ပါရီမြို့ ဆင်ခြေဖုံးတွင် အဆောက်အအုံ ပြိုကျမှုကြောင့် ယခု အချိန်အထိ လူ (၇) ဦး သေဆုံးခဲ့ပြီးဖြစ်

ပါရီမြို့ ဆင်ခြေဖုံးတွင် အဆောက်အအုံ ပြိုကျမှုကြောင့် ယခု အချိန်အထိ လူ (၇) ဦး သေဆုံးခဲ့ပြီးဖြစ် - Property News in Myanmar from iMyanmarHouse.com
3 Sep 2014 9:54 am တွင် တင်ခဲ့သည်
656 ကြိမ် ကြည့်ရှု့ပြီး
ပြင်သစ်နိုင်ငံ ပါရီမြို့ ဆင်ဖြေဖုံး ရော့စနီ-ဆို-ဘွိုက်စ်ရှိ လေးထပ် အဆောက်အအုံ တစ်ခု တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားပြီး ပြိုကျခဲ့မှုကြောင့် လူအများအပြား အပျက်အစီးများ အောက်၌ နစ်မြုပ်နေခဲ့ရာ တနင်္လာနေ့တွင် ရုပ်အလောင်း (၇) ခုကို ကယ်ဆယ်ရေး သမားများ ထုတ်ယူ နိုင်ခဲ့ကြောင်း သိရသည်။

အဆောက်အအုံ ပြိုကျမှုကြောင့် အသက် (၈၀) နှစ် အရွယ် သက်ကြီးရွယ်အို တစ်ဦး၊ အသက် (၄၀) နှစ် အရွယ် မိခင်တစ်ဦး၊ ၎င်း၏ အသက် (၁၄) နှစ် နှင့် (၁၈) နှစ် အရွယ်သား သမီး နှစ်ဦး၊ အသက် (၁၀) နှစ် အရွယ်ကလေး ငယ်တစ်ဦး၊ အသက် (၄၅) နှစ် အရွယ် အမျိုးသမီး တစ်ဦး နှင့် အခြား လူကြီး တစ်ဦးတို့ သေဆုံးခဲ့ပြီး ဖြစ်သည်။ အပျက်အစီးများ အောက်တွင် ပိတ်မိ နေသူများအား ကယ်ဆယ်ရေး ၀န်ထမ်းများ က ရှာဖွေရေး ခွေးများနှင့် ယန္တရားကြီးများကို အသုံးပြုပြီး ဆက်လက် ရှာဖွေလျက် ရှိနေသည်။ အချိန် မရတော့ကြောင်း ပါရီ မီးသတ် တပ်ဖွဲ့မှ ပြောခွင့်ရှိသူ ဂေဘရီယယ် ပလက်စ်က ပြောဆိုခဲ့သည်။

အဆောက်အအုံ ပြိုကျမှုကြောင့် လူ ၁၁ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ၎င်းတို့ အနက် လေးဦးမှာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကာ ၎င်းတို့ အနက် နှစ်ဦးမှာ အသက် (၁၀) နှစ် နှင့် (၁၃) နှစ်အရွယ် ကလေးငယ်များ ဖြစ်ကြကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိ ဖိလစ်ဂါလီက ပြောဆိုခဲ့သည်။

ဓါတ်ငွေ့ ပေါက်ကွဲမှုကြောင့် အဆောက်အအုံ ပြိုကျခဲ့ခြင်း ဖြစ်နိုင်ကြောင်း၊ အပျက်အစီး များ ကြားတွင် ဓါတ်ငွေ့နှင့် လျှပ်စစ် ဆိုင်ရာ ပစ္စည်းများ ကို မြင်တွေ့ခဲ့ရကြောင်း ပလက်စ် က ပြောဆို ခဲ့သည်။ ဓါတ်ငွေ့ ပိုက်လိုင်း ယိုပေါက်မှုကြောင့် ပေါက်ကွဲမှု ဖြစ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ပြင်သစ် ပြည်ထဲရေး ၀န်ကြီး ဘားနတ်ကာဇန်နူး က ပြောဆိုခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ရပ်ကွက်တွင် ဓါတ်ငွေ့ ပိုက်လိုင်း ယိုပေါက်မှု ဖြစ်ခဲ့သည်ဟု သတင်း ပေးပို့မှု မရှိခဲ့ကြောင်း နေအိမ်များသို့ ဓါတ်ငွေ့များ ထောက်ပံ့ ပေးနေသည့် GRDF ကုမ္ပဏီက ပြောဆိုခဲ့သည်။ အဆောက်အအုံ ကို ၁၉၇၀ ခုနှစ် များတွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး လူနေထိုင်ရန် ကောင်းမွန်သည့် အဆောက်အအုံ တစ်ခု ဖြစ်ခဲ့ကြောင်း ပါရီဒုတိယ မြို့တော်ဝန် ဆာဒီနူလင်က ပြောဆိုခဲ့သည်။ မြို့အာဏာပိုင်များ သည် အနီးအနားရှိ စာသင်ကျောင်း တစ်ခုတွင် အရေးပေါ် ခိုလှုံရေး စခန်းတစ်ခု ဖွင့်လှစ်ထားပြီး ဆေးကုသမှုများ ပြုလုပ် ပေးလျက် ရှိနေသည်။

Credit: Messenger

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service