ဆောက်လုပ်ရေးပစ္စည်းများ ထိုင်းနိုင်ငံမှ အများဆုံးတင်သွင်းနေ

ဆောက်လုပ်ရေးပစ္စည်းများ ထိုင်းနိုင်ငံမှ အများဆုံးတင်သွင်းနေ - Property News in Myanmar from iMyanmarHouse.com
22 Sep 2014 4:57 pm တွင် တင်ခဲ့သည်
1353 ကြိမ် ကြည့်ရှု့ပြီး
မြန်မာ-ထိုင်း ကုန်သွယ်မှုလုပ်ငန်းများ တိုက်ရိုက်ချိတ်ဆက်မှုများရရှိရန် လုပ်ငန်းအလိုက် ကုန်သွယ်မှုများ ဆွေးနွေးရာတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ကုန်သွယ်မှုပြုလုပ်ရန် အဓိကထား လုပ် ဆောင်လာကြောင်း မြန်မာ တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များနှင့်ထိုင်းစက်မှုလုပ်ငန်းရှင်များ ဆွေးနွေးပွဲမှ သိရသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင်ထိုင်းနိုင်ငံမှ ဇွန်လကုန်အထိ ဒေါ်လာ ၃ မီလျံ ရင်းနှီးမြှုပ်နှံထားပြီး နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုတွင် အဆင့် (၄) နေရာ၌ ရှိနေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများမှတ်ပုံ တင် ဦးစီးဌာနမှ သိရသည်။

”လုပ်ငန်းအလိုက် ကုန်သွယ်မှုတွေကို အဓိကထား ဆွေးနွေးတာပါ။ ထိုင်းစက်မှုလုပ်ငန်းရှင်တွေ အနေ နဲ့ ဒီမှာ အခြေချဖို့ မရှိသေးပါဘူး။ ကုန်သွယ်မှုပြုလုပ်ဖို့ ပစ္စည်းလာပြမယ်။ ရှင်းလင်းတယ်။ အဓိကတော့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေပါတယ်” ဟု အဆိုပါ ဆွေးနွေးပွဲမှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထိုင်း-မြန်မာ တိုက်ရိုက် ကုန်သွယ်မှုပြုလုပ်ရန် ဆောက်လုပ်ရေးသုံးလုပ်ငန်းပစ္စည်းများ၊ ဆောက် လုပ်ရေးလုပ်ငန်းသုံး လျှပ်စစ်ပစ္စည်းများ၊ စတီးနှင့် သံထည်များ၊ ထရပ်ကား အမိုးအဖြစ် အသုံးပြုမည့် တာပေါ်လင်စများ၊ အမျိုးသားကိုင်ပိုက်ဆံအိတ်များ၊ PVC ကြမ်းခင်းနှင့်ကားအခင်းများ အများဆုံးတင်သွင်း ရန်ရှိကြောင်း သိရသည်။

ထို့ပြင် ဓာတ်ခွဲခန်းသုံး လက်အိတ်များ၊ ဆေးဝါးနှင့် အလှကုန်များ၊ စားသောက်ကုန် ပစ္စည်းများ၊ ကြွေထည်များ၊ ချုပ်ပြီးအထည်များ၊ ပလတ်စတစ်ပစ္စည်းများ၊ သစ်သီးဝလံများနှင့် အလှဆင် တာရှည်ခံ ပန်းအိုးများ၊ စားပွဲတင်နှင့် မီးချောင်းများ၊ တံဆိပ်ရိုက်လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

”အိမ်နီးချင်း နိုင်ငံများနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ လုပ်ငန်းဆိုင်ရာ အခွင့်အလမ်းတစ်ခုကို မြန်မာက ပိုင်ဆိုင်တယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ သဘောတူညီမှု စာချုပ်ချုပ်ဆိုတာ နယ်စပ်ကုန်သွယ်ရေးမှာ တရားဝင်ဖြစ်စေချင်လို့ပါ။ နယ်စပ်ကုန်သွယ်မှုမှာ တရုတ်နိုင်ငံပြီးရင်ထိုင်းပါပဲ။ စီးပွားရေးအခွင့်အလမ်းတွေ ဒီထက် ပိုကောင်းလာဖို့ မျှော်လင့်ပါတယ်” ဟု အဆိုပါ ဆွေးနွေးပွဲတွင် လာရောက်သည့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထိုင်းကုန်စည်များ အနေဖြင့်မြန်မာဈေးကွက်၌ ယခင်ကတည်းက ရှိနေပြီး လယ်ယာထွက်ပစ္စည်းများ တင်သွင်းမှုတွင် အခွန်ကင်းလွတ်ခွင့်ရရှိထားခြင်းကြောင့် ဈေးကွက်၌ ဈေးနှုန်း လျှော့ချရောင်းချလာခြင်းများ ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

”နယ်စပ်ကုန်သွယ်ရေးက တင်သွင်းတာ ပိုမြန်တယ်။ တခြားနိုင်ငံတွေက တင်သွင်းလာပြီး ယှဉ်ပြိုင်ရင် လည်း ဈေးနှုန်းထပ်ကျလာနိုင်မယ်”ဟု လယ်ယာသုံးပစ္စည်းများအားတင်သွင်းရောင်းချနေသည့် ထိုင်း ကုမ္ပဏီတစ်ခုက ပြောသည်။

”အရင်က တရုတ်ထုတ်ကုန်တွေကိုပဲ အဓ­ိကထားသုံးနေရတာကနေပြီး နောက်ပိုင်းမှာ နိုင်ငံပေါင်းစုံ က ပစ္စည်းတွေကို ဝယ်ယူသူတွေအနေနဲ့ ရွေးချယ်ဝယ်ယူနိုင်မယ်။ ဈေးကွက်မှာ ဆက်လက်ရပ်တည်ဖို့ကို ပစ္စည်းအရည်အသွေးပေါ် မူတည်ပြီး ဝယ်ယူသူတွေကပဲ အဆုံးအဖြတ်ပေးမှာပါ” ဟု ထိုင်းကုန်စည်ပြပွဲတွင် ပြသနေသည့် ALLIGATOR ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိတွင် မြန်မာနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ထိုင်း၊ တရုတ်၊ ဗီယက်နမ်၊ မလေးရှား၊ ဂျပန်နိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းများအလိုက် လာရောက်တွေ့ဆုံကြပြီး မော်တော်ယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီများ၊ အထည်အလိပ်အထည်ချုပ်လုပ်ငန်း၊ လျှပ်စစ်နှင့် လူသုံးကုန်များ၊ မီးလုံးများ၊ စိုက်ပျိုးရေး၊ ဘိလပ် မြေစက်ရုံ တည်ဆောက်ရေး၊ ဆေးဝါးများ၊ ကျန်းမာရေးစောင့်ရှောက်ခြင်းဆိုင်ရာပစ္စည်းများ၊ အလှကုန်များ စသည့် ကုမ္ပဏီကြီးများမှ လာရောက်ဆွေးနွေးကြခြင်းဖြစ်သည်။

Credit: The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service