ရေပေါ်ရေအောက် ငါးပြတိုက်ကို ၂၀၁၆ ခုနှစ်တွင် တစ်စိတ်တစ်ပိုင်း ဖွင့်လှစ်ပြသနိုင်ရန် လုပ်ဆောင်နေ

ရေပေါ်ရေအောက် ငါးပြတိုက်ကို ၂၀၁၆ ခုနှစ်တွင် တစ်စိတ်တစ်ပိုင်း ဖွင့်လှစ်ပြသနိုင်ရန် လုပ်ဆောင်နေ - Property News in Myanmar from iMyanmarHouse.com
18 Sep 2015 10:34 am တွင် တင်ခဲ့သည်
660 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ ကန်တော်ကြီး ပရိဝုဏ် အတွင်းရှိ ယခင်ရေချို ငါးဥယျာဉ် နေရာတွင် တည်ဆောက်လျက် ရှိသည့် မြန်မာ အကွာရီယံ နိုင်ငံတကာ အဆင့်မီ ရေပေါ်ရေအောက် ငါးပြတိုက်အား ၂ဝ၁၆ ခုနှစ်တွင် တစ်စိတ်တစ်ပိုင်း ဖွင့်လှစ်ပြသ နိုင်ရန် လုပ်ဆောင်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ကန်တော်ကြီး ရေချိုငါးဥယျာဉ် ကို ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှစတင်ကာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ စီမံခန့်ခွဲခဲ့ပြီး ကန်တော်ကြီး ရေချို ငါးဥယျာဉ်သည် အချက်အချာ ကျသည့်နေရာ၌ ရှိခြင်းကြောင့် နိုင်ငံတကာ အဆင့်မီ ရေပေါ်ရေအောက် ငါးပြတိုက်အဖြစ် တည်ဆောက်ရန် ၂ဝ၁၃ ခုနှစ် သြဂုတ်လတွင် ပြည်တွင်း လုပ်ငန်းရှင် များကို တင်ဒါခေါ်ယူ ခဲ့သည်။ ယင်းတင်ဒါ ခေါ်ယူ ခဲ့ရာတွင် ငှားရမ်းခ တစ်နှစ်လျှင် ကျပ်သိန်း ၁၂ဝဝ ပေးသည့် ဒေါ်ယုယဝင်း (မြန်မာ အကွာရီယံ ကုမ္ပဏီ)မှ တင်ဒါ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း ပြတိုက်သည် စုစုပေါင်း ကြမ်းခင်းဧရိယာ စတုရန်းပေ ၁၉ဝဝဝဝ၊ အမြင့်ပေ ၄ဝ ရှိမည် ဖြစ်သည်။ တစ်ထပ်ချင်း အမြင့် အနေဖြင့် ၁၂ ပေ ၆ လက်မ ရှိမည်ဖြစ်ပြီး စုစုပေါင်း ရေပမာဏ လီတာ ငါးသိန်း အသုံးပြု သွားမည် ဖြစ်သည်။

ယင်း ငါးပြတိုက်တွင် ငါးမန်း အပါအဝင် ငါး အမျိုးအစား ပေါင်း ၅ဝဝ ခန့်၊ ငါးအကောင်ရေ တစ်သန်းခန့်ကို ပြသသွားမည် ဖြစ်ပြီး ကြည့်ရှုသူ များကို ဆွဲဆောင် နိုင်သော မြန်မာနိုင်ငံ၏ Landmark အသွင်ဖြစ်လာ မည်ဟု မျှော်မှန်း ထားကြောင်း သိရသည်။

အဆိုပါ ငါးပြတိုက်ကို ရင်းနှီးမြှုပ်နှံမှု အနေဖြင့် အမေရိကန် ဒေါ်လာ ၁၅ သန်းကျော် ကုန်ကျမည်ဟု ခန့်မှန်း ထားကြောင်း၊ ပြတိုက်အတွင်း ရေငန်ငါးနှင့် ပင်လယ်ငါး မျိုးစိတ်များအား တစ်လှည့်စီ ပြသပေး သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရေပေါ် ရေအောက် ငါးပြတိုက် အသစ်ကို ယခင် ရေချို ငါးဥယျာဉ်ထက် ပိုမိုထူးခြား ဆန်းသစ်သည့် ပြကွက်များ၊ ရေချိုရေငန် များကို ရေပေါ် ရေအောက် အသွင်ဖြင့် အနီးကပ် လေ့လာနိုင်မည့် ပထမဆုံး ငါးပြတိုက် အဖြစ် တည်ဆောက် နေခြင်း ဖြစ်သည်။ မူလက ၂ဝ၁၅ ခုနှစ်အတွင်း ဖွင့်လှစ်ပြသ နိုင်ရန် စီစဉ် ခဲ့သော်လည်း ပြတိုက်အတွင်း အသုံးပြုမည့် ပစ္စည်းများကို ပိုမိုကောင်းမွန် စေရန် ရွေးချယ် နေခြင်းကြောင့် ၂ဝ၁၆ ခုနှစ်အတွင်း တစ်စိတ် တစ်ပိုင်း ပြသနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Credit: မြ၀တီ

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service