ပုဂံဇုန်ရှိ ဆောက်လက်စ ဟိုတယ်နှင့် တည်းခိုခန်းများ လူနေအိမ်အဖြစ် ပြောင်းလဲတည်ဆောက်မည်

ပုဂံဇုန်ရှိ ဆောက်လက်စ ဟိုတယ်နှင့် တည်းခိုခန်းများ လူနေအိမ်အဖြစ် ပြောင်းလဲတည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
26 Aug 2014 11:36 am တွင် တင်ခဲ့သည်
1053 ကြိမ် ကြည့်ရှု့ပြီး
ပုဂံရှေးဟောင်းဇုန်တွင် တည်ဆောက်လျက်ရှိသည့် ဟိုတယ်နှင့် တည်းခိုခန်းများကို လူနေအိမ်အဖြစ်သာ တည်ဆောက်သွားရန် သဘောတူညီချက်များ ရရှိထား ပြီးဖြစ်သည်ဟု ယဉ်ကျေးမှု ၀န်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ကြိုတင်ခွင့်ပြု ချက်မရရှိဘဲ ဇုန်အတွင်း တည်ဆောက်လျက် ရှိသည့် ဟိုတယ်နှင့် တည်းခိုခန်း များ၏ ပိုင်ရှင် များကို ခေါ်ယူတွေ့ ဆုံရာတွင် ဟိုတယ်နှင့် တည်းခိုခန်းများ မတည်ဆောက် တော့ဘဲ လူနေအိမ် အဖြစ်သာ တ ည်ဆောက်ရန် သဘောတူ လက်မှတ်ရေး ထိုးခဲ့ခြင်း ဖြစ်သည်။

ပုဂံဇုန်အတွင်း တည်ဆောက်လျက်ရှိသည့် ကျန်ရှိနေသော အဆောက်အအုံပိုင်ရှင်များနှင့် ဆက်လက်တွေ့ ဆုံနေသည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပုဂံဇုန်အပါအ၀င် ယဉ်ကျေးမှုအမွေ အနှစ်အဖြစ် သတ်မှတ်ထားသော ဇုန် ၄၆ ခုရှိ ရှေးဟောင်း အထိမ်း အမှတ်အဆောက်အအုံတည်ရှိရာဇုန်(သို့မဟုတ်) ရှေးေ ဟာင်းနေရာတည်ရှိရာ ဇုန်များအတွင်း ဟိုတယ်၊ စားသောက်ဆိုင်ကြီးများ၊ စက်မှုလုပ်ငန်း အဆောက်အအုံများကို ဥပဒေအရဆောက်လုပ်ခွင့်မပြုဘဲ ကန့် သတ် ထားသည်။

ယဉ်ကျေးမှုအမွအနှစ်ဒေသများကာ ကွယ်ထိန်းသိမ်းရေးဥပဒေအရ ရှေးဟောင်း ဇုန်များတွင်ဟိုတယ် အပါ အ၀င် အဆောက်အအုံများဆောက်လုပ်ခွင့်အတွက် ယဉ်ကျေးမှု ၀န်ကြီးဌာနသို့ သတ်မှတ်ချက်များနှင့် အညီ တင်ပြရ မည်ဖြစ်ပြီး ၀န်ကြီးဌာနက စိစစ် ခွင့်ပြုခြင်း (သို့မဟုတ်) ငြင်းပယ်ခြင်း တို့ကို ပြုနိုင် သည်ဟု ပြ ဋ္ဌာန်း ထားသည်။

ပုဂံချစ်သူများအဖွဲ့မှ ဦးမင်းနိုင်အောင် က “ အရင်တုန်းကလည်း စတိုးဆိုင်ဆိုပြီး ခွင့်ပြုချက်တင်ပြီးမှ ဟိုတယ် ဖွင့်လိုက်ကြတယ်။ အခုလည်းလူနေအိမ်ကနေနော င်တစ်ချိန်မှာ ဟိုတယ်ဖွင့်လိုက်တယ်ဆိုရင် ဘယ်လို ဥပဒေတွေနဲ့ အရေးယူမလဲဆိုတာ ဒေသခံအနေနဲ့ သိချင်တယ် ” ဟု ပြောသည်။

ပုဂံရှေးဟောင်း ဇုန်အတွင်း ဟိုတယ် အလုံးပေါင်း ၃၂ လုံး တည်ဆောက် ပြီးခဲ့ပြီး ဆောက်လက်စ ဟိုတယ် အလုံး ၂၀ခန့်ရှိသည်ဟု ၎င်းကပြောသည်။ ပုဂံရှေးေ ဟာင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တည်ဆောက်ဆဲဟိုတယ်နှင့် တည်းခိုရိပ်သာ ၂၈ လုံးကို တားမြစ်စိစစ်မှုများရှိခဲ့သည်။

ရှေးဟောင်းဇုန်များတွင် မြေ၀ယ်ယူသည့် သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတိပေးထုတ် ပြန်ချက်များထုတ်ပြန်ထားပြီး ဇုန် ၄၆ ဇုန်လုံးတွင် ဟိုတယ်တည်ဆောက်ခွင့်ကို လုံးဝခွင့်ပြု သွားမည်မဟုတ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန ညွှန်ကြားရေး မှူးချူပ် ဦးကျော်ဦးလွင်က ပြောထားသည်။

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းမြို့ ဟောင်းများ၊ ပုဂံ၊ မြောက်ဦး၊ အင်းဝဒေသ များအပါအ၀င် ရှေးဟောင်းဇုန် ၄၆ ဇုန် သတ်မှတ်ထားပြီး ယဉ်ကျေးမှုအမွေအနှစ် ဧရိယာများ အတွင်း ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုရိပ်သာ၊ စားသောက် ဆိုင်ကြီးများနှင့် စက်မှုလက်မှု အဆောက်အအုံများ ဆောက်လုပ်ခြင်းဆိုင်ရာ သတိပေးကြေညာချက်ကို သြဂုတ်လ ၁၈ ရက် တွင် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Credit: Mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service