တိုက်ခန်း အရောင်းအ၀ယ်ပြုရာ၌ သတိပြုစရာများ

တိုက်ခန်း အရောင်းအ၀ယ်ပြုရာ၌ သတိပြုစရာများ - Property Knowledge in Myanmar from iMyanmarHouse.com
18 Aug 2015 11:16 am တွင် တင်ခဲ့သည်
5278 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်းတိုက်ခန်းများ ၀ယ်ယူရာ၌ တိုက်ခန်းဝယ်ယူသူများအနေဖြင့်
ဝယ်ယူသည့်အခါ၌ စာချုပ်စာတန်းများတွင်လက်မှတ်ရေးထိုးခြင်းထက် ပိုင်ဆိုင်မှုအထောက်အထားများအား
သေချာစိစစ်ဝယ်ယူသင့်ကြောင်းအိမ်ခြံမြေ ဥပဒေပညာရှင်များက ထောက်ပြ ပြောဆိုသည်။

အရေးကြီးအချက်အနေဖြင့်
- ဆက်စပ်စာချုပ်မှန်ကန်မှု
- (BCC)ကျပြီး မိတ္တူရှိမရှိ၊
- မြေပိုင်ရှင်မှ လက်မှတ်ထိုးပေးခြင်း ရှိမရှိ စစ်ဆေး သင့်ပြီး
- လက်ရှိပိုင်ရှင်ထံတွင် BCC စာရွက်ရမရှိပါက
မြေပိုင်ရှင်ထံမှ BCC မူရင်းစာရွက်ကို မိတ္တူ ကူးယူထားသင့်သည်ဟုအိမ်ခြံမြေ ဥပဒေရှင်များက ထောက်ပြကြသည်။

တိုက်ခန်း အရောင်းအ၀ယ်ပြုလုပ်ရာတွင်မရှိမဖြစ် လိုအပ်သည့် စာရွက်စာတမ်းများအနေဖြင့်
(၁) ဆက်စပ် စာချုပ်၊
(၂) BCC (လူနေထိုင်ခွင့်) စာရွက်၊
(၃) မြေရှင်လက်မှတ်၊
(၄) ရေမီတာ၊ မီးမီတာ စာရွက် စသည့် စာရွက်စာတမ်းများ
လိုအပ်ပြီး အဆိုပါစာရွက်များ ပါဝင်ပါကပိုင်ဆိုင်မှု သေချာကြောင်းတိုက်ခန်း အရောင်းအ၀ယ်လုပ်သူများက ထောက်ပြကြသည်။

ဟိုတစ်လောက ဗဟန်းဘက်မှာ လူငယ်လင်မယားအိမ်ဝယ်တာ ဦးကို ခေါ်သွားတယ်၊ တော်သေးတာပေါ့၊
အဲဒီလူငယ် လေးတွေက အိမ်အရောင်းအ၀ယ်နဲ့ ပတ်သက်ပြီးဥပဒေတွေ၊ ဘာတွေလိုအပ်တယ်ဆိုတာ ဘာမှ နားမလည်ဘူး၊ လိမ်တဲ့သူနဲ့ တွေ့ရင် ဘာမှ လုပ်နေစရာမလိုဘူး၊ သူတို့ကို အသာလေး လိမ်သွားလို့ရတယ်၊
ဒါကြောင့် တိုက်ခန်း အရောင်းအ၀ယ် လုပ်မယ်ဆိုရင် အထူးသတိထားသင့်တယ် ဟု
အိမ်ခြံမြေ ဥပဒေပညာရှင် တစ်ဦးဖြစ်သူ ဦးကျော်စွာထက်က ပြောသည်။

စာချုပ်ချုပ်ဆိုရာတွင်လည်း
- အရောင်းအ၀ယ်ပြုလုပ်သည့် အခန်း၏ တိုက်အမှတ်၊ အခန်း၊ လမ်း၊ ရပ်ကွက်နှင့် မြို့န့ယ်၊
- အကျယ်အ၀န်းကို တိကျစွာ စစ်ဆေးရန် လိုအပ်ကြောင်း၊
- အဆောက်အအုံ၏ လက်ယာဘက်ခြမ်း (သို့) လက်ဝဲဘက်ခြမ်း (သို့) အဆောက်အအုံ၏ ခေါင်းရင်းခန်း (သို့)
ခြေရင်းခန်း စသည်ဖြင့် တိကျစွာ ဖော်ပြရန် လိုအပ်သည့်အပြင်
- မြေပိုင်ရှင်ထံ၌ လက်ရှိ ရောင်းချသူမှ မြေလခပေးသွင်းပြီး နာမည်ပေါက်ရရှိထားမှုကိုလည်း စစ်ဆေးရန် လိုအပ်ကြောင်း
သိရသည်။

တိုက်ခန်းမှ မဟုတ်ပါဘူး၊ ဘယ်ဟာပဲ ဖြစ်ဖြစ် ရန်ကုန်မှာ ၀ယ်မယ်ဆိုရင် ဒါတွေကို သိဖို့ လိုအပ်တယ်၊
မဟုတ်လို့ တစ်ခုခု ပြဿနာ ဖြစ်လာရင် ရှင်းစရာတွေ ဖြစ်လာမယ်၊ ကျွန်မကတော့ နားမလည်တဲ့သူတွေ အရောင်းအ၀ယ်ဆိုရင် ကူညီပေးပါတယ်၊ ဒါပေမယ့် တစ်ချို့ပွဲစားတွေကျတော့ ကိုယ်တိုင်လည်း နားမလည်တော့ ရှင်းမပြကြဘူး၊ အဲဒီမှာ အမွေဆိုင်တို့ ဘာတို့ဆိုရင် ဥပဒေအရ ရင်ဆိုင်ရင် ရှုံးနိုင်တယ် ဟု
အိမ်ခြံမြေ ပွဲစား တစ်ဦးဖြစ်သူ မဇင်လေးက ပြောသည်။

လက်ရှိ ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း တိုက်ခန်းအရောင်းအ၀ယ်များ တွင်ကျယ်လာပြီး မြို့နယ်အချက်အချာ ကျမှုအပေါ် မူတည်ပြီး ဈေးနှုန်း အမျိုးမျိုးရှိကြောင်း၊ အနိမ့်ဆုံး သိန်း ၇၀ ၀န်းကျင် ရှိကြောင်း ရန်ကုန် အိမ်ခြံမြေ ဈေးကွက်မှ သိရသည်။

“တစ်ချို့ တိုက်ခန်းဝယ်သူတွေဆိုရင် တိုက်ခန်းအရောင်းအ၀ယ်တွေနဲ့ ပတ်သက်ပြီး ဆက်စပ်စာချုပ်လေး တစ်ခုကိုင်ထားရုံနဲ့ မိမိပိုင်ဆိုင်တဲ့ အထောက်အထားပြည့်စုံပြီလို့ ထင်မှတ်ထား ကြပါတယ်၊ မိမိပြန်ရောင်းတဲ့အခါ ၀ယ်တဲ့ ဟိုဘက်က ၀ယ်သူ တွေက စေ့စပ်သေချာတဲ့သူဆိုရင် ကိုယ်ပြန်ရောင်းတဲ့ အချိန် အခက်အခဲတွေ တွေ့နိုင်လို့ အကြံပြုတင်ပြခြင်း ဖြစ်ပါတယ်” ဟု အိမ်ခြံမြေ ဥပဒေပညာရှင် တစ်ဦးဖြစ်သူ ဦးမြင့်ထွန်း က ပြောသည်။

Credit : Myanmar Chronicle

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Magical World
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service