မြေဈေးနှုန်း ကိုထိန်းချုပ်ရန် ၀ယ်ယူထားပြီး အသုံးမပြုမြေများကို လအလိုက် အခွန်တိုးမြှင့် ကောက်ခံခြင်းနှင့် ပြန်လည်သိမ်းယူနိုင်သည့် မြေအရင်းအမြစ်ဥပဒေပြဋ္ဌာန်းရန် စီစဉ်နေ

မြေဈေးနှုန်း ကိုထိန်းချုပ်ရန် ၀ယ်ယူထားပြီး အသုံးမပြုမြေများကို လအလိုက် အခွန်တိုးမြှင့် ကောက်ခံခြင်းနှင့် ပြန်လည်သိမ်းယူနိုင်သည့် မြေအရင်းအမြစ်ဥပဒေပြဋ္ဌာန်းရန် စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
24 Nov 2014 11:42 am တွင် တင်ခဲ့သည်
2730 ကြိမ် ကြည့်ရှု့ပြီး
မြေဈေးနှုန်း ကိုထိန်းချုပ်ရန် ၀ယ်ယူထားပြီး အသုံးမပြုသည့်မြေများကို လအလိုက်အခွန်တိုးမြှင့် ကောက်ခံခြင်းနှင့် ပြန်လည်သိမ်းယူနိုင်သည့် မြေအရင်းအမြစ်ဥပဒေကို ပြဋ္ဌာန်းရန်စီစဉ်နေကြောင်း အမျိုးသားမြေအရင်းအမြစ်ကော်မတီ၏ ဆွေးနွေးပွဲမှတ်တမ်းများအရ သိရသည်။

မြင့်တက်နေသော မြေယာဈေးကွက်ကို တုံ့ပြန်နိုင်ရန်အတွက် အဓိကလုပ်ဆောင်ရန် စီစဉ်ထားခြင်းဖြစ်ပြီး ၀န်ကြီးဌာနများနှင့် ပြည်ပပညာရှင်များ ပူပေါင်းရေးဆွဲသွားမည်ဟုလည်း သိရသည်။

ပြဋ္ဌာန်းမည့်မြေအရင်းအမြစ် ဥပဒေတွင် မြေများကိုဝယ်ယူထားပြီး အသုံးမပြုလျှင် လစဉ်၊ နှစ်စဉ် ကြီးလေးသော အခွန်များပေးဆောင်စေရန်၊ နိုင်ငံတော်အစိုးရဆီမှ တရားဝင်ရရှိထားသော မြေအရင်းအမြစ်များကို ကန့်သတ်သဘောတူထားသော ကာလအတွင်း အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ပါက ပြန်လည်သိမ်းယူနိုင်မည့်အချက်များ ပါဝင်သည်ဟု သိရသည်။

၎င်းအပြင် မြေအရောင်းအ၀ယ် ပြုလုပ်ခဲ့ရာတွင်လည်း ကောက်ခံနေသည့်အခွန်များကို မြေဈေးအတွက်အကျပေါ်မူတည်ပြီး တိုးမြှင့်ကောက်ခံရန်၊ အသုံးပြုမည့်မြေများကို ခွင့်ပြုရာတွင်လည်း လုပ်ငန်းအလိုက် အနည်းဆုံးဧရိယာနှင့် အများဆုံးဧရိယာများ သတ်မှတ်နိုင်ရန်လည်း စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။

စီမံကိန်းရှိသော မြေနေရာတစ်ဝိုက်နှင့် မြို့ပြများရှိ မြေဈေးနှုန်းဈေးကွက်မှာ ဖောင်းပွနေမှုကြောင့် တောင်သူလယ်သမားများ အပါအ၀င် မူရင်းမြေယာပိုင်ဆိုင်သူအချို့မှ မြေစွန့်လွှတ်ခံရမှုများရှိသဖြင့် စိုက်ပျိုးထုတ်လုပ်မှုကျဆင်းခြင်း၊ လယ်ယာမဲ့တောင်သူများ တိုးပွားလာခြင်း၊ လူအများစုအိမ်ရာ ပြဿနာ များဖြစ်ပေါ်နေခြင်း၊ ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်လာနေသည် မြေအရင်းအမြစ် စီမံခန့်ခွဲရေးကော်မတီ၏ ဆွေးနွေးပွဲအတွင်းပြောကြားမှုများ ရှိခဲ့သည်။

မြေဈေးနှုန်းမြင့်တက်မှုမှာ မြို့ပြဖွံ့ဖြိုးမှုများအတွက် ရပ်တန့်မှုများ ဖြစ်ပေါ်စေနိုင်ပြီး တိုင်းပြည်၏စီးပွားရေးဖွံ့ဖြိုးမှု လုပ်ငန်းများအတွက် များစွာအနှောင့်အယှက် ရှိနေသည့်အတွက် ပြဋ္ဌာန်းရန်စီစဉ်နေသည့် မြေအရင်းအမြစ်ဥပဒေကို ပြဋ္ဌာန်းရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

မြို့ပြမြေများကို စီမံခန့်ခွဲမှုအပိုင်းတွင် ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေများ၏ ဥပဒေမူဘောင်များတွင် မြေအသုံးချမှု အမျိုးအစား ခွဲခြားသတ်မှတ်သည့်စနစ်မှာ ရှုပ်ထွေးလျက်ရှိပြီး မြို့ပြစီမံခန့်ခွဲနိုင်သော ဌာနများမှာလည်း များပြားလှသည့်အတွက် တည်ဆဲမြို့ပြစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများကို ပြန်လည်သုံးသပ်ကာရိုးရှင်းသော မြေအရင်းအမြစ်ဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းရန်လိုအပ်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ မြေအရင်းအမြစ်ကော်မတီ၏ ဆွေးနွေးပွဲအတွင်း အကြုံပြုမှုများလည်း ရှိခဲ့သည်။

Credit: Eleven media group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service