မြို့လယ်မှကွန်ဒိုတိုက်ခန်းများ အရောင်းနှင့် အငှားကျဆင်းလာ

မြို့လယ်မှကွန်ဒိုတိုက်ခန်းများ အရောင်းနှင့် အငှားကျဆင်းလာ - Property News in Myanmar from iMyanmarHouse.com
24 Aug 2014 1:06 pm တွင် တင်ခဲ့သည်
1469 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ အဓိက လမ်းမကြီးများတွင် ကွန်ဒိုတည်ဆောက်မှုမှာ လွန်ခဲ့သည့် နှစ်နှစ်ခန့်နှင့် နှိုင်းယှဉ်ပါက မြင့်တက်လာပြီး လမ်းသွယ်များတွင်လည်း ဓာတ်လှေကားပါဝင်သည့် တိုက်ခန်းများ တည်ဆောက်မှုများပြားလာပြီး ဈေးနှုန်းများ မှာလည်း ပိုမိုမြင့်တက်လာကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

အဆိုပါ မြို့လယ်ခြောက်မြို့နယ်ရှိ ကွန်ဒို ဈေးများမှာ တည်နေရာနှင့် အခန်းအကျယ်အ၀န်းပေါ်မူတည်ကာ ဈေးနှုန်းများ ပြောင်းလဲ မှုရှိသည်။ ပျှမ်းမျှအားဖြင့် ၀န်ဆောင်မှုကောင်း ကာကားရပ်နားရန်နေရာနှင့် ဓာတ်လှေခါးပါဝင်သည့် ကွန်ဒိုအခန်းများမှာ ကျပ်သိန်း ၃,၀၀၀ ၀န်းကျင်တွင်ရှိပြီး လွန်ခဲ့သည့်နှစ်နှစ်ခန့်ကဈေး များဖြစ်သော ကျပ်သိန်း ၁,၈၀၀ ၊ ၂,၀၀၀ များမှ မြင့်တက်လာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့အခြေစိုက် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းဖြစ်သည့် ရွှေတြိဂံမှကိုစွာလေးက ပြောသည်။

"ရန်ကုန်မြို့ထဲမှာ ကွန်ဒိုတွေက နောက်ပိုင်း မှာ ပိုပိုများလာတယ်။ ပိုများလာပြီး နောက်ပိုင်းဆောက်တဲ့ ကွန်ဒိုဈေးတွေကလည်း ပိုမြင့်လာတယ်။ အခုလက်ရှိ ပေါက်ဈေးကနေရာကောင်းကောင်းကကွန်ဒိုမှာ ကားပါကင်ပါ တယ်၊ ၀န်ဆောင်မှုလည်း အသင့်အတင့်ရှိတယ်ဆိုရင်ကျပ်သိန်း ၃,၀၀၀ ပတ်ချာလည်လောက်မှ ၀ယ်လို့ရမယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မြို့ထဲမှာကွန်ဒိုဈေးတွေက အဲဒီလောက်ဈေးမရှိဘူး။ တစ်ခန်းကို သိန်း ၁,၄၀၀ လောက်ကနေတက်လာပြီးသိန်း ၂,၀၀၀ ကနေ အခုဆိုရင် သိန်း ၃,၀၀၀ လောက်ဖြစ် လာတယ်" ဟု ၎င်းက ပြောသည်။

သို့သော် ရန်ကုန်မြို့လယ်ရှိ နံပါတ်တပ်လမ်းသွယ်များရှိ ဓာတ်လှေခါးပါအဆင့်မြင့် တိုက်ခန်းဈေးများမှာ တစ်ခန်းလျှင် ကျပ် သိန်း ၂,၀၀၀ အောက်ရှိကာ မြေညီထပ် အခန်းများ မှာ ပိုမိုဈေးကောင်းပြီး အနော်ရထာလမ်းနှင့် ကမ်းနားလမ်းမများတွင်ရှိသည့် ကွန်ဒိုများကို လည်း ၀ယ်ယူမှုများကြောင်းကိုစွာလေးက ပြောသည်။

"တချို့ မြို့ထဲမှာ တကယ်နေချင်တဲ့သူတွေ က နေရာကောင်းရင် ဈေးမြင့်လည်း ညှိပြီး ၀ယ်နေကြတာပါပဲ။ လုပ်ငန်းလုပ်မယ့်သူတွေ လည်း နေရာကိုကြိုက်ရင် ဈေးပေးပြီး ၀ယ်ကြတာပါပဲ။ မြို့ထဲမှာက နေရာပေါ်မူတည်ပြီး ဈေးမြင့်တာဆိုတော့ ဒီမှာဆောက်ထားတဲ့ ကွန်ဒိုတွေကတော့ ဈေးကျဦးမှာမဟုတ်သေးဘူး" ဟု ၎င်းက ပြောသည်။

သို့သော် လက်ရှိတွင် ဈေးနှုန်းများမြင့်မား နေသည့်အတွက် ရင်းနှီးမြှုပ်နှံသူများနှင့် အရောင်းအ၀ယ်လုပ်ကိုင်သူအချို့ မြို့လယ်ရှိကွန်ဒိုတိုက်ခန်းများ ၀ယ်ယူမှုမှာ ရပ်တန့် လျက်ရှိကြောင်း Phoenix အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ကိုထွန်းထွန်းက ပြောသည်။

"မြို့ထဲက ကွန်ဒိုဈေးတွေကမကျတော့ ၀ယ်ရောင်းလုပ်တဲ့သူတွေလည်း ထပ်မ၀ယ်နိုင်သေးဘဲအရင်ဝယ်ထားတဲ့ အခန်းတွေကို ထွက်အောင်ရောင်းနေရတယ်။ ဈေးကွက်ထဲ မှာတော့ ကွန်ဒိုအရောင်းထက် အငှားတွေ က ပိုဖြစ်တယ်ဆိုပေမယ့် အရောင်းဈေးမကျတော့ အငှားဈေးလည်းမြင့်ပြီး ငှားတဲ့သူတွေတောင် နည်းနည်း စဉ်းစားလာကြတယ်။ လောလောဆယ်တော့ ၀ယ်ရောင်း
အကြီးစားလုပ်တဲ့သူတွေ ကွန်ဒိုအ၀ယ်ဘက်ကို သိပ်မလိုက်ကြဘူး" ဟု ၎င်းက ပြောသည်။

ထို့ပြင် ယခုနောက်ပိုင်းတွင် ၀န်ဆောင်မှု ကောင်းမွန်သည့် အဆင့်မြင့်ကွန်ဒို တည် ဆောက်ရန်ကုန်မြို့တွင် တွေ့မြင်နေရ သည့်အတွက် ရင်းနှီးမြှုပ်နှံသူများနှင့် အရောင်းအ၀ယ် လုပ်ငန်းလုပ်ဆောင်သူ များမှာ အဆိုပါကွန်ဒိုများကို စောင့်ဆိုင်း နေကြသည့်အတွက် လက်ရှိကွန်ဒိုများမှာ မဖြစ်မနေ ၀ယ်ယူနေထိုင်ရန် လိုအပ်သူ များနှင့် လုပ်ငန်းလိုအပ်ချက်အရ ၀ယ်ယူကြ သည့်ဝယ်လိုအားသာရှိကြောင်း ကိုထွန်းထွန်း က ပြောသည်။

Credit : Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service