ကျွန်တော်တို့ ကမ္ဘာကြီးဟာ အံ့သြစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ အသစ်သစ်သော ထူးခြားဖွယ်ရာနေရာများကို လေ့လာစူးစမ်းသူ များက တစ်နေ့ထက်တစ်နေ့မရိုးတမ်း ရှာဖွေဖော်ထုတ်ခရီးသွားနိုင် ခဲ့ကြပါတယ်။ မတူညီတဲ့ ပထဝီဝင်အနေအထား၊ ရာသီဥတုအခြေ အနေ၊ များပြားလွန်းတဲ့သဘာဝကွဲပြားမှုတွေ ကိုယ်စီရှိနေကြပါ တယ်။ ဒီလိုမျိုး ပတ်ဝန်းကျင်နေရာတွေမှာ သာယာလှပမှုတွေ၊ ရင် သပ်ရှုမောဖွယ်ရာကောင်းမှု၊ အံ့သြဆန်းကျယ်စရာကောင်းမှု စတာ တွေအများအပြားက စွဲဆောင်ထားရှိပါတယ်။ တချို့သောနေရာများ က ကျွန်တော်တို့ ကမ္ဘာကြီးမှာတောင် တကယ်ရှိပါသေးလားဆိုတဲ့ ယုံတမ်းမေးခွန်းများထုတ်ရလောက်အောင်ကိုလှပပြီးဆန်းကျယ် လွန်းလှပါတယ်။
ယူကရိန်းနိုင်ငံက အချစ်ဥမင်သံလမ်းလိုဏ်ခေါင်းပဲဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံ မြို့တော် ကယ်လီဗန်ရဲ့ ၇ ကီလိုမီတာအကွာမှာရှိပြီး အခြားသမားရိုးကျ မီးရထားသံလမ်းတွေနဲ့ မတူပဲတမူထူးခြားကာ လှပနေပါတယ်။ ရီဗိန်းနဲ့ ကီဗာစီမြို့တော်နှစ်ခုကိုဆက်သွယ်ဖောက် လုပ်ပေးထားတာဖြစ်ပြီး သံလမ်းတစ်လျှောက်ရဲ့ ဘေးတစ်ဖက် တစ်ချက်နဲ့ခေါင်မိုးပိုင်းမှာ စိမ်းစိုနေတဲ့ သစ်နွယ်ပင်များအစီရီအုပ်မိုး ပေါက်ရောက်နေတဲ့အတွက် စိတ်ကူးယဉ်ဆန်လှပနေပါတယ်။ နိုင်ငံ တွင်းသို့ လာရောက်လည်ပတ်ကြတဲ့ ခရီးသွားအများစုက ယင်းစိတ် ကူးယဉ်ဆန်တဲ့ အချစ်ဥမင်ဆီကို မဖြစ်မနေသွားရောက်ကြကာ ရ ထားစီးကြပြီး ချစ်စိတ်ကူးများကို အကောင်အထည်ဖော်ကြတယ်လို့ လည်း သိရပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)