ပါမစ်ပျောက်၊ ဂရန်အသစ်လျှောက်

ပါမစ်ပျောက်၊ ဂရန်အသစ်လျှောက် - Property Knowledge in Myanmar from iMyanmarHouse.com
19 May 2015 11:39 am တွင် တင်ခဲ့သည်
1900 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

သူငယ်ချင်းဖြစ်သူ ကိုအေးချမ်းက အိမ်အပြောင်းရွှေ.ပြုလုပ်စဉ် မြေချပါမစ်ပျောက်သွားတာ ပြန်ရအောင်
နည်းလမ်းကောင်းလေး ပေးပါအုံးလို. မေးလာပါတယ်...

စာရေးသူက...

မင်းဝယ်ထားတဲ့ ပါမစ်မြေကွက်က တောင်ဒဂုံမြေကွက် ပါမစ်အမည်ပေါက်က ဦးရွှေကျော်ထံက
တစ်ဆင့်ဝယ်ထားတဲ့ ပါမစ်မြေကွက် ပျောက်သွားတာ။ ဒီတော့ ဆောင်ရွက်ရမှာ အဆင့်တွေများတယ်။

ဓာတ်ပုံမြေချ ပါမစ်မြေကွက်တွေကို ထုတ်ပေးထားက ရန်ကုန်မြို.မြို.ရွာနှင့် အိုးအိမ်ဖွံ.ဖြိုးရေးဦးစီးဌာန
ထုတ်ပေးထားတာ။

အိုအိမ်မြေချပါမစ်ကို မူလအမည်ပေါက်ရှိ၊ မရှိသိလိုတာပဲ ဖြစ်စေ၊ အတုနဲ.အစစ် ခွဲခြားသိချင်လို.ပဲ ဖြစ်ဖြစ်၊ မြေချပါမစ်ပျောက်သွားလို. ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ သိလိုရင်ပဲဖြစ်စေ
ရန်ကုန်တိုင်း အိုးအိမ်ရုံးမှာပဲ သွားပြီးစုံစမ်းကြတယ်။ အဲဒီရုံးက သက်ဆိုင်ရာမြို.နယ် တာဝန်ခံက
ရှင်းပြပေးပါတယ်။

အခုတော့ မြို.သစ်မြေကွက်ပါမစ်တွေကို အိုးအိမ်ကနေ မြို.တော်စည်ပင်မြေယာဌာနကို လွှဲပြောင်းနေပြီးလို. သိရတယ်။

ဒီတော့ အကောင်းဆုံး အကြံပြုချင်တာကတော့ ရန်ကုန်မြို.တော် စည်ပင်သာယာရေး
ကော်မတီ၊ မြို.ပြစီမံကိန်းနှင့် မြေစီမံခန်.ခွဲမှုဌာနက လက်ခံဆောင်ပေးနေတဲ့ လိုအပ်မယ့်
အချက်အလက်တွေကို ပြောပြလိုက်မယ်လေ။

ပထမဆုံး မြေချပါမစ်အမည်ပေါက် ဦးရွှေကျော်ကို ပြန်ရှာရမယ်။ ဦးရွှေကျော်ကို တွေ.ခဲ့ရင် ဦးရွှေကျော်
ကိုယ်တိုင် မြေချပါမစ်ပျောက်ဆုံးသွားကြောင်း တောင်ဒဂုံက မိမိမြေကွက်ရှိတဲ့ ရပ်ကွက်ရုံးက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှာ ထောက်ခံချက် သွားယူရမယ်။ အဲဒီမြေချပါမစ် ပျောက်ဆုံးကြောင်း ထောက်ခံချက်ကို
တင်ပြပြီး သက်ဆိုင်ရာမြို.နယ် ရဲစခန်းက ထပ်ဆင့်ထောက်ခံချက်ယူရမယ်။

အဲဒီထောက်ခံချက် (၂) ခုရရင် အိမ်အပြောင်းအရွှေ. ပြုလုပ်စဉ် မြေချပါမစ်များ ပျောက်ဆုံးသွားကြောင်း
ပါမစ်အမည်ပေါက် ဦးရွှေကျော်က တရားရုံးမှာ ကျမ်းကျိန်ရမယ်။ အဲဒီ (၃) မျိုးစုံရန်တော့ ဦးရွှေကျော်ရဲ.
နိုင်ငံသားကတ်ပြားမူရင်းနဲ. မိတ္တူ (၁) စုံစီယူဆောင်ပြီး ရန်ကုန်မြို.တော်ခန်းမမှာ ရှိတဲ့ မြေယာဌာနမှာ
လျှောက်လွှာဝယ်ပြီး ပါမစ်ပျောက်လို. ဂရန်အသစ်မြေဌားစာချုပ် ထုတ်ပေးပါရန် လျှောက်ထားရမယ်။
မြေယာဌာနက ညွှန်ပြတဲ့အတိုင်း သတင်းစာမှာ ကန်.ကွက်ရန်ရှိ/မရှိ ကြော်ငြာရမယ်။
လျှောက်ထားတဲ့မြေကွက်ကွင်းဆင်း စစ်ဆေးလိမ့်မယ်။

အဲ…တစ်ခုတော့ ကြိုပြီးပြောထားရဦးမယ်။ ဂရန်သစ်မလျှောက်မီကတည်းက ကိုယ်ရထားတဲ့ မြေကွက်ထဲမှာ အိမ်ဆောက်ပြီး လျှောက်ထားသူ ကိုယ်တိုင် နေရမယ်။ မြေကွက်မှာလာပြီး ကွင်းဆင်းစစ်ဆေးတဲ့ မြေတိုင်းတာဝန်ခံနဲ. မြေကွက်လျှောက်သူကိုယ်တိုင် ကိုယ့်မြေကွက် ကိုယ့်အိမ်ရှေ.မှာ နှစ်ယောက်တွဲပြီးရိုက်ထားတဲ့ဓာတ်ပုံကို မြေယာဌာနမှာ တင်ပြရမယ်။

အဲဒီလို အချက်အလက်တွေစုံပြီးရင် မြေကွက်ရှိတဲ့ အုပ်ချုပ်ရေးမှူးရုံးနဲ. မြို.နယ်အုပ်ချုပ်ရေးမှူးရုံးတို.မှာ ဂရန်သစ်လျှောက်ထားမှုနဲ. ပတ်သက်လို.ကန်.ကွက်နိုင်ကြောင်း ကြော်ငြာရသေးတယ်။ သတင်းစာနဲ.
အုပ်ချုပ်ရေးမှူးရုံးတွေမှာလည်း ကန်.ကွက်သူမရှိတော့ဘူးဆိုရင်တော့ ဌာနက ဂရန်ထုတ်ပေးနိုင်ဖို.အတွက် အဆင့်ဆင့် ဆောက်ရွက်ပေးရတယ်။ ဂရန်အသစ်ထုတ်ဖို. အကြောင်းကြားလာရင် (ပေ ၄၀ x ပေ ၆၀)
မြေကွက်ဖိုးငွေ ၄၈၀၀၀ိ/ (ကျပ်လေးသောင်းရှစ်ထောင်) ပေးသွင်းရတယ်။ ငွေသွင်းခွင့်ရရင်တော့ဂရန် မြေဌားစာချုပ်ကို မကြာခင် သွားရောက်ထုတ်ယူလို.ရပြီးပေါ့။

ဂရန်သစ်ရလာရင် အမည်ပေါက် ဦးရွှေကျော် နာမည်နဲ.ထွက်လာမယ်။ ဦးရွှေကျော်နဲ. ကိုအေးချမ်းမြေနဲ.
အိမ် အရောင်းအဝယ် ကတိစာချုပ်ပါ ပြန်ဝယ်လိုက်တဲ့ သဘောပေါ့။

ကိုအေးချမ်း နာမည်ပြောင်းပြီးတဲ့အထိ ဂရန်လုပ်မယ်ဆိုရင် ငွေအကုန်အကျများမယ်။ ဒီတော့ ဦးရွှေကျော်က ဦးအေးချမ်းကို အဆိုပါမြေကွက်နဲ. ပတ်သက်ပြီး ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ လွှဲပြောင်းခြင်းတို. ပြုလုပ်နိုင်တယ်ဆိုတဲ့မှတ်ပုံတင်အထူးကိုယ်စားလှယ်လွှဲစာ လက်ခံယူထားလိုက်ရင် အားလုံးပိုင်ဆိုင်ခွင့်ရသွားပြီးပေါ့ကွာ ။

ကဲ… ရှင်းပြီးလားသူငယ်ချင်း ။

အေး… သဘောတော့ ပေါက်သွားပါပြီး။ ကိုယ်မြေကွက်အဆုံးရှုံးမခံနိုင်တော့ မင်းပြောတဲ့အတိုင်း
လုပ်ရတော့မှာပေါ့ကွာ ။

Credit : လွှတ်တော်ရှေ.နေ မောင်ကောင်းဖေ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service