ဧရာဝတီတိုင်း မြေဧက ၃,၅၀၀ ခန့်တွင် ရင်းနှီးမြှုပ်နှံမည်ဆိုသည့် တိုင်ပေကုမ္ပဏီ တရားဝင် မကမ်းလှမ်းသေး

ဧရာဝတီတိုင်း မြေဧက ၃,၅၀၀ ခန့်တွင် ရင်းနှီးမြှုပ်နှံမည်ဆိုသည့် တိုင်ပေကုမ္ပဏီ တရားဝင် မကမ်းလှမ်းသေး - Property News in Myanmar from iMyanmarHouse.com
29 Dec 2014 11:48 am တွင် တင်ခဲ့သည်
1227 ကြိမ် ကြည့်ရှု့ပြီး
တိုင်ပေမှ အီလက်ထ ရွန်နစ်ပစ္စည်းများထုတ်လုပ်ရန် ဧရာဝတီတိုင်းအတွင်း မြေဧက ၃,၅၀၀ နီးပါးရင်းနှီးမြှုပ်နှံရန်ခွင့် ပြုထားသော်လည်း တရားဝင် ကမ်းလှမ်းလာခြင်း မရှိသေး ကြောင်း ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစော မြသိန်းကပြောသည်။

တိုင်ပေအတွက် လိုအပ် သော လျှပ်စစ်နှင့် အီလက်ထရွန်နစ်ပစ္စည်းထုတ်လုပ်ရန် အမေရိကန်ဒေါ်လာ သန်း ၁၄,၀၀၀ကို စက်မှုဥယျာဉ်မြို့တော်အဖြစ် ရင်းနှီးမြှုပ်နှံသွားမည်ဟု တိုင်ပေလျှပ်စစ်နှင့် အီလက်ထရွန်နစ် ပစ္စည်းထုတ်လုပ်သူများအသင်း (TEEMA) က နိုဝင်ဘာတွင် ဆုံး ဖြတ်ခဲ့ခြင်းဖြစ်သည်။

‘‘တစ်ခါလာပြီးကြည့်ပြီးက တည်းက အခုချိန်ထိ ပြန်မဆက်သွယ်သေးဘူး။ မအူပင်ဘက်မှာလုပ်ဖို့ လျာထားတယ်။ အခု အထည်ချုပ်လုပ်ငန်းတချို့ကလွဲပြီး တခြားစက်မှုလုပ်ငန်းတွေ အ ကောင်အထည်မဖော်နိုင်သေး ဘူး’’ဟု ၀န်ကြီး ဦးစောမြသိန်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်း စက်မှုလုပ်ငန်းများအ ကောင်အထည်ဖော်ရခြင်းမှာ ဒေသတွင်းလူငယ်များအလုပ်အ ကိုင်အခွင့်အလမ်းရရှိစေရန် ရည် ရွယ်ကြောင်း၊ ဒေသတွင်းစိုက်ပျိုး ရေးလုပ်ငန်းမှာ လက်မှုလယ်ယာ မှ စက်မှုလယ်ယာသို့ပြောင်း လဲလာသဖြင့် လယ်လုပ်သားများ အလုပ်အကိုင်ရှားပါးလာခြင်းကြောင့် စက်မှုလုပ်ငန်းများ အကောင်အထည်ဖော်ပေးခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

စက်မှုလုပ်ငန်းများကို ၂၀၁၅အတွင်း စတင်အကောင်အထည် ပေးလာတော့မည်ဖြစ်ပြီး ယခုထိုင်ဝမ်အပြင် အခြားကုမ္ပဏီများ လည်း လာရောက်ရင်းနှီးမြှုပ်နှံ ရန် ကမ်းလှမ်းထားကြောင်း ၀န် ကြီးကပြောသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံမှုမှာ တရုတ်ပြည်မကြီးနှင့် တရုတ်ဆန့် ကျင်ရေးမြင့်မားနေသည့် ဗီယက် နမ်နိုင်ငံတို့ကို ရှောင်လိုခြင်း ကြောင့်ဖြစ်သည်။ ၎င်းတို့အသင်း အနေဖြင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် သဘောတူထားပြီး လက်မှတ်ရေးထိုးရန် အဆင်သင့် ဖြစ်နေပြီဟု TEEMA ဥက္ကဋ္ဌ Guo Tai Chiang ကပြောသည်။

တည်ဆောက်ရန် မြေနေရာ အတွက် အတည်ပြုပြီးဖြစ်ကာ လျှပ်စစ်ဓာတ်အားရရှိမှုနည်းပါး သည့် ဧရာဝတီတိုင်းဒေသကြီး အတွက် ကိုယ်ပိုင်ဓာတ်အားပေး စက်ရုံတည်ဆောက်ထားကြောင်း ၎င်းက ပြောသည်။ ယခုရင်း နှီးမြှုပ်နှံမှုသည် အာဆီယံနိုင်ငံ များကြား မြန်မာနိုင်ငံ၏ ကုန် သွယ်မှုကို တိုးတက်စေမှာဖြစ် ကြောင်း ၎င်းကဆိုသည်။

တိုင်ပေသည် မြန်မာနိုင်ငံ တွင် လက်ရှိအချိန်၌ အမေရိ ကန်ဒေါ်လာ သန်း ၆,၈၅၂ ကျော် ရင်းနှီးမြှုပ်နှံထားပြီး ဒုတိယ အများဆုံးရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံဖြစ်သည်။

Credit: 7 day daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service