စည်ပင်ပိုင်မြေ ခုနစ်နေ ရာအတွက် တင်ဒါခေါ်ယူထားမှု များထဲမှ ရွေးချယ်ထားသည့် ကုမ္ပဏီ ၄၀ ကျော်ကို ဇန်န၀ါရီ၇ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘သူတို့ဘက်က လုပ်ငန်း ဆောင်ရွက်ချက်တွေ လုပ်နိုင်မယ့် အပိုင်းတွေကို အများရှေ့မှာ တင် ပြတဲ့သဘောပါ’’ဟု အင်ဂျင်နီယာ အဆောက်အအုံဌာနမှ အဆင့် မြင့်အရာရှိက ဆိုသည်။
အဆိုပါမြေနေရာ ခုနစ်နေ ရာမှာ အနည်းဆုံးမြေတစ်ဧကမှ ဧက လေးဆယ်ကျော်အကျယ် အ ၀န်းအထိပါဝင်ပြီး မြောက်ဥက္က လာပ၊ ဒဂုံမြို့သစ်၊ ကြည့်မြင် တိုင်၊ ဗိုလ်တထောင်၊ ကမာရွတ် မြို့နယ်တို့တွင် အကောင်အထည် ဖော်ရန် ဖေဖော်ဝါရီ ၁၈ ရက် ထုတ် သတင်းစာများ၌ တင်ဒါခေါ်ယူထားခြင်းဖြစ်သည်။
အဆိုပါကုမ္ပဏီ ၄၀ ကျော် တွင် ဖော်ကျွန်း၊ အေ၀မ်း၊ ဧရာ ဟင်္သာ၊ Farmer Phoyarzar ကုမ္ပဏီနှင့် ရောင်နီဦးကုမ္ပဏီ၊ ရွှေဇမ္ဗူဒိပ်၊ First Golden Dragon၊ နေကြယ်ဦးအစရှိသော ဆောက် လုပ်ရေးကုမ္ပဏီများ၊ မော်တော် ယာဉ်တင်သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့် ကုမ္ပဏီအများစု ပါဝင်လာသည်။
ယခုတင်ဒါကို ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီက လုပ်ငန်းရှင်များတင်ပြရာ တွင် အချိန်ပိုမိုရစေရန် နိုင်ငံပိုင် သတင်းစာ၌ ကြေညာအပြီး ကိုးလအကြာမှသာ တင်ဒါကို စိစစ်ရေးအဖွဲ့က စတင်စစ်ဆေးနေ ခြင်းဖြစ်သည်။
ယင်း မြေခုနစ်နေရာတွင် အိမ်ရာစီမံကိန်းများ၊ ဈေးဝယ်စင်တာများ၊ အထပ်မြင့်ကားပါကင်များ တည်ဆောက်ရန် ကုမ္ပဏီအသီးသီးက တင်ဒါတင်သွင်းနေကြပြီး အချက်အချာကျ၍နေရာကောင်းဖြစ်ခြင်းကြောင့် အများစုက လုပ်ကိုင်လိုသဖြင့် လာရောက်တင်ဒါတင်သွင်းသည့် ကုမ္ပဏီ အထူးများပြားခဲ့သည်။
Credit: 7 day daily