အိုင်ဖုန်းတစ်လုံးပဲပေး သူ့အိမ် တစ်အိမ်လုံးယူလိုက်ဆိုတဲ့ လူတစ်ယောက်အကြောင်းကို Mirror က ဖော်ပြလာပါတယ်။
ဒီလူက အမေရိကန်နိုင်ငံ ဒက်ထရွိုက်မြို့မှာရှိတဲ့ သူ့အိမ်ကို i Phone 6 တစ်လုံးတည်းနဲ့ လဲမှာဖြစ်ပါတယ်။
အိပ်ခန်း ၃ ခန်းပါတဲ့ သူ့ရဲ့နှစ်ထပ်အိမ်ဟာ အနည်းငယ်တော့ ယိုယွင်းနေပြီဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ ပေါင် ၂၀၀၀ လောက်သာ ဈေးခေါ်ထားပေမဲ့ ဝယ်မယ့်လူမရှိဘူးလို့ဆိုပါတယ်။
ဖြစ်ပုံက လွန်ခဲ့တဲ့ လေးနှစ်လောက်က ပေါင် ၂၅၀၀၀ လောက်နဲ့ ဒီအိမ်ကို အကျိုးဆောင်ကနေတစ်ဆင့် သူက ဝယ်ခဲ့ပါတယ်။ ဈေးကောင်းရရင် ပြန်ရောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ သူနေတာက သြစီယားမှာဖြစ်ပြီး အိမ်ကိုလည်း တစ်ခါမှ အပြင်မှာ မမြင်ဖူးပါဘူး။
ဒါပေမဲ့ ဒီနှစ်တွေ အတွင်းမှာ တစ်ချိန်က အမေရိကန် ကားမြို့တော်ကြီးဖြစ်တဲ့ ဒက်ထရွိုက်ရဲ့ စီးပွာရေးဟာ ကြောက်စရာ ကောင်းလောက်အောင် ကျဆင်းသွားပါတယ်။
လုပ်ငန်းတွေမရှိတဲ့အတွက် လူတွေဟာလည်း တခြားမြို့တွေကို ပြောင်းရွှေ့သွားကြပါတယ်။ လုပ်စားကိုင်စားဖို့ ဘာလုပ်ကွက်မှ မရှိသလောက် ဖြစ်လာတာကြောင့် အိမ်ဈေးတွေကလည်း ကြောက်ခမန်းလိလိ ပြုတ်ကျသွားခဲ့ပါတယ်။
ခု ဒီလူက ဝယ်မယ့်လူမရှိတဲ့ သူ့အိမ်ကို i Phone 6 နဲ့ လဲပါမယ်။ 32 GB ရှိတဲ့ အိုင်ပက်နဲ့ဆိုလည်း အဆင်ပြေတယ်လို့ ဆိုပါတယ်။
ကမ်းလှမ်းထားသူ လေးယောက်လောက်ရှိပြီး တစ်ယောက်က i Phone 6 အစား i Phone 5 နဲ့လဲချင်တာကြောင့် အဆင်မပြေပါဘူး။ နောက်တစ်ယောက်က ဒေါ်လာ ၈၅၀ ပဲ ပေးတယ်လို့ ဆိုပါတယ်။
အဓိကတော့ ဝယ်ယူသူတွေဟာ အခွန်ကို ကြောက်ကြတာဖြစ်ပါတယ်။ ၂၀၁၀ လောက်ကတည်းက လူမနေတဲ့ ဒီအိမ်ဟာ အခုဆိုရင် အခွန် ပေါင် ၄၀၀၀ လောက် ပေးဆောင်ရမှာဖြစ်ပြီး ဝယ်သူက ကျခံရမယ်လို့ဆိုပါတယ်။
Credit : iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)