မော်လမြိုင်၌ ၀န်ထမ်းများအတွက်တန်ဖိုးနည်း အိမ်ရာကိုလေးထပ်တိုက်
ငါးလုးံအပြင်နောက်ထပ်လေးထပ်တိုက် ကိုးလုံးကို စတင်တည်ဆောက်နေပြီး ၁၀
ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ ၎င်းင်း တန်ဖိုးနည်းအိမ်ရာ လေးထပ်
တိုက်ငါးလုံး တည်ဆောက်မှုမှာ ၆၀ရာခိုင်နှုန်းပြီးစီးနေပြီး အခန်းတစ်ခန်းလျှင် ၆၀၀
စတုရန်းပေ ရှိကြောင်း၊ လေးထပ်တွင်အခန်းပေါင်း ၃၂ ခန်းရှိပြီး မြေညီထပ်ကို
ကျပ်သိန်း ၁၃၀၊ ပထမထပ်ကို ကျပ် ၁၂၅သိန်း၊ ဒုတိယထပ်ကို ကျပ်သိန်း ၁၂၀၊
တတိယထပ်ကို ၁၁၅ သိန်းကျပ်ဖြင့် အရစ်ကျ ငါးနှစ်ပေးသွင်းရမည်ဖြစ်ကြောင်း
ယခု ထပ်မံ တည်ဆောက်မည့် လေးထပ်တိုက် ကိုးလုံးအတွက် တစ်လုံးလျှင်၃၂ ဦး၊
ကိုးလုံးအတွက် ၂၂၈ ဦး ယခင်တိုက်ငါးလုံးတွင် ၀န်ထမ်း ၁၆၀ စုစုပေါင်း ၄၄၈
ဦးတို့အား ၀န်ထမ်းများ အငြိမ်းစားမယူခင်တွင်အိမ်အပိုင်ရရှိပြီး အေးချမ်းစွာ နေထိုင်
နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
'ယင်းတန်ဖိုးနည်း ၀န်ထမ်းအိမ်ရာတွေကို ဆက်လက်ပြီးတော့ ဆောက်လုပ်
နေပါတယ်။ အရင်ဆောက်လုပ်တဲ့ တိုက်ငါးလုးံ အခန်းပေါင်း၁၆၀ ခန့်ကိုတော့
၂၀၁၅ ခုနှစ် မတ်လထဲမှာ အပြီးအပ်ပါမယ်။ ကျန်လေးထပ်တိုက်ကိုးလုံးကိုတော့
၂၀၁၅ နှစ်ကုန်ပိုင်းလောက်မှာ အပြီးအပ်နိုင်ဖို့ ဆောက်လုပ်နေပါတယ်'ဟု
UHMဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင်ဦးထွန်းအောင်ရွှေက ပြောကြားသည်။
၎င်းတန်ဖိုးနည်း ၀န်ထမ်းအိမ်ရာကိုမွန်ပြည်နယ်ဝန်ကြီးချုပ်၊ စည်ပင်
သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင်၊ မွန်ပြည်နယ် စည်ပင်သာယာရေး
အဖွဲ့ အင်ဂျင်နီယာမှူးကြီး ဦးအေးဆွေနှင့်အဖွဲ့များ၊ UHMကုမ္ပဏီမှ မန်နေဂျင်း
ဒါရိုက်တာ ဦးထွန်းအောင်ရွှေနှင့် တာဝန်ရှိသူများ၊ စီမံကိန်းကော်မတီတို့က
ရှင်းလင်းဆောင်၌ နောက်ထပ်ဆောက်လုပ်မည့် တန်ဖိုးနည်းအိမ်ရာကိုးလုံးကို
လည်း ရှင်းလင်းတင်ပြခဲ့သည်။
Credit: စံတော်ချိန်