မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာတွေ အောက်တိုဘာလဆန်းမှာ သေချာပေါက် ရောင်းပေးတော့မယ်လို့ စည်ပင်ပြန်ပြော

မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာတွေ အောက်တိုဘာလဆန်းမှာ သေချာပေါက် ရောင်းပေးတော့မယ်လို့ စည်ပင်ပြန်ပြော - Property News in Myanmar from iMyanmarHouse.com
20 Aug 2014 2:00 pm တွင် တင်ခဲ့သည်
1127 ကြိမ် ကြည့်ရှု့ပြီး
ရောင်းချပေးတော့မယ်လို့ မကြာခဏသတင်းတွေ ထွက်ရှိနေတဲ့ မြရည်နန္ဒာ တန်ဖိုးနည်း အိမ်ရာစီမံကိန်းအတွင်း တိုက်ခန်းတွေကို လာမယ့် အောက်တိုဘာလဆန်းမှာ သေချာပေါက်ရောင်းချပေးတော့မှာ ဖြစ်တယ်လို့ မန္တလေး စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောပါတယ်။

မန္တလေးမြို့ရဲ့ ပထမဆုံးတန်ဖိုးနည်း အိမ်ရာစီမံကိန်းက တိုက်ခန်းတွေကို စိတ်ဝင်စားမှုများနေပေမဲ့ မန္တလေးတိုင်းအစိုး အဖွဲ့ရော မန္တလေးစည်ပင်ကပါ ဈေးနှုန်း ရောင်းချပေးမယ့် ပုံစံတွေကို အရင်က တိကျစွာ ထုတ်ပြန်တာမျိုး မရှိခဲ့ပါဘူး။

ယခုအခါ တိုက်ခန်းတွေကို တည်ဆောက်ပြီးစီးတာကြောင့် ရောင်းချဖို့ အတွက် စည်းကမ်းသတ်မှတ်ချက်တွေကို တိုင်းအစိုးရထံ တင်ပြထားပြီး လာမယ့် အောက်တိုဘာလဆန်းမှာ ရောင်းချမှာဖြစ်တယ်။

မြန်မာတွေက အိမ်ပြောင်းရွေ့တာကို သီတင်းကျွတ်မှ ပြောင်းရွေ့ တက်ကြတာ၊ အဲ့ဒါကြောင့် အောက်တိုဘာလဆန်းပိုင်းလောက်မှာ ရောင်းချမှာဖြစ်တယ် ' လို့ ဦးသက်နိုင်ထွန်းကပြောပါတယ်။

တန်ဖိုးနည်းအိမ်ရာ ရောင်းချဖို့ကတွက် စည်းမျဉ်း စည်းကမ်းတွေ၊ ရောင်းချမှုပုံစံတွေ တရားဝင် မထွက်သေးပေမဲ့ အကြမ်းဖျဉ်း အနေနဲ့ ကျပ်သိန်း ၁၀၀ အောက် ရောင်းချမှာဖြစ်ပြီး၊ ရောင်းမှား ဝယ်မှားဇြစ်ခဲ့သူတွေ၊ အငြိမ်းစားဝန်ထမ်းတွေကို ရောင်းချပေးမယ်လို့ သိရပါတယ်။

တိုက်ခန်းဝယ်ယူသူတွေကို ပိုင်ဆိုင်ခွင့်စာအုပ်ပေးမယ်၊ ငါးနှစ်အတွင်း ပြန်လည်ရောင်း ချခွင့် မရှိဘူး၊ ရောင်းချတယ်ဆိုရင် တိုက်ခန်းပြန်သိမ်းတာမျိုးတွေ ပြုလုပ်မယ် ' လို့ မန္တလေးစည်ပင်မှ ကော်မတီဝင်တစ်ဦးက ပြောပါတယ်။ ဒါပေမဲ့ ငါးနှစ်ကျော်လာပါက ပြန်လည်ရောင်းချခွင့်ရှိတယ်လို့ ဆိုပါတယ်။

မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာမှာ လေးခန်းတွဲ တိုက်ခန်း ၃၀လုံး၊ ရှစ်ခန်းတွဲ တိုက်ခန်း ၂၇လုံး ပါဝင်ပြီး အခန်းပေါင်း ၁၃၀၀ ကျော် ပါဝင်ပါတယ်။

Credit: shweproperty

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service