အစိုးရမြေပေါ်မှ ဖယ်ရှားထွက်ခွာစေခြင်း အကြောင်း သိကောင်းစရာ

အစိုးရမြေပေါ်မှ ဖယ်ရှားထွက်ခွာစေခြင်း အကြောင်း သိကောင်းစရာ - Property Knowledge in Myanmar from iMyanmarHouse.com
20 Aug 2015 10:39 am တွင် တင်ခဲ့သည်
1646 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

၁။ အစိုးရမြေလို့ သတ်မှတ်ထားတဲ့မြေတွေ၊ အစိုးရကသာ စီမံချထားနိုင်တဲ့ မြေတွေမှာ အမိန့်မရဘဲ ၀င်ရောက် ကျူးကျော်နေထိုင်ကြသူတွေ၊ ယခင်က ယာယီနေထိုင်ခွင့် ပြုထားသော်လည်း ယခုအခါ နိုင်ငံတော်မှ ပြန်လည် အလိုရှိလို့ ပြန်သိမ်းယူတဲ့အခါ မြေပေါ်က ထွက်မပေးဘဲ ဆန့်ကျင်နေတဲ့သူတွေကို အင်အားသုံး ဖယ်ရှားရာက အစပြုပြီး ပြဿနာများစွာ ပေါ်ပေါက် ပွဲဆူနေတဲ့ကာလ ဖြစ်ပါတယ်။ ကိုလိုနီခေတ်ကတည်းက ရေးဆွဲထားခဲ့တဲ့ ဥပဒေဟောင်းတွေနဲ့ အရေးယူနေတာ မတရားဘူး၊ ခေတ်နဲ့မညီဘူး၊ ခေတ်မမီတော့ဘူးလို့ ပြောတဲ့သူကလည်း ပြောကြပါတယ်။ ဒါပေမယ့် အဲဒီဥပဒေက လက်ရှိတည်ဆဲ ဥပဒေ လုပ်ထုံးလုပ်နည်း ဖြစ်နေလေတော့ ဥပဒေအရ ဆောင်ရွက်တာကို အပြစ်လို့ မပြောနိုင်ပါဘူး။

အစိုးရမြေပေါ် ကျူးကျော်ခြင်းအကြောင်းနဲ့ အစိုးမြေပေါ်မှ နှင်ထုတ်ပိုင်ခွင့် ရှိနေတဲ့ ဥပဒေနဲ့ ဆိုင်ရာအကြောင်းအချက်တွေကို သိသင့်သူတွေ သိရှိနိုင်ရန် ဗဟုသုတအဖြစ် ရေးသား တင်ပြလိုက်ပါတယ်။ အစိုးမြေတွေမှာ ပိုင်ရေးပိုင်ခွင့်တွေ ဘယ်လိုရှိတယ်ဆိုတာရယ်၊ အစိုးရမြေပေါ်မှာ နေထိုင်ခွင့်မပြုဘဲ၊ အမိန့်မရဘဲ ၀င်ရောက်အခြေချခြင်းဆိုတာ ကျူးကျော်အဖြစ် အရေးယူခံရနိုင်တယ် ဆိုတာရယ်၊ ဥပဒေနဲ့အညီ နေထိုင်ခွင့် မရဘဲ မိမိသဘောအလျောက် အစိုးရမြေပေါ် ၀င်ရောက်အခြေချ အိုးအိမ်တည်ဆောက်မှုသည် နောက်ဆုံး မိမိရဲ့အကျိုးစီးပွားကိုသာ ထိခိုက်ဆုံးရှုံးစေတယ်ဆိုတာ အသိပေးလိုရင်းပါ။ မြို့ပြမြေယာ စီမံခန်ခွဲရေးဆိုင်ရာဥပဒေ အချက်အလက်တွေနဲ့ လုပ်ထုံးလုပ်နည်းတွေဆိုတာ အများပြည်သူနဲ့ အလှမ်းဝေးပါတယ်။ လက်တွေ့ကိုင်တွယ် ဆောင်ရွက်နေရတဲ့ သက်ဆိုင်ရာဌာနဆိုင်ရာများနဲ့ ဥပဒေပညာရှင်များမှလွဲလို့ လူအများစုက မသိရှိကြပါဘူး။ ဒါကြောင့် မသိနားမလည်သူ ပြည်သူများဟာ မြေကွက်လပ်တွေ့ရင် ငါတို ၀င်အသုံးချလို့ ရတယ်ဆိုပြီး မှိုင်းတိုက်ပေးတဲ့သူနဲ့ တွေ့တဲ့အခါ ဥပဒေနဲ့ ထိပ်တိုက်ရင်ဆိုင်ရပြီး နစ်နာဆုံးရှုံးမှုတွေ ဖြစ်ရပါတယ်။

၂။ အစိုးရမြေလို့ သတ်မှတ်ထားတဲ့မြေဟာ မြေလွတ်၊မြေလပ်ကြီး ဖြစ်နေလင့်ကစား ပိုင်ရှင်မရှိတဲ့မြေပဲ ဆိုပြီး မိမိသဘောအလျောက် ၀င်နေလို့ မရပါဘူး။ ယခင်တလောက အချို့သော နိုင်ငံရေးပါတီတွေနဲ့၊ လူထုအရေး လှုပ်ရှားသူလို့ နာမည်ခံတဲ့ အဖွဲ့အချို့တွေရဲ့ ဦးဆောင်လမ်းပြမှုနဲ့ အိမ်ယာမဲ့တွေကို ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်း မြို့သစ်တွေထဲက မြေကွက်လပ်တွေမှာ “ဒါ- နိုင်ငံပိုင်မြေဖြစ်တယ်၊ ဒီလို နိုင်ငံတော်က အသုံးမချဘဲ လွတ်နေတဲ့နေရာ မြေလပ်ကို နေစရာမရှိတဲ့ နိုင်ငံသားများဖြစ်သော တို့တတွေလည်း ၀င်နေပိုင်ခွင့် ရှိတယ်” ဆိုပြီး လွဲမှားတဲ့ အယူအဆနဲ့ အစိုးရမြေပေါ် အတင်းဝင်၊ အကွက်ရိုက်၊ နေရာချပေး၊ တဲဆောက်ပေး၊ လုပ်တာတွေကြောင့် အင်အားသုံး ဖယ်ရှားရတာတွေ၊ မလိုလားအပ်တဲ့ ပြဿနာများ ဖြစ်ပေါ်ခဲ့ရတာတွေ တွေ့ရပါတယ်။ စိတ်မကောင်းစရာပါဘဲ။ ဥပဒေကို မသိနားမလည်တဲ့ ပစ္စည်းမဲ့ အခြေခံလူတန်းစားတွေကို မြေယာစီမံခန့်ခွဲမှု ဥပဒေတွေ၊ သဘောတရားတွေကို တကယ်မသိဘဲ သိသလိုနဲ့ ဆရာဝင်လုပ်နေတဲ့ သူတွေက ခုတုံးလုပ် သွားတာပါ။ ဥပဒေနဲ့ တကယ်ရင်ဆိုင်ရတော့ သူတို့ မြှောက်ပေးလို့ အဟုတ်မှတ် လိုက်လုပ်ရရှာတဲ့ မရှိ ဆင်းရဲသားတွေပဲ ခံသွားရတာ အားလုံးအမြင်ပါ။

၃။ ဥပဒေအသိပညာ အခြေခံနည်းတဲ့ လူအများစုဖြစ်တဲ့ အိမ်ခြေယာခြေမဲ့သူတွေကို နေရာချထားဖို့အရေးဆိုတာ ဒီလို ဥပဒေပြင်ပ ထိပ်တိုက်တိုးတဲ့နည်းနဲ့၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် တစ်သင်းတစ်ဖွဲ့နဲ့၊ ဖြေရှင်းလို့ ရနိုင်တဲ့ ကိစ္စရပ် မဟုတ်ပါဘူး။ မြေတွေကို ပင်ရင်းပိုင်ရှင်ဖြစ်တဲ့ မြေစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ နိုင်ငံတော်အစိုးရမှသာ Plan စနစ်တကျ ရေးဆွဲပြီး အကောင်အထည် ဖော်နိုင်စွမ်း၊ တာဝန်ခံနိုင်စွမ်း ရှိတာပါ။ အရင်ခေတ်တွေတုန်းက ရန်ကင်း၊ အောင်ဆန်း၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သာကေတ၊ ဆိုရှယ်လစ်ခေတ်ကျတော့ သုဝဏ္ဏမြို့သစ်တွေကို အစိုးရက တည်ပေးခဲ့ပါတယ်။ န.၀.တခေတ်မှာ ဒဂုံမြို့သစ် ၄ မြို့နယ်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ရွှေပေါက်ကံ၊ ပုလဲမြို့သစ် စသည်ဖြင့် နေစရာအတွက် စီစဉ်ဆောင်ရွက်ခဲ့ပေမယ့် ရန်ကုန်မြို့ကြီးကို မှီပြီး အသက်မွေးဝမ်းကျောင်းပြု နေထိုင်ရန် တစ်ပြည်လုံးက တက်လာ မှီခိုလာကြရတဲ့ လူဦးရေနဲ့ ဖော်ထုတ် ချထားပေးတဲ့ နေရာထိုင်ခင်း နဲ့က မကာမိနိုင်သေးပါဘူး။ ဒါကိုလည်း နိုင်ငံတော်ကပဲ လစ်လျူမရှုသင့်ဘဲ ဆက်လက်ဖြေရှင်းပေးရမယ့်တာဝန် ရှိပါတယ်။ ပြည်သူအသံ၊ လွှတ်တော်အသံ ဆိုတဲ့ ကိုယ်စားလှယ်များကလည်း နိုင်ငံတော်ကို ဒီအရေးကိစ္စ ဖြေရှင်းစီစဉ်ပေးဖို့ ဖိဖိစီးစီး တိုက်တွန်း အဆိုပြုရမှာဖြစ်သလို အစိုးရကလည်း ဒီလို ပြဿနာတွေအတွက် ဖြေရှင်းရမယ့် နည်းလမ်းတွေကို ဖင့်နှေးမနေဘဲ Prompt Action လုပ်ရမှာပါ။

ပြီးတော့ အစိုးရမြေပေါ် နှင်ထုတ်ဖယ်ရှားတဲ့ ဥပဒေတွေ၊ နည်းလမ်းတွေက ကိုလိုနီခေတ်က ရေးဆွဲထားခဲ့တာမို့ ဒီခေတ်နဲ့ အံမ၀င်တော့ဘူးလို့ ပြောနေကြမယ့်အစား၊ ပြည်သူ့ကိုယ်စားလှယ် လွှတ်တော်အမတ်တွေ အနေနဲ့ ပြဿနာပေါ်မှ အချင်းဖြစ်တဲ့နေရာ မျက်နှာသွားပြပြီး အစိုးရက ဒီလို ဖြေရှင်းနေတာ မတရားဘူး ပြောနေမယ့်အစား၊ ဒီကိစ္စတွေဖြစ်ရင် ဒီလိုဖြေရှင်းရမယ်လို့ အင်္ဂလိပ်ခေတ်ကတည်းက ပြဌာန်းထားခဲ့တဲ့ အဲဒီ ပုဒ်မတွေ နည်းဥပဒေတွေကို ခေတ်နဲ့ညီအောင် လွှတ်တော်မှာ ပြင်ဆင်ဖို့ ခေတ်နဲ့လျော်ညီတဲ့ နည်းဥပဒေတွေကို အစားထိုးဖို့ ဆောင်ရွက်သင့်ပါတယ်။

Credit: ကိုဇော်(နတ်မောက်)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service