စက်မှုဇုန်မြေကွက်လွတ် ဂိုဒေါင်ဆောက်ဖို့ တင်ပြမှုကို စိစစ်ဖို့လို

စက်မှုဇုန်မြေကွက်လွတ် ဂိုဒေါင်ဆောက်ဖို့ တင်ပြမှုကို စိစစ်ဖို့လို - Property News in Myanmar from iMyanmarHouse.com
9 Jan 2015 10:03 am တွင် တင်ခဲ့သည်
666 ကြိမ် ကြည့်ရှု့ပြီး
စက်မှုဇုန်မြေကွက်လွတ်ရဲ့ လုပ်ငန်းအစီအစဉ်တင်ပြကြရာမှာ ဂိုဒေါင်ဆောက်ဖို့ တင်ပြမှုအရေအတွက်ပိုများနေတာကြောင့် စိစစ်ဖို့လိုအပ်တယ်လို့ သိရပါတယ်။

လုပ်ငန်းမလုပ်ပဲ မြေကွက်လွတ်တွေကို လုပ်ငန်းအစီအစဉ်တင်ပြဖို့ စာရင်းကောက်ယူရာမှာ တချို့က ပြီးပြီးရော လုပ်ငန်းအပြသဘောအဖြစ် ၈ိုဒေါင်တည်ဆောက်ဖို့ တင်ပြလာတာကြောင့် ယခုလိုများလာတာလို့ အကျိုးဆောင်တချို့နှင့် လုပ်ငန်းရှင်တချို့က ပြောပါတယ်။

ပထ၀ီမြေအကျိုးဆောင်မှ ဦးမောင်ကျော်ဝင်းက "ပြီးပြီးရောသဘောနှင့် လုပ်ငန်းပြတာ၊ ပြန်စိစစ်ဖို့များပါတယ်၊ စက်မှုဇုန်မြေဆိုတာ စက်မှုဇုန်လည်ပတ်ဖို့အတွက် လုပ်ငန်းဖြစ်သင့်တာ၊ ဂိုဒေါင်တည်ဆောက်ဖို့ဆိုတာကတော့ မြေကွက်သိမ်းမခံရအောင် ပြတဲ့သဘောဖြစ်နေတာ"လို့ ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်မြေကွက်အလွတ်တွေကို လုပ်ငန်းအစီအစဉ်တင်ပြဖို့ အောက်တိုဘာလက ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့အထိနောက်ဆုံးတင်ပြရတာ ဖြစ်ပါတယ်။ လုပ်ငန်းအစီအစဉ်တင်ပြမှုတွေထဲမှာ ဂိုဒေါင်တည်ဆောက်ဖို့ များနေတာကြောင့် အခုလိုသုံးသပ်မှုတွေ ဖြစ်လာတာပါ။

ရင်းနှီးမြှုပ်နှံဖို့ သက်သက်ဝယ်ယူထားစက်မှုဇုန်မြေ၀ယ်ယူထားသူတွေက အမှန်တကယ်အလုပ်လုပ်ဖို့ လိုအပ်လို့ ၀ယ်ယူတာရှိသလို ဈေးကောင်းရင်ပြန်ရောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရင်းနှီးထားကြတာလည်း ရှိတယ်။ စီးပွားရေးသမားတွေက အမှန်တကယ် စက်ရုံဆောက်ဖို့မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံထားကြတာပါ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖို့လေ့လာကြတာတွေ ရှိပေမယ့် စက်မှုဇုန်မြေဈေးမြင့်နေတာဟာ အစိုးရပေါ်လစီတွေကြောင့်လို့ ဝေဖန်မှုတွေရှိကြပါတယ်။

ရွှေအိမ်ကမ္ဘာအကျိုးဆောင်မှ ဦးသိန်းလှညိုက "ဂိုဒေါင်အနေနဲ့ကတော့ ငှားလို့ရတယ်၊ စက်ရုံအလုပ်ရုံလုပ်မယ်ဆိုတဲ့အခါကျတော့ ဂိုဒေါင်က ဒီလောက်အသုံးမတည့်ဘူး၊ တစ်ဖက်ကိုကပ်ဆောက်ပြီး ဂိုဒေါင်ကတော့ ကျန်တဲ့ မြေပိုမြေလျှံရှိရင် စက်ရုံဆက်လုပ်လို့ရတာပေါ့"လို့ ပြောပါတယ်။

သူကပဲစက်မှုဇုန်တွေမှာ အုတ်တံတိုင်းခတ်ထားတာများတယ်။ လုပ်ငန်းပြအနေနဲ့ ဂိုဒေါင်လုပ်ကြတာပေါ့။ ဒါကတော့ ဖြစ်လာတဲ့အပေါ်မူတည်ပြီး ရှောင်တာ။ သဘာဝတရားပဲ ဘယ်သူမဆိုလုပ်ကြမှာပဲ။ စက်ရုံတကယ်လုပ်မယ့်သူကတော့ မြေရှာရမခက်ပေမယ့် ဈေးကတော့ ကွာသွားလိမ့်မယ် လို့ရှင်းပြပါတယ်။

စက်မှုဇုန်မြေဈေးမြင့်ပြီး အရောင်းအ၀ယ်အေးနေပေမယ့် ဒဂုံဆိပ်ကမ်းမှာတော့ အ၀ယ်လိုက်နေတယ်လို့ သိရပါတယ်။ သန်လျင်နဲ့ နီးတဲ့အပြင် သီလ၀ါနဲ့ အနီးအနားဝန်းကျင် ဖြစ်နေတဲ့ ဒဂုံဆိပ်ကမ်းက ၀ယ်သူရှိနေတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။

အဆိုပြုလွှာမတင်တဲ့မြေကွက်တွေ၊ အဆိုပြုလွှာမှာ ပါရှိတဲ့ အကြောင်းပြချက်တွေက ယုတ္တိမရှိတာတွေပါဝင်တဲ့အကွက်တွေနဲ့ လုပ်ငန်းမလုပ်တဲ့ ဂိုဒေါင်တွေကို အဆင့်ဆင့်သိမ်းယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Credit : The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service