ရန်ကုန်စည်ပင်သာယာရေးကော်မတီက ရောင်းချနေတဲ့ ဗိုလ်မင်းရောင် တန်ဖိုးမျှတအိမ်ရာ အရစ်ကျဝယ်ယူမှုနဲ့ ပတ်သက်ပြီး ပေးသွင်းရတဲ့ ဈေးနှုန်းအချို့ကို ဖော်ပြပေးလိုက်ရပါတယ်။
စက်တင်ဘာလအပြီး ပေးသွင်းရမယ့် ဗိုလ်မင်းရောင် အိမ်ရာရဲ့ ပေးသွင်းရမယ့် ပုံစံနဲ့ အခန်းအမျိုးအစားတွေကတော့ U 600 (Type A) အတွက် အခန်းတန်ဖိုးက ကျပ် ၂၅,၅၀၀,၀၀၀ ဖြစ်ပြီး ဘဏ်ချေးငွေနဲ့ ပေးချေမှုအတွက် ကြိုတင်ငွေ ၃၀ ရာခိုင်နှုန်း၊ ပထမနှစ် ဘဏ်တိုးကိုးရာခိုင်နှုန်း၊ စာချုပ် ချုပ်ဆိုချိန် ၄၀ ရာခိုင်နှုန်းနဲ့ ဒုတိယနှစ်မှ စတုတ္ထနှစ်အထိ ဘဏ်တိုးငါးရာခိုင်နှုန်းပေးသွင်းကာ ၄၈ လ အတွက် လစဉ် ၃၇၁,၈၇၅ ကျပ်ကို ပေးသွင်းရမှာ ဖြစ်ပါတယ်။
အဆိုပါ Type - A အတွက် အရစ်ကျပေးသွင်းမှုစနစ်ကတော့ စာချုပ် ချုပ်ဆိုချိန် ၃၀ ရာခိုင်နှုန်း၊ နှစ်ထပ်၊ လေးထပ်နဲ့ ခြောက်ထပ်အပြီး ၁၅ ရာခိုင်နှုန်းစီ အမိုးအပြီး ၁၅ ရာခိုင်နှုန်းနဲ့ အခန်းအပ်နှံချိန်မှာ ၁၀ ရာခိုင်နှုန်း ပေးသွင်းရမှာ ဖြစ်ပါတယ်။
U 600 Type - B အတွက် အခန်းတန်ဖိုးက ကျပ် ၂၃,၇၀၀,၀၀၀ ဖြစ်ပြီး ဘဏ်ချေးငွေနဲ့ ပေးချေရင် ကြိုတင်ငွေ ၃၀ ရာခိုင်နှုန်း၊ ပထမနှစ် ဘဏ်တိုး ကိုးရာခိုင်နှုန်း၊ စာချုပ် ချုပ်ဆိုချိန် ၄၀ ရာခိုင်နှုန်းနဲ့ ဒုတိယနှစ်မှ စတုတ္ထနှစ်အထိ ဘဏ်တိုး ငါးရာခိုင်နှုန်း ပေးသွင်းကာ ၄၈ လ အတွက် လစဉ် ၃၄၅,၆၂၅ ကျပ် ပေးသွင်းရမှာ ဖြစ်ပါတယ်။
Type - B အရစ်ကျ ပေးသွင်းမှု စနစ်ကတော့ စာချုပ် ချုပ်ဆိုချိန် ၃၀ ရာခိုင်နှုန်း၊ နှစ်ထပ်၊ လေးထပ်နဲ့ ခြောက်ထပ်အပြီး တစ်ခုစီတိုင်း ၁၅ ရာခိုင်နှုန်းနဲ့ အမိုးအပြီး ၁၅ ရာခိုင်နှုန်း ပေးသွင်းကာ အခန်းအပ်နှံချိန် ၁၀ ရာခိုင်နှုန်း ထပ်သွင်းရမှာ ဖြစ်ပါတယ်။
U 900 Type C အတွက် အခန်းတန်ဖိုးက ကျပ် ၃၄,၇၀၀,၀၀၀ ဖြစ်ပြီး ဘဏ်ချေးငွေနဲ့ ပေးချေမှုအတွက် ကြိုတင်ငွေ ၃၀ ရာခိုင်နှုန်း ပထမနှစ်ဘဏ်တိုး ကိုးရာခိုင်နှုန်း၊ စာချုပ် ချုပ်ဆိုချိန် ၄၀ ရာခိုင်နှုန်းနဲ့ ဒုတိယနှစ်မှ စတုတ္ထနှစ်အထိ ဘဏ်တိုး ငါးရာခိုင်နှုန်း ပေးသွင်းကာ ၄၈ လ အတွက် လစဉ် ၅၀၆,၀၄၂ ကျပ်ပေးသွင်းရမှာ ဖြစ်ပါတယ်။
U - 900 Type D အတွက် အခန်းတန်ဖိုးက ကျပ် ၃၂,၉၀၀,၀၀၀ ဖြစ်ပြီး ဘဏ်ချေးငွေနဲ့ ပေးချေမှုအတွက် ကြိုတင်ငွေ ၃၀ ရာခိုင်နှုန်း၊ ပထမနှစ် ဘဏ်တိုး ကိုးရာခိုင်နှုန်း၊ စာချုပ် ချုပ်ဆိုချိန် ၄၀ ရာခိုင်နှုန်းနဲ့ ဒုတိယနှစ်မှ စတုတ္ထနှစ်အထိ ဘဏ်တိုး ငါးရာခိုင်နှုန်း ပေးသွင်းကာ ၄၈ လ အတွက် လစဉ် ၄၇၉,၇၉၂ ကျပ် ပေးသွင်းရမှာ ဖြစ်ပါတယ်။ Type C နဲ့ Type D ရဲ့
အရစ်ကျပေးသွင်းမှုက Type B နဲ့ အတူတူဖြစ်ပါတယ်။
Credit :Kumudra