စီးပွားရေးတစ်ခုသဖွယ်ဖြစ်လာသည့် ကျူးကျော်နေအိမ်များ

စီးပွားရေးတစ်ခုသဖွယ်ဖြစ်လာသည့် ကျူးကျော်နေအိမ်များ - Property News in Myanmar from iMyanmarHouse.com
18 Nov 2014 10:36 am တွင် တင်ခဲ့သည်
1439 ကြိမ် ကြည့်ရှု့ပြီး
ဖွံ့ဖြိုးတိုးတက်လာသော နိုင်ငံတိုင်းရှိ အိမ်၊ခြံ၊ မြေ ဈေးကွက်များ၏ဈေးနှုန်း များနှင့် လူမှုနေထိုင်ရေးစရိတ်များမှာ မြင့်မားလေ့ရှိသည်။ ယခုမြန်မာနိုင်ငံ ၏နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကြောင့် ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်သို့ရောက် ရှိ လာပြီဟု ဆိုနိုင်ပေသည်။ ထို့အတွက်လည်း လက်ရှိမြန်မာနိုင်ငံ၏ အိမ်၊ခြံ၊ မြေဈေးနှုန်းနှင့် လူမှုနေထိုင်ရေးစရိတ်များမှာလည်း ကြီးမြင့်လာပေသည်။ ကလေးငယ်တစ်ဦးအတွက် ကျွေးမွေးစရိတ်ပင်လျှင် ခေါင်းကိုက်စရာနှုန်း ထားများဖြစ်နေသည်ဖြစ်ရာ နေစရိတ်မှာ သာမန်လူတန်းစားတို့အတွက် မြင့်မားသောနှုန်းထားများဖြစ်နေသည်။ ထို့အတွက် မြန်မာပြည်တွင် နေထိုင် သောလူတန်းစားသုံးရပ်ဖြစ်သည့် လူချမ်းသာအစု၊ သာမန်လူတန်းစားအစု၊ အခြေခံလူတန်းစားအစုတို့တွင် နေစရိတ် စားစရိတ်များသည် လူချမ်းသာ များအတွက် မပူမပင်ရသော်လည်း သာမန်လူတန်းစားနှင့်အခြေခံလူတန်း စားတို့အတွက် အဓိကဖြေရှင်းရန်အခက်အခဲများပင်ဖြစ်နေသည်။ နေစရိတ်၊ စားစရိတ်များ မြင့်တက်နေမှုသည် နိုင်ငံတော်ငြိမ်းချမ်းမှုနှင့် မှုခင်းကင်းရှင်းမှု တို့ကို လျှော့နည်းစေနိုင်သည်။

ယခုပင်လျှင် မြန်မာနိုင်ငံတွင် နေစရိတ်၊ စား စရိတ်စသည့် လူနေမှုစရိတ်များမြင့်တက်လာခြင်းကြောင့် ပြည်သူများအ ကြားအခက်အခဲ များပေါ်ပေါက်နေပြီး မှုခင်းဖြစ်ပွားမှုနှုန်းလည်းမြင့်တက် နေလေသည်။ လက်ရှိမြန်မာနိုင်ငံတွင် လှုနေမှုစရိတ်အမြင့်မားဆုံးမြို့တော် များမှာ ဖွံ့ဖြိုးတိုးတက်မှုရှိလာသည့် ရန်ကုန်၊မန္တလေး နှင့်နေပြည်တော်တို့ပင် ဖြစ်သည်။ ယင်းမြို့များအနက် စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် လူနေမှုစရိတ်မှာ တစ်ပြည်လုံးနှင့်ယှဉ်ပါက အမြင့်ဆုံးနှုန်းထားမှာရှိနေခြင်း ကြောင့် ယခုအခါ ရန်ကုန်မြို့နေပြည်သူတို့ ယင်းပြဿနာကို ထိတွေ့ခံစား နေရပြီဖြစ်သည်။ ယင်းပြဿနာအနက် အလုပ်အကိုင်စီးပွားရေးပေါသော ရန်ကုန်မြို့သို့ အခြားသောမြို့များမှ ရွှေ့ပြောင်းအလုပ်သမားများပြောင်းရွှေ့ နေထိုင်လာကြခြင်း၊ လူနေမှုစရိတ်မြင့်မားလာခြင်း၊ ဧရာဝတီတိုင်းသို့ ၀င်ရောက်သွားသော လေနီကြမ်း နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်မြို့သို့ပြောင်း ရွှေ့နေထိုင်မှု များပြားလာခြင်းတို့ကြောင့် လက်ရှိရန်ကုန်တိုင်းဒေသကြီးတွင် ကျူးကျော်နေအိမ်များပြားလာခဲ့ရသည်။

အခြားမြို့များမှ ရွှေ့ပြောင်းအလုပ်သမား များပြားလာခြင်း

အလုပ်အကိုင်အခွင့်အလမ်း ပေါသောရန်ကုန်မြို့သို့ အလုပ်အကိုင်အမျိုးမျိုး ရှာဖွေရန် ရွှေ့ပြောင်းလာသူများ၊ စွန့်စား၍ လာရောက်နေထိုင်သူများ၊ စွန့်ဦး တီထွင်သူများ၊ အခြားသောရွှေ့ပြောင်းအလုပ်သမားများကြောင့် ရန်ကုန်မြို့ လူနေဦးရေမှာ တိုးတက်လာခဲ့ပြီး တိုးတက်လာသောလူဦးရေနှင့်ရှိရင်းစွဲ နေ အိမ် အခန်းမလောက်င မှုများပေါ်ပေါက်လာရပေသည်။ ရန်ကုန်မြို့တွင် စားစရိတ်မြင့်မားမှုကြောင့် နေစရိတ်ဘက်မလှည့်နိုင်သော အခြေခံအလုပ်သမား လူတန်းစားများနှင့်ရွှေ့ပြောင်းအလုပ်သမားများမှာ အိမ်၊ခြံ၊မြေဈေးနှုန်း မြင့်မားမှုကြောင့် အိမ်ခန်းငှားရမ်းနေထိုင်မှုပင် မတတ်နိုင်တော့ဘဲ အခြားသော မြေလွတ်မြေရိုင်းများတွင် ၀င်ရောက်နေထိုင်ကြသည်။ ဤသည်မှာလည်း ကျူးကျော်အိမ်များဖြစ်လာရခြင်းမှ တစ်ခုဖြစ်ပေသည်။

လူနေမှုစရိတ်မြင့်မားလာခြင်း

ရန်ကုန်တွင် စားစရိတ်၊နေစရိတ်စသည့် လူနေမှုစရိတ်များမှာ မြင့်တက်လာ သည့်အခြေခံလူတန်းစား၊ နေ့စား အလုပ်သမားများမှာ ရှင်သန်ရပ်တည်နိုင်ရန် ရုန်းကန်နေကြရသည်။ ၎င်းတို့အဆင်ပြေစွာရှင်သန်ရပ်တည်နိုင်ရေးအတွက် ၎င်းတို့ပိုင်နေအိမ်၊ခြံများကို ရောင်းချကြပြီး မြေလွတ်၊မြေရိုင်းများ တွင် ၀င်ရောက်နေထိုင်ကြသည်။ ဤသည်မှာလည်း လူနေမှုစရိတ်မြင့်မားခြင်း ကြောင့် ကျူးကျော်နေထိုင်မှုများ ပေါ်ပေါက်လာရခြင်းဖြစ်သည်။

နာဂစ်ကျူးကျော်

မြန်မာနိုင်ငံအတွင်း ၂၀၀၈ ခုနှစ်မေလ က တိုက်ခိုက်ခဲ့သော နာဂစ်မုန်တိုင်း ကြောင့် မြန်မာနိုင်ငံသားတို့ ဆုံးရှုံးမှုသိသိသာသာရှိခဲ့ပြီး ယင်း၏အကျိုး ဆက်မှာ ယခုအချိန်ထိကျန်ရှိနေသေးပြီး အဆိုပါနာဂစ်ဒဏ်သင့်ပြည်သူအ ချို့မှာ မိမိတို့၏နေရပ်ကို စွန့်ခွာကာ အလုပ်အကိုင်ပေါသောရန်ကုန်မြို့ သို့ ပြောင်းရွှေ့လုပ်ကိုင်မှုများ ပြုလုပ်ကြပြီး ထို့အပြင် အချို့သော ကုမ္ပဏီများမှ Project များလုပ်ကိုင်ရန်အတွက် အလုပ်သမားခ သက်သာသောနယ်မှ အလုပ်သမားများကို ခေါ်ဆောင်ကာ အလုပ်ခန့်အပ်ခိုင်းစေထားပြီး Project များပြီးစီးသောအခါ ၀န်ထမ်းများကို တာဝန်ယူခြင်းမရှိဘဲ မြေလွတ်၊မြေရိုင်း နှင့် မြေကွက်အလွတ်များသို့ ၀င်ရောက်နေထိုင်စေသည်။ဤသည်မှာလည်း Project များဆောင်ရွက်သော ကုမ္ပဏီများ၏တာဝန်ယူမှုကင်းမဲ့သောကြောင့် ကျူးကျော်နေအိမ်များတိုးပွားလာခဲ့ရပေသည်။
ယင်းကဲ့သို့သော အကြောင်းတရားများကြောင့် ပေါ်ပေါက်ခဲ့သောကျူးကျော် နေအိမ်များကို အစိုးရမှ ဖယ်ရှားကာ လျော်ကြေးငွေအဖြစ်ငွေကြေးပေးလျှော် မှုများပြုလုပ်ခဲ့သည်။ ထို့အတွက်ကြောင့်လည်း ယခုအခါတွင် မတော်လောဘသားတို့မှာ မရှိဆင်းရဲသားတို့ ကျူးကျော်နေခြင်းကို အခွင့်ကောင်း ယူကာ စီးပွားရေးသဖွယ်လုပ်ကိုင်နေကြသည်။

ယခုကျူးကျော်နေထိုင်မှုများမှာ ရန်ကုန်မြို့တွင် နေရာအနှံ့အပြားတွင် ပေါ် ပေါက်နေပြီး ယခုအထိဖြေရှင်းရန်အခက်အခဲဆုံးပြဿနာတစ်ခုဖွယ်ရှိနေ သည်။ လောဘသားတို့မှာ ကျူးကျော်နေထိုင်မှုကို အစုအဖွဲ့ဖြစ်လုပ်ကိုင်နေ ခြင်းကြောင့် အစိုးရမှာ မရှိလို့နေထိုင်သောပြည်သူတို့ကိုပါ ယုံကြည်မှု ပျောက်ကာပဋိပက္ခများဖြစ်ပွားနေကြသည်။ အဆိုပါ လောဘသားကျူးတို့ မှာ အများအားဖြင့် Projet တည်ဆောက်ရန်ရှိသော မြေနေရာအလွတ်များ တွင်ဝင်ရောက်နေထိုင်ကြပြီး ကုမ္ပဏီမှ လျော်ကြေးတောင်းခံကြသည်။ လော ဘသားကျူးတို့၏ အိမ်များမှာအသစ်ပမာရှိသော်လည်း ကုမ္ပဏီများဘက်မှ မငြင်းသာဘဲ အမြဲတမ်းလျော်ကြေးမှ ထုတ်ပေးရလျှက်ရှိသည်။

ထို့အတွက် ယခုအခါမြို့တော်စည်ပင်မှ အားလုံးသောကျူးကျော်များ ၀ိသမလောဘသားအဖြစ်ရှုမြင်ပြီး စုပေါင်းရှင်းလင်းရေးစီမံကိန်းများချမှတ်နေပြီဖြစ်သည်။ မရှိလို့နေရသည်နှင့် မသမာသောနည်းဖြင့် စီးပွးရှာချင်၍ ကျူးကျော်အဖြစ် နေထိုင်ခြင်းသည် မည်သို့ပင်ခေါင်းစဉ်တပ်တပ် ကျူးကျော်ဟုပင် သတ် မှတ်ခံရမည်ဖြစ်သည်။ မည်သည့်နိုင်ငံ မည်သည့်မြို့တွင် မဆို လူတစ်ဦး မိသားစု တစ်စုနေထိုင်မည်ဆိုပါက အိမ်ဝယ်နိုင်ရင် ၀ယ်၊မ၀ယ်နိုင်ရင်ငှား ရမ်းနေထိုင်ရမည်မှာ ကျင့်ဝတ်တစ်ခုပင်ဖြစ်သည်။ မြေလွတ်မြေရိုင်းတိုင်း တွင်ဝင်ရောက်၍ ကျူးကျော်နေထိုင်ခြင်းသည် ၂၁ ရာစုနှင့်လုံးဝမကိုက်ညီ တော့သော အလုပ်တစ်ခုပင်ဖြစ်သည်။ မရှိလို့ကျူးခြင်းကို အများပြည်သူတို့ လက်ခံနိုင်စရာရှိသော်လည်း စီးပွားရေးအဖြစ် ကျူးကျော်နေအိမ်များ ဆောက်၍ စီးပွားရှာခြင်းသည် လူ့ကျင့်ဝတ်နှင့် မကိုက်ညီသော အလုပ် ဖြစ်၍ ယင်းမသာမသူတို့ကို ထိရောက်စွာအရေးယူသင့်သည်။

လမင်းအောင် မှ iMyanmarHouse.com အတွက် သီးသန့်ရေးသားတင်ပြသည်။

Credit: iMyanmarHouse

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service