ဗဟန်းမြို့နယ် ဖိုးစိန်လမ်းပေါ်တွင် ၃၁ ထပ်အမြင့်ရှိ အဆင့်မြင့်ကွန်ဒိုတစ်ခုကို ၂၀၁၅ နှစ်ဆန်းပိုင်းတွင် စတင်

ဗဟန်းမြို့နယ် ဖိုးစိန်လမ်းပေါ်တွင် ၃၁ ထပ်အမြင့်ရှိ အဆင့်မြင့်ကွန်ဒိုတစ်ခုကို ၂၀၁၅ နှစ်ဆန်းပိုင်းတွင် စတင် - Property News in Myanmar from iMyanmarHouse.com
8 Sep 2014 3:02 pm တွင် တင်ခဲ့သည်
1342 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဖိုးစိန်လမ်းပေါ် Chatrium ဟိုတယ်အနီး ၃၁ ထပ်အမြင့် ရှိ THE LLUSTRA အဆင့်မြင့်ကွန်ဒိုကို ပြည့်စုံဝင်းနိုင် ကုမ္ပဏီလီမိတက်က ၂ဝ၁၅ နှစ်ဆန်းပိုင်းတွင် စတင်ဆောက်လုပ်မည်ဖြစ်ကြောင်း စက်တင်ဘာ ၆ ရက်တွင် Sule ShangriLa Hotel ၌ ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

အဆိုပါ ကွန်ဒိုကို နိုင်ငံတကာအဆင့်မီ ကွန်ဒိုတိုက်ခန်းအဖြစ် ဖိုးစိန်လမ်းရှိ အမှတ် ၃၆ မြေ ဝ ဒသမ ၉ ဧကပေါ်တွင် ၂ဝ၁၇ နှစ်ကုန်ပိုင်း၌ အပြီးဆောက်လုပ်ရန် လျာထားကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

ယင်းကွန်ဒိုတွင် ကားပါကင်အပါအဝင် လူနေအခန်း စုစုပေါင်း ၂၅၂ ခန်း ပါဝင်မည်ဖြစ်ပြီး မြေအောက်ထပ်မှ ငါးထပ်အထိ ကားပါကင်၊ ခြောက်ထပ်မှ ၁၉ ထပ်အထိ Unit အသေးစားအခန်းများ တစ်ထပ်လျှင် ၁ဝ ခန်းစီ ပါဝင်မည်ဖြစ်ကြောင်း၊ အထပ် ၂ဝ တွင် ရေကူးကန်၊ ကလေးကစားကွင်း၊ ကော်ဖီဆိုင်များနှင့် Class House များလည်း ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကာ ၂၁ ထပ်မှ ၃၁ ထပ်အထိ Unit အကြီးစားအခန်းများ တစ်ထပ်လျှင်ရှစ်ခန်းစီ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ယင်းကွန်ဒိုတွင် အခန်းပေါင်း ၂၅၂ ခန်းရှိသည့်အနက် ၉၂ ခန်းကိုသာ ဦးစွာဝယ်ယူခွင့်ရရှိမည်ဖြစ်ကာ အခန်းတစ်ခန်းလျှင် ပျမ်းမျှအနည်းဆုံး သိန်း ၄၇ဝဝ မှ အများဆုံး သိန်း ၈ဝဝဝ အထိ သတ်မှတ်ထားကြောင်း၊ ထပ်မံဆောက်လုပ်မည့် အထပ်များမှာ ယခုထက် ဈေးပိုမြင့်မည်ဖြစ်ကြောင်း သိရသည်။

“အခုကတော့ ကွန်ဒိုဥပဒေကို လွှတ်တော်ကို တင်သွင်းထားပါတယ်။ ဒီတော့ ခုလောလောဆယ်မှာ မိသားစုပိုင်ကုမ္ပဏီဆိုပေမဲ့ နောက်ပိုင်းကွန်ဒိုမီနီယမ်ဥပဒေ ထွက်လာရင် မြေပိုင်ဆိုင်မှုကို အများပိုင်အဖြစ် လွှဲပြောင်းပေးသွားမယ်။ နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှုကိုလည်း ခွင့်ပြုသွားမယ်” ဟု ပြည့်စုံဝင်းနိုင် ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးဝင်းနိုင်က ဆိုသည်။

ယင်းကွန်ဒိုအခန်းများကို ဝယ်ယူလိုသူများအနေဖြင့် ဦးစွာအမေရိကန်ဒေါ်လာ ငါးထောင်ပေးသွင်းထားရမည်ဖြစ်ကာ ပထမလ၏ နှစ်ပတ်အတွင်း တိုက်ခန်းတန်ဖိုး၏ ခြောက်ရာခိုင်နှုန်းကို ပေးသွင်းပြီးပါက ဒေါ်လာငါးထောင်ကို ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် နှစ်လအတွင်း ၁ဝ ရာခိုင်နှုန်း၊ တတိယအဆင့်အနေဖြင့် သုံးလအတွင်း ၁ဝ ရာခိုင်နှုန်းနှင့် lnstallmance နည်းဖြင့် ငွေပေးချေပါက ကျန်ငွေများကို တစ်လလျှင် နှစ်ရာခိုင်နှုန်းစီဖြင့် အရစ်ကျပေးသွင်းရမည်ဖြစ်ပြီး Progessive နည်းဖြင့် ငွေပေးချေပါက အထပ်တစ်ထပ်ပြီးတိုင်း နှစ်ရာခိုင်နှုန်းခန့် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်ဒိုဆောက်လုပ်ခွင့်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၁၄ ရက်တွင် ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

Credit : Eleven

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service