ဆောက်လုပ်ရေး ကန်ထရိုက်တာအများစု ငွေကြေးလည်ပတ်မှု အခက်အခဲနှင့် ကြုံရ

ဆောက်လုပ်ရေး ကန်ထရိုက်တာအများစု ငွေကြေးလည်ပတ်မှု အခက်အခဲနှင့် ကြုံရ - Property News in Myanmar from iMyanmarHouse.com
27 Feb 2015 10:17 am တွင် တင်ခဲ့သည်
1181 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေဈေးကွက်အတွင်း တိုက်ခန်း၊ ကွန်ဒို ဝယ်ယူမှုနည်းပါး လာသဖြင့် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီအချို့ ငွေ ကြေးလည်ပတ်မှု ခက်ခဲလာနေပြီး ငွေကြေးအင်အား တောင့်တင်း သည့် ကုမ္ပဏီများသာ လုပ်ငန်းများ ကို ဆက်လက်လုပ်ကိုင်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းများ လုပ် ကိုင်နေသည့် ကုမ္ပဏီများထံမှ သတင်း ရရှိသည်။

”ဆောက်လုပ်ရေးလုပ်ငန်း အားလုံးတော့ မဟုတ်ပေမယ့် တချို့ တစ်ဝက် လုပ်ငန်းတွေကတော့ ငွေ ကျပ်လာပါတယ်။ လုပ်ငန်းအငယ်၊ အလတ်တွေတင်မကဘူး။ လုပ်ငန်း ကြီးတွေ တချို့လည်း ပါတယ်။ ငွေ နိုင်တဲ့ လူတွေက ဆက်လုပ်နေတာ ရှိပါတယ်။ အရောင်းအဝယ် အေးလာ လို့ ငွေမလည်ပတ်နိုင်တဲ့ ပြဿနာ တွေ ဖြစ်လာတယ်။ အခုလို ဖြစ်တာ က အိမ်ခြံမြေဈေးကွက် အေးလို့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ကျဆင်းလာတာနဲ့ သက်ဆိုင်မှု ရှိတယ်”ဟု စိုင်းခွန်းနောင် ဆောက် လုပ်ရေးနှင့် အိမ်တွင်းပြင်ဆင်မှု ကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှု ဒါရိုက် တာ ဦးစိုင်းခွန်နောင်က ဖေဖော်ဝါရီ လ ၂၄ ရက်တွင် The Trade Times ကို ပြောသည်။

အခွန်စည်းကြပ်မှုစနစ်ကြောင့် အိမ်ခြံမြေအရောင်းအဝယ်များ အေးလာနေသည့်အတွက် ဆောက် လုပ်ရေးလုပ်ငန်း ဈေးကွက်တစ်ခု လုံးကိုပါ အရောင်းအဝယ် ကျဆင်း လာစေပြီး တိုက်ခန်းသစ်များ ထပ်မံ ဆောက်လုပ်ခြင်းထက် ဆောက် လုပ်ဆဲ တိုက်များကို အပြီးသတ် ဆောက်လုပ်ခြင်း၊ ဆောက်လုပ်ပြီး တိုက်ခန်းများကို လျှော့ဈေးများဖြင့် ပြန်လည် ရောင်းချလာနေသည့် အခြေအနေသို့ ဆိုက်ရောက်လာ နေသည့်အပြင် ငွေကြေးအင်အား တောင့်တင်း ခိုင်မာမှုရှိသော ဆောက် လုပ်ရေးလုပ်ငန်း အနည်းငယ်သာ ပုံမှန်အတိုင်း အလုပ်လုပ်ကိုင်လာ နိုင်သည့် အခြေအနေသို့ ရောက်ရှိ လာသည်အထိ ဆောက်လုပ်ရေး လုပ်ငန်းများ ကျဆင်းလာလျက် ရှိသည်။

”ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်လည်နိုးထလာဖို့ ဆိုတာက နိုင်ငံ ရေးနဲ့လည်း နွှယ်တယ်။ အဓိက အရင်းမြစ်ဖြစ်တဲ့ အိမ်ခြံမြေ အေးတာ ကတော့ ရွေးကောက်ပွဲကို စောင့် ကြည့်ကာလဖြစ်တာကြောင့် ဝယ်သူ တွေက ဈေးစောင့်ရင်း စောင့်ရင်းနဲ့ ဈေးတွေက အေးလာတယ်။ နောက် ဆက်တွဲတိုက်ခန်း ဆောက်မယ့်လူ တွေပါ လိုက်ပြီး ဈေးက အေးသွား တယ်။ ငွေတောင့်ခံနိုင်တဲ့ သူတွေပဲ ဆက်လုပ်နိုင်တဲ့ အခြေအနေရှိတယ်” ဟု ၎င်းက ပြောသည်။

မြေဈေးနှုန်းများ မြင့်တက်လာ ခြင်း၊ လူဦးရေတိုးတက်မှု များပြား လာခြင်းကြောင့် တိုက်ခန်းဝယ်ယူမှု များ မြင့်တက်လာနေသည့်အတွက် ၂ဝ၁၂ ခုနှစ် နောက်ပိုင်းမှ စတင်၍ ကန်ထရိုက်တိုက်များအား အပြိုင် အဆိုင် ဆောက်လုပ်လာခဲ့ကြပြီး စည်းကမ်းမဲ့ ဆောက်လုပ်မှုများ၊ ခွင့်ပြုချက်မဲ့ ဆောက်လုပ်မှုများ ကြောင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက ပြန်လည် ဖြိုဖျက်ခြင်း၊ တရားစွဲဆိုခြင်းများကို ပြုလုပ်ခဲ့ရပြီး လက်ရှိအချိန်အထိ အဆောက်အအုံ အလုံးပေါင်း ၃,ဝဝဝ နီးပါးခန့်အထိ တရားစွဲဆိုထားလျက် ရှိကြောင်း သိရသည်။

အိမ်ခြံမြေ ဈေးကွက်ကောင်းမွန် စဉ်က ဆောက်လုပ်ရေးကုမ္ပဏီများ အနေဖြင့် မြေနေရာ အကွက်အကွင်း ကျသည့် နေရာများတွင်သာမက လူနေထူထပ်သည့် ရပ်ကွက်များ အတွင်းထဲအထိပါ အပြိုင်အဆိုင်ဖြင့် တိုက်ခန်းများကို ဆောက်လုပ်လာ ကြပြီး အခန်းခွဲဝေမှု စနစ်များအပြင် မြေရှင်များ၏ အလိုက်ငွေ ထပ်မံ တောင်းခံလာမှုများ၊ ပြောင်းရွှေ့ ကြေးများအပြင် မြေရှင်များ တောင်း ဆိုသည့်အတိုင်း လိုက်လျောမှုများ ပြုလုပ်ခဲ့သော်လည်း ယခုဈေးကွက် အေးသွားသည့် အချိန်တွင်မူ အကွက် အကွင်းကျသည့် နေရာအချို့တွင် သာ ကန်ထရိုက်တာများမှ ရွေးချယ် ဆောက်လုပ်လာကြောင်း သိရ သည်။

Credit: thetradetimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...

[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...

[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...

Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ

American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ

စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန

CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန

CarsDB
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service