ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်တို့ဖြင့် တာမွေမြို့နယ်၊ ဖိုးစိန်လမ်း၊ အမှတ် ၃၆ ရှိ မြေကွက်ပေါ်တွင် နိုင်ငံတကာအဆင့်မီ အထပ် ၃၁ ထပ်နှင့် Basement အပါအဝင် စုစုပေါင်း ၃၂ ထပ်ရှိ နိုင်ငံတကာ အဆင့်မီကွန်ဒိုမီနီယမ်ကို သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၆ဝ ခန့်အသုံးပြုပြီး တည်ဆောက်မည်ဖြစ်ကြောင်း စက်တင်ဘာလ ၉ ရက်တွင် The ILLUSTRA at pho sein အရောင်းပြခန်း၌ ကျင်းပသည့်စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။
”ကွန်ဒိုမီနီယမ် ဥပဒေ ထွက်လာပြီးတာနဲ့ ဒီမြေကွက်ရဲ့ ပိုင်ဆိုင်မှုကိုကွန်ဒိုမှာ နေတဲ့ သူတွေအတွက် စုပေါင်းပိုင်မြေအဖြစ် လွှဲပေးသွားမှာဖြစ်ပါတယ်။ ဒီမြေက ကိုယ်ပိုင်မြေဖြစ်ပါတယ်။ အခု ဒီမြေပေါ်မှာ The ILLUSTRA at pho sein ကိုတော့နိုင်ငံတကာအဆင့်မီ ဆောက်လုပ်သွားမှာပါ” ဟု PSWN ကုမ္ပဏီလီမိ တက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းနိုင်ဇော်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်အမှတ် ၄၁/ ၂ဝ၁၃ ဖြင့် တည်ဆောက်လျက်ရှိသည့် ၎င်းကွန်ဒိုအဆောက်အအုံအတွက်ဒီဇိုင်းရေးဆွဲခြင်း၊ ပြင်ပသို့ ရောင်းချခြင်း၊ တည်ဆောက်ရေးလုပ်ငန်းများ အတွက် နိုင်ငံတကာအဆင့်မီဖြစ်ပေါ်လာစေရန် ပြည်ပမှ ပညာရှင်များကို လုပ်ငန်းများအပ်နှံ၍ ဆောက်လုပ် စေခြင်းဖြစ်ပြီး ယင်းအဆောက်အအုံ ဆောက်လုပ်မည့် ဖိုးစိန်လမ်းပေါ်ရှိ မြေကွက်အမှတ် ၃၆၊ အကျယ်အဝန်း သုည ဒသမ ၉ ဧကမှာ ပုဂ္ဂလိကပိုင်မြေဖြစ်ကာ နှစ် ၆ဝ မြေငှားဂရန်ရရှိထားသည့် မြေကွက်ဖြစ်သည်။ ယင်းစီမံကိန်းတွင် အခန်းပေါင်း ၂ဝ၈ ခန်း ပါဝင်မည်ဖြစ်ပြီးရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ပြဋ္ဌာန်းချက်များနှင့်အညီ ကားရပ်နားရန် နေရာများကို ၂ဝ ရာခိုင်နှုန်းအထိ ထပ်တိုးထည့်သွင်းရန် ညွှန်ကြားထား၍ ကားပါကင်အတွက် နေရာ ၂၅ဝ လျာထားကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြေသားစမ်းသပ်ခြင်း၊ အနျအ စငူန စမ်းသပ်ခြင်းများပြုလုပ်ပြီးဖြစ်၍ ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ၌ စတင်တည်ဆောက်သွားမည်ဖြစ်ကာ စီမံကိန်း တည်ဆောက်ပြီးစီးမည့်ကာလကို သုံးနှစ် သတ်မှတ်ထားကြောင်း သိရသည်။
”အခု စည်ပင်က အထပ်မြင့်တွေကို ရေမပေးတော့ဘူးဆိုတော့ ကိုယ်ပိုင် အဝီစိတွင်းတူးပြီး ရေပေး ဝေရေးကို လုပ်မှာပါ။ မီးကိုလည်း ၂၄ နာရီရအောင် ၁ဝဝ ရာခိုင်နှုန်းပြည့်ဘခေုကဈပျအနာ တွေနဲ့ လုပ်ထား ပါတယ်။ ကြမ်းခင်းဈေးကတော့ တစ်စတုရန်းပေကို အမေရိကန်ဒေါ်လာ ၂၇၂ ဒေါ်လာ သတ်မှတ်ထားတယ်” ဟု စီမံကိန်း မန်နေဂျာ ဦးမြင့်ဦးကပြောသည်။
Credit : The Trade Times