ဟောင်ကောင်ရှိ ဘရုစ်လီနေအိမ်ဟောင်းရဲ့ မသေချာတော့တဲ့ အနာဂတ်

ဟောင်ကောင်ရှိ ဘရုစ်လီနေအိမ်ဟောင်းရဲ့ မသေချာတော့တဲ့ အနာဂတ် - Property News in Myanmar from iMyanmarHouse.com
22 Sep 2015 10:18 am တွင် တင်ခဲ့သည်
1190 ကြိမ် ကြည့်ရှု့ပြီး
တိတ်ဆိတ်ငြိမ်သက်လှတဲ့ ဟောင်ကောင်နိုင်ငံပိုင် Kowloonကျွန်းဆွယ်ရှိနဂါးကိုးကောင်ကန်နားမှာ နေထိုင်ခဲ့သူကတော့ ကွန်ဖူးဘုရင် ဘရုစ်လီပဲဖြစ်ပါတယ်။ သူဟာ အသက် (၃၂)နှစ်အရွယ်၊ (၁၉၇၃)ခုနှစ်မှာ ရုတ်တရက်သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာစံချိန်စံနှုန်းနဲ့ ကြည့်ရင်တော့ ဘရုစ်လီ ပိုင်ဆိုင်ခဲ့တဲ့နေရာဟာ အထင်ကြီးစရာမကောင်းလှပေမယ့် လူနေအင်မတန်ထူထပ်ပြီး မြေဈေးတွေ ကြီးမားလှတဲ့ ဟောင်ကောင်လိုနိုင်ငံမျိုးမှာတော့ အတော်အသင့်ကျယ်ဝန်းတဲ့နေရာတစ်ခုဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

ပြီးတော့ အဲဒီနေရာဟာ မြို့ပြမီးရောင်များ၊ လူကုန်ထံများနေထိုင်ရာ မြို့ထဲလိုနေရာများနဲ့ဝေးတဲ့ အရပ်လည်း ဖြစ်ပါတယ်။

ဘရုစ်လီဟာ မြင့်မားတဲ့တိုက်တာအဆောက်အအုံတွေထူထပ်လှတဲ့ ဟောင်ကောင်မြို့ပြမှာ နာမည်ကျော် ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ပေမယ့် အမေရိကန်နိုင်ငံ၊ ဂရေစ်လန်းမှာရှိတဲ့ နာမည်ကျော် အဲလ်ဗစ်ပရက်စလေ လိုတော့သူ့ရဲ့နေအိမ်ဟာသမိုင်းဝင်နေရာတစ်ခုမဖြစ်ခဲ့ပါဘူး။

ဘရုစ်လီသေဆုံးသွားပြီးနောက်ပိုင်းမှာ ပြည်ကြီးတရုတ်လူမျိုး အကျိုးဆောင်တစ်ယောက်ဖြစ်တဲ့ ယုပန်လင်း ဆိုသူက ဘရုစ်ရဲ့နေအိမ်ကို (၁၉၇၄)ခုနှစ်မှာဝယ်ယူခဲ့ပြီး အဲဒီနေရာမှာ အင်မတန်မှ အနားယူချင်စဖွယ် ကောင်းတဲ့ ဟိုတယ်တစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီဟိုတယ်လေးမှာ မြို့ပြနဲ့ဝေးရာကနေရှောင်ထွက်ပြီး သီးသန့်အချိန်ယူလိုတဲ့ တိတ်တိတ်ပုန်းချစ်သူတွေ၊ အတွဲတွေကို နာရီနဲ့ အခန်းငှားနိုင်တဲ့အပြင် မိသားစုများနဲ့အတူနေထိုင်ပြီး လွတ်လပ်မှုမရှိတဲ့ စုံတွဲတွေအတွက်လည်း အခန်းငှားနေနိုင်ပါတယ်။

ယုပန်လင်းဟာ ပြီးခဲ့တဲ့ မေလမှာ သေဆုံးသွားခဲ့ပြီး ဘရုစ်လီပိုင်ဆိုင်တဲ့ နေရာရဲ့အနာဂတ်ကို မရေမရာနဲ့ ချန်ထားရစ်ခဲ့ပါတယ်။ ယုပန်လင်းရဲ့မြေးတော်စပ်သူ ပန်ဇီဗင်းကတော့ The South China Morning သတင်းဌာနကို “အဘိုးပိုင်ဆိုင်တဲ့ နေရာအတွက် ဥပဒေအရ ဆောင်ရွက်မှုတွေကို အပြီးသတ်ပြုလုပ်နေပါပြီ” ဆိုတာပဲ ပြောဆိုခဲ့ပြီး မည်ကဲ့သို့ အဆုံးသတ်မယ်ဆိုတာကို တိတိကျကျ မပြောဆိုခဲ့ပါဘူး။

ဘရုစ်လီရဲ့ ပရိတ်သတ်တွေနဲ့ မိသားစုဝင်တွေကတော့ ကိုယ်ခံပညာမှာ ကြယ်တပွင့်ဖြစ်ခဲ့သူ ဘရုစ်ရဲ့ အိမ်ဂေဟာလေးကို ပြန်လည်စုစည်းပြီး အမှတ်တရ အထိမ်းအမှတ်အဖြစ်နဲ့ ထိန်းသိမ်း ထားလိုကြပါတယ်။

“ကမ္ဘာတ၀ှမ်းမှာရှိတဲ့ ဘရုစ်လီရဲ့ ပရိတ်သတ်တွေဟာလည်း သူတို့ချစ်တဲ့ အနုပညာကြယ်ပွင့် ယခင် ပိုင်ဆိုင်ခဲ့တဲ့ နေရာကလေးကို အမှတ်တရအခမ်းအနားတစ်ခုအဖြစ် ပြန်လည်ထိန်းသိမ်းထားလိုကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ လုပ်ပေးနိုင်တဲ့ အရာတွေက အရမ်းနည်းပါတယ်။

အစိုးရနဲ့မြေပိုင်ရှင်တွေကပဲ ဒီကိစ္စကို ဖြစ်မြောက်အောင်လုပ်ပေးနိုင်မှာပါ။ ” လို့ ဘရုစ်လီး ပရိတ်သတ်တွေစုစည်းထားတဲ့ လူမှုစာမျက်နှာကို ဦးဆောင်နေသူ ၀မ်ယူကောင်းက The South China Morning သတင်းဌာနကို ပြောဆိုထားပါတယ်။

အကယ်၍သာ ဟောင်ကောင်မှာ ဒီကိစ္စမျိုးဖြစ်လာရင်တော့ “သားဦး” လို့ ဟောင်ကောင်မှာ လူသိများခဲ့တဲ့ ဘရုစ်လီရဲ့ ပရိတ်သတ်တွေအတွက်ကတော့ မှတ်တိုင်တစ်ခုဖြစ်လာမှာပါ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့်က ယုပန်လင်းဟာ ဒေသခံအစိုးရနဲ့ ဆက်သွယ်ပြီး အဲဒီအိမ်ကို ပြတိုက်တစ်ခု ဖြစ်လာရန် ပံ့ပိုးလှူတန်းပေးဖို့ကိစ္စကို လုပ်ဆောင်ခဲ့ပါသေးတယ်။

ဒါဟာ ဘရုစ်ရဲ့ပရိတ်သတ်တွေကို ချီးမြှင့်တဲ့သဘောနဲ့ဘရုစ်ရဲ့အိမ်ကို ပြတိုက်အဖြစ်ပြောင်းလဲဖို့ရန်အတွက် ဟောင်ကောင်အမွေအနှစ်ပြတိုက်အဖွဲ့ကို ဒေါ်လာ(၂၃)သန်းနဲ့ ရောင်း ချဖို့စီစဉ်ခဲ့တာပါ။ သို့ပေမယ့် ၂၀၁၁ ခုနှစ်မှာ အဲဒီအစီအစဉ် ပျက်ခဲ့ရပါတယ်။

၂၀၀၅ ခုနှစ်တုန်းက ဘရုစ်လီရဲ့ (၆၅)နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ စင်ရှာစု ကမ်းနားဖက်မှာ ဘရုစ်ရဲ့ရုပ်ထုကို ထုလုပ်ပြသခဲ့ပါတယ်။ ဒါကလည်း ကမ္ဘာတ၀ှမ်းမှာရှိတဲ့ ဘရုစ်လီရဲ့ ပရိတ်သတ်တွေကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ဘရုစ်လီရဲ့အဲဒီလိုရုပ်ထုမျိုးကိုပဲ ဗော့စနီးယားနိုင်ငံ မော့စတားမြို့ကလေး မှာလည်း စိုက်ထူခဲ့ပါတယ်။

ဘော့စနီးယားလူငယ်ခေါင်းဆောင်တစ်ဦးက “ ကျွန်တော်တို့ဟာ ဆားဗီးယား ဖြစ်ရင်ဖြစ်မယ်၊
ခရိုရေးရှာြး ဖစ်ရင်ဖြစ်မယ်၊ မူဆလင် ဘာသာဝင်ဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံး ဘရုစ်လီကို နှစ်သက် ကြတာတော့ အတူတူပဲ” လို့ ဘီဘီစီသတင်းဌာနကိုပြောကြားခဲ့ပါတယ်။

ဘရုစ်လီရဲ့သမီးဖြစ်သူရှန်နွန်ကလည်း သူမဟာ အိမ်ရာမြေအတွက် ညှိုနှိုင်းဆောင်ရွက်နေတဲ့ ကိစ္စမှာ မပါဝင်ပေမယ့် ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ကိုသတိရသောအားဖြင့် သူမငယ်စဉ်က ဘရုစ်နဲ့နေထိုင်ခဲ့တဲ့အိမ်ကလေးကိုဆက်လက်ထိန်းသိမ်းထားဖို့ တောင်းခံခဲ့ပါတယ်။

“ဒီအိမ်ကလေးကို ပြန်လည်ထိမ်းသိမ်းထားနိုင်ဖို့ ကျွန်မအနေနဲ့ တစ်ခုခုလုပ်ပေးနိုင်ရင် သိပ်ကောင်းမှာပဲ။ မြို့ပြအမွေအနှစ်ပြတိုက်မှာ ပြုလုပ်ခဲ့တဲ့ ပြပွဲမှာရရှိလိုက်တဲ့ အောင်မြင်မှုကိုအမှီပြုပြီး အစိုးရဒါမှမဟုတ် တာဝန်သိပြည်သူတစ်ဦးတစ်ယောက်ကနေများ မိသားစုနဲ့ လာရောက်ဆက်သွယ်ပြီး ဆွေးနွေးလာရင်တော့ ကျွန်မဖက်က အပြည့်အ၀အကူအညီပေးမှာပါ။ ”လို့ The South China Morning သတင်းဌာနကို ပြော ကြားခဲ့ပါတယ်။

Credit: The Irrawaddy
ဟောင်ကောင်ရှိ ဘရုစ်လီနေအိမ်ဟောင်းရဲ့ မသေချာတော့တဲ့ အနာဂတ် - Property News in Myanmar from iMyanmarHouse.com
ဟောင်ကောင်ရှိ ဘရုစ်လီနေအိမ်ဟောင်းရဲ့ မသေချာတော့တဲ့ အနာဂတ် - Property News in Myanmar from iMyanmarHouse.com
ဟောင်ကောင်ရှိ ဘရုစ်လီနေအိမ်ဟောင်းရဲ့ မသေချာတော့တဲ့ အနာဂတ် - Property News in Myanmar from iMyanmarHouse.com
ဟောင်ကောင်ရှိ ဘရုစ်လီနေအိမ်ဟောင်းရဲ့ မသေချာတော့တဲ့ အနာဂတ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service