟု ဒလမြို့နယ် ဖွံ့ဖြိုးရေး အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌဦးတင်လိုင်က ပြောသည်။

အဆိုပါ တံတားကို တောင်ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအဖြစ် တောင်ကိုရီးယားနိုင်ငံက တည်ဆောက်ပေးမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၆၈ သန်း ကုန်ကျမည်ဟု ခန့်မှန်းထားသည်။
တံတားစီမံကိန်းအတွက် နေအိမ်အလုံး ၉၀ ဖယ်ရှားပေးရမည်ဖြစ်ရာ လျော်ကြေးအဖြစ် တစ်ပေပတ်လည် ကျပ်တစ်သောင်း ငါးထောင်နှုန်းဖြင့် တွက်ချက်ပေးလျော်မည်ဟု ဆိုထားသော်လည်း မြို့နယ် လူထု၏ ဆန္ဒကိုလည်း

ဦးစားပေးသည့်အနေဖြင့် ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်ဟု တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်က ပြောသည်။

ဒလမြို့နယ်အတွင်း ဗိုလ်မင်းရောင်လမ်း ဘေးဝဲယာရှိ မူလွန်အမက ၉ နှင့် အထက ၂ တည်ရှိရာတွင် စီမံကိန်းအတွက် ၀င်းထရံများ ကာရံမည်ဖြစ်သည့်အတွက် ကျောင်းသား ကျောင်းသူများ ဖြတ်သန်းသွားလာရန် လမ်းလွဲပြုလုပ်ပေးရန် လိုအပ်မည်ဖြစ်သည်။

ထို့ကြောင့် ဗိုလ်မင်းရောင်လမ်းမှ ပြန်လည် ခွဲထွက်သည့် လမ်းခွဲများဖြစ်သည့် နှင်းဆီလမ်းနှင့် မုတ္တမလမ်းတို့အနက် မုတ္တမလမ်းသို့ လမ်းလွှဲတစ်ခုကို မြို့တော်စည်ပင်က စတင် တည်ဆောက်နေပြီဖြစ်သည်။

"မုတ္တမလမ်းကိုတော့ လမ်းလွှဲတည်ဆောက်ပေးနေပြီ။ ဦးစားပေး အဆင့်အနေနဲ့ ပြုလုပ်ပေးဖို့အတွက် ဘတ်ဂျက်အနေအထားအရ နှင်းဆီလမ်းကိုလည်း လုပ်ပေးမယ်လို့တော့ သိရပါတယ်။ နှင်းဆီလမ်းကိုတော့ လမ်းလွှဲတည်ဆောက်ပေးဖို့ကို ဘယ်အချိန်စမလဲ မသိရသေးပါဘူး။
လမ်းခွဲတွေကနေတစ်ဆင့် လမ်းလွှဲလုပ်ပေးထားမှ ကျောင်းသားတွေ အဆင်ပြေပြေ အန္တရာယ်ကင်းကင်းနဲ့ တက်ရောက်နိုင်မယ်လို့ ထင်ပါတယ်"ဟု ဦးသန်းလှိုင်က ပြောသည်။

Credit : Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service