ရောင်းသူဆောင်ရွက်ချက် မဖော်ပြမိသည့် ကိစ္စ

ရောင်းသူဆောင်ရွက်ချက် မဖော်ပြမိသည့် ကိစ္စ - Property Knowledge in Myanmar from iMyanmarHouse.com
4 Aug 2015 11:46 am တွင် တင်ခဲ့သည်
2033 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

တိုက်ခန်း အရောင်းအဝယ်ပြုလုပ်သည့် စာချုပ်တစ်ခုကို နမူနာဆောင်၍ တင်ပြပါမည်။
တိုက်ခန်းတွင် နေထိုင်သော တိုက်ခန်းရှင်က ၎င်း၏ တိုက်ခန်းကို အပျောက်စနစ်အရ ရောင်းပါသည်။ တိုက်ခန်းဝယ်သူက ငွေအပြီးပေးချေ၍ အခန်းသော့ကို ခတ်ပါသည်။ သာမန်အားဖြင့်ဆိုပါမူ အရောင်းအဝယ်သဘောအရ တိုက်ခန်းကို ဝယ်သူက ငွေကို အပြီးချေပါက တိုက်ခန်းရောင်းသူဘက်ကလည်း ရောင်းသော တိုက်ခန်းကို ဝယ်ယူသူသို့ ပေးအပ်လေ့ရှိပါသည်။
အရောင်းအဝယ်စာချုပ် ချုပ်ဆိုရာတွင် ရောင်းသူ၊ ဝယ်သူ အသီးသီး၏ အမည်၊ မှတ်ပုံတင်၊ နေရပ်များ ပါရှိရပါမည်။ ရောင်းသောပစ္စည်းကို တိတိကျကျ ဖော်ပြပါရှိရပါမည်။ ရောင်းသောပစ္စည်းအတွက် တန်ဖိုးသတ်မှတ်ချက် ပါရှိရပါမည်။ ထို့နောက် ဝယ်သူ၏ ဆောင်ရွက်ချက်၊ ရောင်းသူ၏ ဆောင်ရွက်ချက်များ ပါရှိရမည်လည်း ဖြစ်ပါသည်။ ဖော်ပြပါအချက်များသည် မလွဲမသွေပါရှိရမည့် အချက်များ ဖြစ်ပါသည်။

အချို့ စာချုပ်များတွင် အရောင်းအဝယ်ပြုလုပ်သောပစ္စည်းကို ဖော်ပြရာတွင် တိတိကျကျ မဖော်ပြဘဲ ``ဦးဖြူ၏ နေအိမ်တိုက်ခန်းကို ဦးမြက ဝယ်ယူသည်´´ဆိုသော သဘောမျှသာ ဖော်ပြချုပ်ဆိုထားကြသည်ကိုလည်း တွေ့ဖူးပါသည်။
ယခုတင်ပြမည့်အချက်မှာ ဝယ်သူ၏ ဆောင်ရွက်ချက်၊ ရောင်းသူ၏ ဆောင်ရွက်ချက်များကို တိတိကျကျ မဖော်ပြဘဲ ချုပ်ဆိုခဲ့သည့်အတွက် ပြဿနာ အငြင်းပွားစရာ ဖြစ်လာခဲ့သည့် အဖြစ်အပျက်တစ်ရပ် ဖြစ်ပါသည်။
ဦးဖြူက ဦးမြအား ၎င်းပိုင် တိုက်ခန်းကို ရောင်းပါသည်။ စာချုပ်ချုပ်၍ ငွေပေးငွေယူလုပ်ကြပါသည်။ ဦးမြက ရောင်းသူပေးသော တိုက်ခန်းကို ၎င်း၏သော့ဖြင့် ခတ်ပါသည်။ နောက်သုံးရက်ခန့်ကြာသောအခါ ဦးဖြူသည် ဦးမြဝယ်ယူထားသော တိုက်ခန်းတွင် ပြန်လည် ရောက်ရှိနေပါသည်။ ဦးမြ သိသွားသဖြင့် သွားရောက်ပြောသောအခါတွင် အခြားတွင် အခန်းမရသေး၍ နေခြင်းဖြစ်သည်ဟု ဆိုပါသည်။

ဤတွင် ဦးမြက မကျေမနပ်ဖြစ်ပါတော့သည်။ ရဲစခန်းကို သွားရောက်၍ မတရားကျူးကျော်ဝင်ရောက်နေထိုင်ကြောင်း တိုင်ပါသည်။ ရဲက ဦးဖြူကိုခေါ်၍ စစ်ဆေးမေးမြန်းပါသည်။ ဦးဖြူက ၎င်း မတရားကျူးကျော် ဝင်ရောက်နေထိုင်ခြင်း မဟုတ်ကြောင်း၊ အဆိုပါတိုက်ခန်းတွင် ၎င်း နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်း ၂၀ ပင် ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း ဖြေရှင်းချက်ပေးပါသည်။

ဦးဖြူ၏တိုက်ခန်းကို ဦးမြကို ရောင်းပြီးပြီဆိုသည့် အချက်နှင့်စပ်လျဉ်း၍ ရဲက မေးရာ ဦးဖြူက ရောင်းပြီးပြီမှာ မှန်ကြောင်း၊ သို့သော် လက်ရောက်ပေးအပ်ခြင်း မရှိသေးကြောင်း၊ အခြားတွင် အခန်းရှာနေဆဲ ဖြစ်ကြောင်း၊ အခန်းရပါက ပြောင်းရွှေ့ပေးမည် ဖြစ်ကြောင်း ထုချေပါသည်။

ဦးဖြူနှင့် ဦးမြတို့နှစ်ဦး ချုပ်ဆိုထားသော တိုက်ခန်း အရောင်းအဝယ်စာချုပ်ကို စစ်ဆေးကြည့်ရှုသောအခါ ``ဦးဖြူပိုင်သော တိုက်ခန်းကို ဦးမြက ငွေကျပ် ၃၀၀၀၀၀၀၀ိ/-(ကျပ်သိန်းသုံးရာတိတိ)ဖြင့် ဝယ်ယူပါသည်´´ဟူ၍သာ ပါရှိပြီး ရောင်းသူ၏ ဆောင်ရွက်ချက်နှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ ဖော်ပြချုပ်ဆိုထားသည်ကို မတွေ့ရဘဲ ရှိပါသည်။
ရောင်းသူ၏ ဆောင်ရွက်ချက်နှင့် စပ်လျဉ်း၍ တစ်စုံတစ်ရာ ဖော်ပြချုပ်ဆိုထားသည့်အချက် စာချုပ်တွင် မပေါ်လွင်သောကြောင့် ဦးမြသည် ဦးဖြူထံမှ အခန်းကို ၃၀၀၀၀၀၀၀ိ/-ကျပ်ဖြင့် ဝယ်ယူထားသည်မှာ မှန်သော်လည်းလက်ရောက်ရရှိပြီး ဖြစ်-မဖြစ် ဆိုသည်မှာ စာချုပ်တွင် မပေါ်ပေါက်ဘဲ ရှိနေသည့်အတွက် ဦးမြ၏ စွပ်စွဲပြောဆိုချက်သည်ပင် အမှန်လော။ ဦးဖြူ၏ ထုချေ ဖြေရှင်းချက်သည်ပင် အမှန်လော ဆိုသည်ကို ဝေခွဲရခက်စေပါသည်။

ထိုကဲ့သို့ ဝေခွဲရခက်စေသည့် စာချုပ်မျိုး မဖြစ်ရလေအောင် နောင် စာချုပ်ချုပ်မည်ဆိုပါက အောက်ပါအတိုင်း ရောင်းသူ၏ ဆောင်ရွက်ချက်ကို တိတိကျကျ ထည့်သွင်းချုပ်ဆိုသင့်ကြောင်း အကြံကောင်းပြုအပ်ပါသည်။

* ယခု ဤစာချုပ်ချုပ်သောနေ့မှာပင် အပိုင်ဝယ်ယူသူက ရောင်းဖိုးငွေ ကျပ်- ၃၀၀၀၀၀၀၀ိ/-(ကျပ်သိန်းသုံးရာတိတိ)ကို အပြီးအကျေ ပေးချေရာ အပိုင်ရောင်းသူကလည်း ရောင်းသော တိုက်ခန်းကို အပိုင်ဝယ်သူသို့ အပြီး လက်ရောက် လွှဲပြောင်းပေးအပ်ပါကြောင်း နှစ်ဦးနှစ်ဘက် ဝန်ခံ ကတိပြုကြပါသည်။ * . . . . ဟူသတည်း။

Credit :ဦးကျော်ဇေယျ(ဥပဒေ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
Magical World
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service