စက်မှုဇုန်ရှိ မြေကွက်နှင့် ဂိုဒေါင်အလွတ်ပိုင်ရှင် ၁,၄၀၀ ခန့် လုပ်ငန်းအစီအစဉ် တင်ပြ

စက်မှုဇုန်ရှိ မြေကွက်နှင့် ဂိုဒေါင်အလွတ်ပိုင်ရှင် ၁,၄၀၀ ခန့် လုပ်ငန်းအစီအစဉ် တင်ပြ - Property News in Myanmar from iMyanmarHouse.com
20 Dec 2014 1:01 pm တွင် တင်ခဲ့သည်
951 ကြိမ် ကြည့်ရှု့ပြီး
စက်မှုဇုန်ရှိ မြေကွက်နှင့် ဂိုဒေါင်အလွတ်များလုပ်ငန်း အစီ အစဉ်တင်ပြရန် သတ်မှတ်ရက် အတွင်းလုပ်ငန်းရှင် ၁,၄၀၀ ခန့် အဆိုပြုလွှာတင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအ ဖွဲ့ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောသည်။

‘‘တချို့ဆို နှစ်ခါခွဲတင်ပြတာ တွေရှိတယ်။ ဒီပမာဏက မြေ ကွက်ကုန်လောက်ပါပြီ’’ဟု ဦးကျော်စိုးကဆက်လက်ပြောသည်။

ယခုအခါ အဆိုပြုလွှာများ ကို စိစစ်နေပြီး ယင်းတို့အနက်လုပ် ငန်းမဖြစ်နိုင်သော အဆိုပြုလွှာ များကို ဖယ်ရှား၍ အရေးယူရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။ သတ်မှတ်ရက်အတွင်း အဆိုပြုလွှာများမတင်ဘဲ ပျက် ကွက်ပါက အစိုးရထံမှ စက်မှုဇုန် စတင်ဝယ်ယူစဉ်က ချုပ်ဆို ထားသော စာချုပ်စည်းမျဉ်းများ အတိုင်း အရေးယူမည်ဟု ဦး ကျော်စိုးကပြောကြားသည်။

‘‘ထပ်တိုးပေးထားတဲ့ ရက် နောက်ပိုင်းထိအဆိုပြုလွှာမတင် ရင် ပိုင်ရှင်ကို မူလတန်ဖိုးငွေပြန် အမ်းပြီးသိမ်းမှာပါ။ ပိုင်ရှင်တချို့ ကလည်း ဒါကိုဂရုမစိုက်ဘူး’’ဟု လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲမှုကော်မရှင်ဥက္ကဋ္ဌ ဦးမြတ်သင်း အောင်ကပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန်များတွင် မြေ ကွက်လွတ် ၂,၄၀၀ နီးပါးနှင့် ဂို ဒေါင်အလွတ် ၁,၂၉၉ လုံးရှိနေ သည်။ ယင်းတို့ကို လုပ်ငန်းမလုပ် ဘဲ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ၀ယ် ယူထားပြီး လုပ်ငန်းမလုပ်သဖြင့် စက်ရုံကို တစ်နှစ်အတွင်း တည် ဆောက်ကာလုပ်ငန်းလုပ်ကိုင်ရန် အစိုးရက စီစဉ်နေခြင်းဖြစ်သည်။

မြေကွက်နှင့် ဂိုဒေါင်အလွတ်ပိုင်ရှင်များကို လုပ်ငန်းလုပ်ရန် အစီအစဉ်များတင်ပြရေး ရန်ကုန် တိုင်းဒေသကြီး စက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီက အောက်တိုဘာ လကုန်တွင် စာထုတ်ပြန်ခဲ့ သည်။ လုပ်ငန်းအစီအစဉ်အဆို ပြုလွှာများ နောက်ဆုံးတင်ပြရမည့်ရက်ကို ဒီဇင်ဘာ ၁ ရက် သတ်မှတ်ထားသည်။ သို့သော် ဒီဇင်ဘာ ၂ ရက်အထိ အဆိုပြု လွှာတင်သည့် လုပ်ငန်းရှင်ပေါင်း ၆၈၀ ခန့်သာရှိသဖြင့် ထပ်မံပြီး ၁၅ ရက်တိုးပေးခဲ့သည်။

စက်မှုဇုန်များမှ မြေကွက် လွတ်များနှင့် ဂိုဒေါင်အလွတ် များ သိမ်းယူမည့်အစီအစဉ်တွင် အဆင့်သုံးဆင့်ရှိပြီး ဒီဇင်ဘာ၁၅ ရက် နောက်ပိုင်းအဆိုပြုလွှာ မတင်သော မြေကွက်များကို ဦး စွာသိမ်းယူမည်ဖြစ်သည်။ ဒုတိယ အဆင့်မှာ အဆိုပြုလွှာတွင် ယုတ္တိ မရှိသောအကြောင်းပြချက်များပါဝင်သည့်မြေကွက်များသိမ်းယူ မည်ဖြစ်သည်။ တတိယအဆင့်အ နေဖြင့် လုပ်ငန်းမလုပ်သော ဂို ဒေါင်များကို အစိုးရက ပြန်လည် သိမ်းယူမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

စက်မှုဇုန်များတွင် ငွေကြေး ချမ်းသာသူများသည် ကုန်ထုတ် လုပ်မှုပြုလုပ်ရန် မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် မြေကွက်များ ၀ယ်ယူရင်းနှီးမြှုပ်နှံပြီး မြေ ကစားကြသည်။ ထို့ကြောင့် စက် မှုဇုန်များအတွင်းရှိ မြေကွက်များ သည် တစ်ကွက်လျှင် ကျပ်သိန်း ထောင်ဂဏန်းမှ သောင်းဂဏန်း ထိဈေးရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

Credit: 7 day daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service