ဗြိတိန်အခြေစိုက်အိမ်ခြံမြေ ကုမ္ပဏီတစ်ခုဖြစ်သော Invesco Perpetual ၏ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းခွဲ Property Income Trust အနေဖြင့် ပိုင်ဆိုင်မှုအားလုံးကို ထုတ်ရောင်းရဖွယ်ရှိနေသည့် ရှယ်ယာရှင်များအနေဖြင့်လည်း အရှုံးပေါ်ရန်နီးစပ်နေပြီးဖြစ်ကြောင်း သိရသည်။ Invesco Perpetual ၏ အဆိုပါထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းခွဲ၏လက်အောက်တွင်ပေါင် ၁၄၈ သန်းတန်ဖိုးရှိ အိမ်ခြံမြေများရှိနေပြီး ၄င်းတို့အားလုံးကို ချေးငွေများထုတ်ပေးနိုင်ရန် ရောင်းချရတော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါကုမ္ပဏီအနေဖြင့် လာမည့်စက်တင်ဘာလ နောက်ဆုံးထား၍ ချေးငွေများထုတ်ပေးရတော့မည်ဖြစ်ပြီး ထိုအချိန်တွင်ရင်းနှီးမြှုပ်နှံသူရှယ်ယာရှင်များမှာ ၄င်းတို့၏ပိုင်ဆိုင်မှု ၁၀၀ ရာခိုင်နှုန်းအထိ လက်လွတ်ဆုံးရှုံးရတော့မည်ဖြစ်သည်။ Invesco Perpetual ၏အိမ်ခြံမြေထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းခွဲကို ၂၀၁၄ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင်ဈေးနှုန်းများကျဆင်းမှုနှင့် အရောင်းအဝယ်အေးစက်မှုကြောင့် အရှုံးပေါ်လျှက်ရှိနေသည်။
Credit: Shwesathtagan