ရန်ကုန်မြို့သစ်စီမံကိန်းကြောင့် လယ်မြေဈေးများ သိသာစွာ တက်လာ

ရန်ကုန်မြို့သစ်စီမံကိန်းကြောင့် လယ်မြေဈေးများ သိသာစွာ တက်လာ - Property News in Myanmar from iMyanmarHouse.com
28 Aug 2014 5:04 pm တွင် တင်ခဲ့သည်
1527 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင် နေထိုင်သည့် လူဦးရေ တိုးတက်များပြားလာခြင်းကြောင့် မြို့သစ်ချဲ့ထွင်ရန် ရန်ကုန်မြို့သစ် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး ထိုစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ရှစ်ဘီလျံ သုံးစွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေ က တိုင်းဒေသကြီးလွှတ်တော်သို့ ဩဂုတ်လ ၂၂ ရက်နေ့က သ၀ဏ်လွှာပေးပို့ကာ အသိပေး လိုက်ပြီးနောက်ပိုင်း မြို့သစ်ချဲ့ထွင်မည့် စီမံကိန်းတွင်ပါဝင်သည့် မြို့နယ်များရှိ လယ်မြေများမှာ ဈေးများအဆမတန်မြင့်တက် လာကြောင်း ရန်ကုန်မြို့တွင်းရှိ အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

အဆိုပါ စီမံကိန်းကို ရန်ကုန်မြို့၏ အနောက်ဘက် ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ ဪ တွံတေး ကားလမ်းကြား မြေနေရာများတွင် အကောင်အထည်ဖော်ရန် လျာထားပြီး ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီးခနောင်တို မြို့နယ်နှင့် တွံတေးမြို့နယ်များအတွင်း တည်ရှိ ခြင်းဖြစ်သည်။ အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ ပြည်တွင်း သတင်းစာများ တွင်ဖော်ပြသည့် သတင်းအချက်အလက်များကြောင့် စီမံကိန်းတွင် ပါရှိသည့် အချို့မြို့နယ်အတွင်းရှိလယ်မြေ များမှာ မြေယာဝယ်ရောင်း လုပ်ကိုင်သူများ နှင့် ရင်းနှီးမြှုပ်နှံလိုသူများက ၀ယ်ယူရန် စိတ်ဝင်စားလာမှုများကြောင့် ဈေးများ နေ့ချင်း ညချင်း မြင့်တက်လာခြင်းဖြစ်ကြောင်း မြပန်း သခင်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ကိုမင်းမင်းစိုးက ပြောသည်။

"သတင်းတွေ ထွက်လာပြီးတဲ့နောက်မှာ ဒလမြို့နဲ့ တွံတေးကြားမှာရှိတဲ့ ဘုရားငုတ်တို ရွာကလယ်မြေတွေမှာ လာကြည့်ကြတဲ့သူ တွေ အများကြီးပဲ။ အဲဒီဘက်ကလယ်တွေက လည်း ချက်ချင်းကိုဈေးတက်သွားတယ်။ အတွင်းပိုင်းကလယ်ဆို တစ်ဧက သိန်း ၇၀ လောက်ကနေ ၁၅၀ဖြစ်သွားပြီး လမ်းမတန်း ဘေးကတော့ သိန်းထောင်ချီသွားပြီ။ ဒီရက် ထဲတော့ စီမံကိန်းမှာပါတဲ့ တခြားမြို့နယ်တွေ မှာ ၀ယ်ရောင်းသမားတွေ လုပ်ငန်းရှင်တွေ ပြန့်ကုန်ပြီ" ဟု ၎င်းက ပြောသည်။

လက်ရှိတွင်လည်း မြို့သစ်စီမံကိန်းနှင့် ပတ်သက်သည့်တည်နေရာများကို အတည် အကျမသိရသေးသည့်အတွက် မြေအရောင်းအ၀ယ်များမှာ အိမ်ခြံမြေဈေးကွက်အတွင်း တရားဝင်မဖြစ်ပေါ်သေးသော်လည်း ဒေသခံပွဲစားများနှင့် ၀ယ်ရောင်းလုပ်ကိုင်လိုသူများ ကြားတွင်သာ အရောင်းအ၀ယ်အနည်းငယ် ဖြစ်ပေါ်လျက်ရှိကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ဈေးကွက်မန်နေဂျာ ကိုဟိန်းဇံက ပြောသည်။

မြေဧက ၃၀,၀၀၀ ကျော်ရှိသည့် ရန်ကုန် မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ရာ တွင် သုံးနှစ်အတွင်း ၇၀ ရာခိုင်နှုန်းအပြီး အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး မြန်မာ့စေတနာမြို့သစ်အများပိုင်ကုမ္ပဏီလီမိတက်သို့ လုပ်ကိုင်ခွင့် ပေးအပ်ထားကြောင်း ၀န်ကြီးချုပ်၏ သ၀ဏ်လွှာတွင်ပါရှိသည်။

သို့သော် ရန်ကုန်တိုင်းဒေသကြီး အစိုးရ သည် အဆိုပါအများပိုင် ကုမ္ပဏီလီမိတက် ကို လုပ်ကိုင်ခွင့်ပေးရန် မည်သို့ရွေးချယ်ခဲ့ သည်ဆိုသည့်အကြောင်းနှင့် နှစ်ဦးနှစ်ဖက် သဘောတူထားသည့်စာချုပ်တွင် ကုမ္ပဏီဘက်မှ အကျိုးခံစားခွင့် မည်မျှရရှိမည်ကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

"ကုမ္ပဏီတွေကို တင်ဒါခေါ်ပြီးရွေးတယ်လို့ မကြားမိဘူး။ အဲဒါကြောင့် ဒီကုမ္ပဏီကို ဘယ်လိုရွေးလဲဆိုတာ ပြောပြသင့်တယ်"ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။ အဆိုပါစီမံကိန်းမြေနေရာတွင် လယ်မြေများလည်း ပါဝင်နေသောကြောင့် တိုင်းဒေသ ကြီးအစိုးရအဖွဲ့သည် လယ်ယာမြေဥပဒေ ပုဒ်မ ၂၉ အရ နိုင်ငံတော်၏ ရေရှည် အမျိုးသား အကျိုးစီးပွားအလို့ငှာ လယ်ယာမြေကို အခြား နည်းဖြင့်အသုံးပြုရန် ပြည်ထောင်စုအစိုးရထံ က ခွင့်ပြုချက်
ရရှိပြီးဖြစ်ကြောင်း ၀န်ကြီးချုပ် က အသိပေးပြောဆို ပြီးဖြစ်သည်။

ဝန်ကြီးချုပ်၏သ၀ဏ်လွှာတွင် ဖော်ပြ ထားချက်အရ ရန်ကုန်မြို့သစ် စီမံကိန်းပြီးစီးပါက လုပ်ကိုင်ခွင့်ရရှိထားသောကုမ္ပဏီ သည် အဆင့်မြင့်တန်ဖိုးနည်းအိမ်ရာ အခန်း ပေါင်းနှစ်သောင်း၊ မိဘမဲ့ကလေးဦးရေ ၂,၀၀၀ ဆံ့ အဆင့်မြင့်ကျောင်းတစ်ကျောင်း၊ အဘိုး အဘွားဦးရေ ၂,၀၀၀ဆံ့ အဆင့်မြင့်ရိပ်သာတစ်ဆောင်၊ တံတားဖြတ်သန်းကြေး လုံးဝ ကောက်ခံခြင်းမပြုဘဲ အခမဲ့ဖြတ်သန်းခွင့်ပြု မည့် ခြောက်လမ်းသွား မြစ်ကူးတံတား ခြောက်စင်း စသည်တို့ကို အစိုးရထံ အလှူ အဖြစ် ပြန်လည်ပေးအပ်ရမည်
ဖြစ်သည်။

စီမံကိန်းတွင်ပါဝင်သည့် မြို့နယ်များ သည် ရန်ကုန်မြို့တော်စည်ပင်သာယာနယ် နိမိတ်တွင်မပါဝင်ဘဲအဆိုပြုချက်များမှာ လည်း ကော်မတီက တင်သွင်းခြင်းမဟုတ် ကြောင်း မြို့ပြစီမံကိန်းဌာန ညွှန်ကြားရေးမှူး ဦးတိုးအောင်က ပြောသည်။

Credit : MM Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service