တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ပြီး အငှားချရန် ရန်ကုန်တိုင်းအစိုးရ ခွင့်ပြုငွေတောင်းခံမှု လွှတ်တော်တွင် ရှု

တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ပြီး အငှားချရန် ရန်ကုန်တိုင်းအစိုးရ ခွင့်ပြုငွေတောင်းခံမှု လွှတ်တော်တွင် ရှု - Property News in Myanmar from iMyanmarHouse.com
4 Sep 2014 11:33 am တွင် တင်ခဲ့သည်
1113 ကြိမ် ကြည့်ရှု့ပြီး
တန်ဖိုးနည်းအိမ်ရာဖော်ဆောင်၍ အိမ်ပိုင်မရှိသူများအားအငှားချထားပေးရန်အတွက် ရန် ကုန်တိုင်းအစိုးရ၏ ဖြည့်စွက်ခွင့် ပြုငွေတောင်းခံမှုကို စက်တင်ဘာ ၃ ရက်တွင် ကျင်းပသော ရန်ကုန် တိုင်းလွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်သွားကြောင်း သတင်းရရှိ သည်။

ရန်ကုန်တိုင်းဒေသကြီး ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြုငွေထဲမှ ငွေကျပ်ကိုးဘီလီယံခန့် တန်ဖိုးရှိသော တန်ဖိုးနည်းအိမ်ရာတစ်ခု ဖော်ဆောင်ကာ အိမ်ရာအမှန်တကယ်မရှိသူများ၊အိမ်ရာမရှိသည့် ကျူးကျော်များနှင့်အိမ်ငှားခမတတ်နိုင်သူ ၀င်ငွေနည်းမိသားစုများအား တိုင်းဒေသကြီးအစိုးရမှ ဦးစီးကာ အိမ်ငှားချထားပေးမှုများပြုလုပ်ပေးရန် တင်ပြမှုကို လွှတ်တော်တွင် မဲခွဲခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြုငွေမှ ရန်ကုန်မြို့တော် စည်ပင်သာယာက တောင်းခံထား သည့် ကြော်ငြာဆိုင်းဘုတ်များ ထုတ်လုပ်ခြင်းနှင့် တပ်ဆင်ခြင်း အတွက် ကျပ်ငွေ ၄ ဒသမ ၈ ဘီလီ ယံနှင့် ရန်ကုန်တောင်ပိုင်းခရိုင် တွင် ဆောက်လုပ်ရေးလုပ်ငန်း များဆောင်ရွက်ရန် ကျပ်ငွေ ၄ဒသမ ၀၄ ဘီလီယံတို့ကို ပြည်သူ များ လိုအပ်သည့် တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်ရေးတွက် ပြောင်းလဲသုံးစွဲရန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက တင်ပြခဲ့ခြင်းဖြစ်သည်။

ကြော်ငြာဆိုင်းဘုတ်ထုတ် လုပ်ခြင်းနှင့် တပ်ဆင်ခြင်းသည် ရန်ကုန်မြို့ လူထုအတွက် အမှန် တကယ်အကျိုးရှိ၊ မရှိ စဉ်းစား ရန်လိုအပ်ပြီး ရန်ကုန်တောင်ပိုင်း ခရိုင်အတွက် ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေး၌ ကျပ် ငွေ ၁၃ ဘီလီယံချထားပေးမှုတွင် ၉ ဘီလီယံကို အသုံးပြုခဲ့၍ ဘဏ္ဍာငွေထပ်မံ တောင်းခံလာမှုကို စိစစ်သင့်ကြောင်း ၎င်းက ပြောသည်။

‘‘ကျွန်မက ဒီငွေတွေကို ဖြတ်တောက်ဖို့ မဟုတ်ပါဘူး။ ဒီငွေ တွေကို ပြည်သူတွေအတွက် လို အပ်မယ့် နေရာမှာ ဆောင်ရွက်နိုင် ဖို့ ဘဏ္ဍာရေးစည်းမျည်းနဲ့အညီ တင်ပြခြင်း ဖြစ်ပါတယ်’’ဟု ဒေါက်တာညိုညိုသင်းက ဆိုသည်။

တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညို ညိုသင်းတင်ပြသည့် ဘဏ္ဍာရေး လွှဲပြောင်းသုံးစွဲရေးအကြံပြုချက် အပေါ် ရန်ကုန်မြို့တော်ဝန် ဦး လှမြင့်၊ သစ်တောနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးကျော်စိုး၊ ဘဏ္ဍာ ရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်တို့က ပြန်လည်ရှင်းလင်းတင်ပြခဲ့သည်။

ကြော်ငြာဆိုင်းဘုတ်များ ထုတ်လုပ်ခြင်းနှင့် တပ်ဆင်ခြင်း သည် ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ကြော် ငြာခအခွန်များရရှိလာပါက ပြည် သူများအတွက် လိုအပ်သောနေ ရာများတွင် အသုံးပြုနိုင်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြန်လည်ရှင်းလင်းတင်ပြခဲ့သည်။

စက်တင်ဘာ ၃ရက်တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်အစည်းအဝေး ၌ ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ဖြည့် စွက်ခွင့်ပြုငွေတောင်းခံခြင်းကို အတည်ပြုပေးခဲ့သည်။

Credit: 7 Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service