ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ရန်ကုန်မြို့အား သာယာလှပသော
မြို့တော်ဖြစ်စေရန်နှင့် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်ရန်အတွက် ပန်းခြံ ၁၁ ခုကို နှစ်နှစ်အတွင်း ပြန်လည်အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်
ဝန် ဦးလှမြင့်က ပြောသည်။
ရန်ကုန်မြို့ရှိ လွှတ်တော်အဆောက်အအုံတွင် ဩဂုတ် ၂၅ ရက်ကပြုလုပ်သော ရန်ကုန်တိုင်း
ဒေသကြီး လွှတ်တော်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ညိုညိုသင်းက ရန်ကုန်
တိုင်းဒေသကြီး အစိုးရအဖွဲ့သည် ရန်ကုန်မြို့တော်အတွင်းရှိသောရှေးဟောင်းအမွေအနှစ်များ
အားထိန်းသိမ်းရန် တိုက်တွန်း ကြောင်းအဆိုအပေါ် ဖြေကြားရာတွင်မြို့တော်ဝန်က ထိုသို့ထည့်
သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့အတွင်းရှိ သခင်မြပန်းခြံ၊ အင်းလျားပန်းခြံ၊ နံ့သာမြိုင်ပန်းခြံ၊ ကန် သာယာပန်းခြံနှင့်
ကန်သာယာ ကုက္ကိုင်းပန်းခြံ များကို အဆင့်မြှင့်တင်ခြင်းများအား ယခု ဘဏ္ဍာနှစ်အတွင်း အပြီး
ဆောင်ရွက်သွားရန် စီစဉ်ထားပြီး ကန်သာယာကုက္ကိုင်းပန်းခြံမှာမူ ပြင်ဆင်မှုပြီးစီးသွားပြီဖြစ်ကြောင်း
ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူက ပြောသည်။
၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း၌ မြကန်သာပန်းခြံ၊ မြသီတာပန်းခြံ၊ ရတနာပန်းခြံ၊ ဥက္ကလာသီရိပန်းခြံ၊
ဗရွှပေါက္ကံပန်းခြံနျင့် သုဝဏ္ဏပန်းခြံ စုစုပေါင်း ပန်းခြံခြောက်ခုကို အဆင့်မြှင့်တင်ရေးဆောင်ရွက်ရန်
သတ်မှတ်လျာထားကြောင်း မြို့တော်ဝန် ဦးလှမြင့်က လွှတ်တော်သို့ အသိပေးပြောကြားခဲ့သည်။
မြို့တော်စည်ပင်သာယာရေးကော်မတီ ၏ ပန်းဥယျာဉ်နျင့် ကစားကွင်းဌာနသည် ၂၀၁၃ ၁၄
ဘဏ္ဍာနှစ်တွင် ပြည်သူ့ရင်ပြင် နျင့် ပြည်သူ့ပန်းခြံ၊့ န်တော်မင်္ဂလာပန်းခြံ၊ျှူးလေပိုစတာပန်းခြံ၊
မဟာဗန္ဓုလပန်းခြံ၊ အာဇာနည်ဗိမာန်ပန်းခြံ၊ ရှုခင်းသာပန်းခြံ၊ မြကျွန်းသာပန်းခြံ၊ွှင်းလျားကန်ဘောင်
ပြည်လမ်းပန်းခြံ၊ွှင်းလျားကန်ဘောင် ကမ္ဘာအေး (၁) ပန်းခြံ၊ွှင်းလျားကန်ဘောင် ကမ္ဘာအေး (၂)
ပန်းခြံ စသည့်ပန်းခြံ ၁၀ ခုကို အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့သည်။
ထို့ပြင် ရန်ကုန်မြို့နှင့် မိုင် ၂၀ ကွာဝေး သည့် မင်္ဂလာဒုံမြို့နယ် လှော်ကားရေဝေရေလဲ ဒေသ
စုစုပေါင်းရေမြေဧရိယာ ၅,၇၈၆ ဧက ကို အဆင့်မြင့်ဥယျာဉ်တစ်ခုဖြစ်လာစေရန် ၂၀၁၁ ခုနှစ်က
စတင်အကောင်အထည်ဖော်ခဲ့ ပြီး စဉ်ဆက်မပြတ်အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ရန်လည်း
စီစဉ်နေကြောင်း မြို့တော်ဝန်က ပြောသည်။
Credit: Myanmar Times